Wednesday, October 3, 2012

နေပြည်တော်ပျဉ်းမနားမြို့နယ် ဥယျာဉ်စုအုပ်စု ဦးကျေးရွာနှင့် အိုးဖိုရွာရှိ အိမ်ခြေ၂၀၀ကို ကျူးကျော်အဖြစ် သတ်မှတ်ဖျက်သိမ်းသည့်အတွက် မိသားစု ၃၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေ PDF

DSC_0100
နေပြည်တော်ပျဉ်းမနားမြို့နယ် ဥယျာဉ်စုအုပ်စု ဦးကျေးရွာနှင့် အိုးဖိုရွာရှိ လူနေအိမ်ခြေ ၂၀၀ ကို ကျူးကျော်အဖြစ် သတ်မှတ်ဖျက်သိမ်းခဲ့ သည့်အတွက် မိသားစု ၃၀၀ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် ရခိုင်ဒေသလူထုအစည်းအဝေးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက် ၁၈ ချက်၊ အကြံပြုချက် သုံးချက်နှင့် ကန့်ကွက်ချက် ခြောက်ချက်တို့အား ဆုံးဖြတ်

စက်တင်ဘာ ၂၅ ရက်နေ့က ရသေ့တောင်မြို့တွင် ကျင်းပခဲ့သော ရခိုင်လူထုအစည်းအဝေးပွဲ မြင်ကွင်း
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စက်တင်ဘာ ၂၅၊ ၂၆ ရက် နေ့များက ကျင်းပခဲ့သည့် ရခိုင်ဒေသလူထု အစည်းအဝေးကြီးမှ နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် နိုင်ငံတော်အစိုးရသို့ တင်ပြ တောင်းဆိုချက် ၁၈ ချက်၊ ကန့်ကွက်ချက် ခြောက်ချက်နှင့် အကြံပြုချက် သုံးချက်ကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အစည်းအဝေးကြီးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်များတွင် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င် ခိုးဝင်သူများရှိနေ၍ ပင်လယ်ပြင်နှင့်နယ်စပ်အား လုံခြုံရေးကို အခိုင်အမာ တည်ဆောက်ပေးရန်၊ မြန်မာနိုင်ငံရှိ ဘင်္ဂါလီများ၏ လူဦးရေပေါက်ဖွားနှုန်းကို ထိန်းချုပ်နိုင်မည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် အပါအ၀င်တောင်းဆိုချက် ၁၈ ချက် တောင်းဆိုခဲ့သည်။

Tuesday, September 25, 2012

အဓိကရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် ဘင်္ဂါလီတွေတိုင်ပါတ်ပြီ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။
   


ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး  အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား  (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မွတ်စ်ကုလားကိုယူမိလို့ ဘဝကူးမကောင်းတဲ့ မိန်းခလေး (မြန်မာအမျိုးသမီးတွေ ဘာသာခြား ၇န်မှကင်းဝေးကြပါစေ)

From : သာနောင်
ငွေကိုကြိုက်လို့ ငွေနောက်လိုက်ရာကနေ ဘ၀ဆုံးရူံးသွားရတဲ့ အဖိုးတန်တဲ့ မြန်မာအမျိုးသမီးလေး တွေ အများကြီး ရှိပါတယ်။ငွေနောက်ကို ဘယ်မြန်မာမိန်းကလေးမှ မလိုက်ကြပါနဲ့။လူမျိုးခြားမွတ်ကုလား ကို ယူမိလို့ အခုလို အသေဆိုးနဲ့သေရတဲ့ မိန်းကလေးတွေ အဖြစ်ဆိုးမျိုးတွေဟာ တကြိမ်တခါထဲတင်မဟုတ်တော့ဘဲ ရေတွက်လို့ မရအောင်ကို များပြားနေပါပြီ...မြန်မာနိုင်ငံမှာ တင်မဟုတ်ဘဲ နိုင်ငံတိုင်းတာ ဒုနဲ့ဒေး ဖြစ်နေတာပါ.
 

ကျက်သရေမရှိမြန်မာအထီးကောင်နှင့် ဂန်ဒူးမမ မဂ်လာဆောင်ခြင်း

မြန်မာအမျိုးသား ၂ ဦး လက်ထပ် မင်္ဂလာဆောင်ကြသတဲ့ ဗျာ ဘယ်လိုဘယ်လူတွေလည်းမသိပါဘူး

မိမိလူမျိုးကိုချစ်တာတော့ မှန်ပါတယ်...အား---စိတ်လေတယ်--ကိုယ့် ဘာသာဆက်ဖတ်ပေတော့ 

ဗျို့  

ခါးသက်လှသည့်ဘဝများပုံ

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ကျူးကျော်နေအိမ်များဟုသတ်မှတ်ခြင်းခံထားရသူများမှ ရဲတပ်ဖွဲ့ဝင် များ အား ရှိခိုးတောင်းပန်နေသည်ကိုတွေ့ရစဉ်. — 
 

အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်၊ ဦးဆောင်လှုပ်ရှားသူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူမည်ဟု သိရ

စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုကို တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင် လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးမြင့်ထွေးက ''ဒီနေ့ဖြစ်သွားခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်မှာ ကျွန်တော်တို့က စီတန်းလှည့်လည်ရင် ဖြတ်သန်းမယ့် မြို့နယ်များတယ်၊ လမ်းကြောင်းလည်း ရှည်တယ် လူဦးရေလည်းများတော့ လမ်းပိတ်ဆို့မှုတွေဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ငြင်းပယ်ခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းစွာ လျှောက်တဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းက တားဆီးမှုတွေ ပြုလုပ်ဆောင်ခဲ့ပေမယ့် သူတို့က လူစုမခွဲဘဲ ဆက်ပြီးတော့ လျှောက်တယ်။ အဲဒီလို လွှတ်တော်ကအတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို ဥပဒေနှင့်အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။ ဥပဒေရဲ့အပေါ်မှာ ဘာမှမရှိနိုင်ဘူး''ဟု ပြောကြားခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုမြင်ကွင်းတစ်ခုကို တွေ့ရစဉ်
''ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူသားအားလုံးကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းစွာ ရှိနေဖို့အတွက် ဥပဒေဘောင်ထဲ ကနေ စောင့်ရှောက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ ငြင်းပယ်တာကို အယူခံဝင်လို့ ရပါတယ်။ ဒါပေမယ့်သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျှောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့အညီ မဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့သူတွေကို အရေးယူတာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ဖောက်ဖျက် တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်မှူးတွေက စီတန်းလှည်လည်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ ပါဝင်တဲ့သူတွေကို ပုဒ်မ ၁၈ အရ အရေးယူဖို့ ဆောင်ရွက်သွားမှာပါ''ဟု ရဲမှူးမြင့်ထွေးက ဆက်လက်ပြောကြားခဲ့ပါသည်။

ဒါပေမယ့် သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့ အညီမဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့သူတွေကို အရေးယူတာမဟုတ်ပါဘူး  . . .
ထိုသို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည့်အကြောင်းအရာနှင့် ပတ်သက်၍ အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်နော်လှလှစိုးက ''ကျွန်မတို့ လုပ်ဆောင်တာအားလုံးက တရားဥပဒေဘောင်အတွင်းက လုပ်ဆောင်ခဲ့တာပါ။ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားတဲ့အခါမှာ သက်ဆိုင်ရာက လိုအပ်မှုရှိတယ် ခွင့်မပြုနိုင်ဘူးဆိုပြီး အကြောင်းကြားစာရရှိခဲ့တိုင်း စဉ်ဆက်မပြတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မတို့ ပြုလုပ်ဖို့ တင်ပြထားတဲ့ အချိန်ကို ခွင့်ပြု ချက်မရရှိလို့ အခုလိုမျိုး ဖြစ်ရတာပါ။ ငြိမ်းချမ်းရေးရရှိဖို့ လုပ်ဆောင်မှုတွေ ဒီခေတ်ဒီအခါမှာ အမှန်တကယ် လိုအပ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့ ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတော် ရဲ့ပေါ်လစီကို ကျွန်မတို့ နိုင်ငံသားတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ်ဆောင်တာပါ။ ဒီလိုမျိုး လုပ်ဆောင်လို့ ဥပဒေနဲ့ အရေးယူမှုတွေ ပြုလုပ်မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်မှေးမှိန်သွားမှာကိုတော့ စိုးရိမ်မိပါတယ်''ဟု ပြောပြခဲ့ ပါသည်။

ရန်ကုန်မြို့ တစ်ပြေးညီဖွံ့ဖြိုးစေရန် မရမ်းကုန်းမြို့နယ် မင်းဓမ္မ၊ ဖွံ့ဖြိုးရေး စီမံကိန်းအပါအ၀င် ဒုတိယဗဟိုစီးပွားရေဇုန်ငါးခု တည်ဆောက်မည်

မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း လျာထားပုံစံအကြမ်းအား တွေ့ရစဉ်
ရန်ကုန်မြို့ကြီး တစ်ပြေးညီ ဖွံ့ဖြိုးစေရန် ဗဟိုစီးပွားရေးဇုန်များ ဖော်ထုတ်ရန် လိုအပ်နေကြောင်း ထောက်ပြထားပြီး ရန်ကုန်တိုင်းအတွင်း ဒုတိယဗဟိုစီးပွားရေးဇုန် (Secondary Central Business District) ငါးခုကို တည်ဆောက် သွားမည့်စီမံကိန်းများရှိနေသည်ဟု  ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်း Conceptual Plan တင်ပြချက်မှ သိရသည်။
ရန်ကုန်မြို့တော် လက်ရှိ CBD-Central Business District ၏ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ကိုးသောင်းကျော်ရှိနေပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဦးရေမှာ နှစ်သန်းခန့် ရှိနေသည်ဟု သိရသည်။
အဆိုပါဦးရေ၏ ၄၀ ရာခိုင်နှုန်း(ရှစ်သိန်း)ခန့်မှာ CBD သို့ နေ့စဉ် သွားရောက်လုပ်ကိုင်နေရသဖြင့် လူဦးရေနှင့် ဆိုင်ခန်းသိပ်သည်းမှု၊ ယာဉ်သွားလာရေး ကျပ်တည်းမှုများ ကြုံတွေ့နေရခြင်းကို လျော့ချရန် ဒုတိယဗဟိုစီးပွားရေးဇုန် များ ပေါ်ပေါက်ရန်လိုအပ်လာသည်ဟု စီမံကိန်းတင်ပြချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနေပြီဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရုံးခန်းလိုအပ်ချက်များ မြင့်မားလာနေသည်ဟု စီးပွားရေးအသိုက်အ၀န်းမှ သိရသည်။ ရန်ကုန်မြို့တော်အတွင်း မြေအသုံးချမှုများတွင် ဗဟိုစီးပွားရေးဇုန်များအတွက် အသုံးချမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။
ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်းများကို မင်းဓမ္မလမ်းပေါ်ရှိ ၁၃၅ ဧကခန့် အကျယ်ရှိသည့် မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၂၀ ခန့်ရှိ ၈ မိုင်လမ်းဆုံ မြိုင်ဟေ၀န် ဖွံ့ဖြိုးရေးစီမံကိန်း၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ အကျယ်အ၀န်းဧက ၁၉ ဒသမ ၆ ဧကရှိ ဂန္ဓမာဖွံ့ဖြိုးရေးစီမံကိန်း၊ ၅၀ ဒသမ ၃ ဧကအကျယ်ရှိ ကျောက်ရေတွင်း ဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၈၀၀ ခန့် အကျယ်ရှိ ခရေဖွံ့ဖြိုးရေးစီမံကိန်းများရှိနေသည်ဟု အဆိုပါတင်ပြချက်အရ သိရသည်။
အဆိုပါ CBD များတွင် ကွန်ဒိုတိုက်ခန်းများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ လျှပ်စစ်စင်တာ၊ ကျောင်း၊ အိမ်ရာများနှင့် ခန်းမပါရှိရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားမှုများလည်း မြင့်မားလျက်ရှိပြီး အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်စသော နိုင်ငံများမှ လာရောက်လေ့လာမှုများ ရှိနေကြောင်းလည်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်မည့် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း''အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အ ဆိုပါစီမံကိန်းမှ အကြံပေးပညာရှင် ဒေါက်တာကျော်လတ်က စက်တင်ဘာလ၊ တတိယပတ်အတွင်းက ပြောကြားခဲ့သည်။

Friday, September 21, 2012

အမေရိကန်၏ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု လျှော့ပေးရေးကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ


မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များ တုံ့ပြန်မှုအပြင် မကြာမီက နိုင်ငံရေး အကျဉ်းသား ၉၀ ကျော် ကို ထပ်မံ လွှတ်ပေးခဲ့မှုများကြောင့် မြန်မာနိုင်ငံ အပေါ် ကျန်ရှိနေသေး သည့် စီးပွားရေးပိတ်ဆို့ မှုများ လျှော့ပေါ့ပေးရန် အမေရိကန်အစိုးရက ပြင်ဆင်နေမှုကို လတ်တလော အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက် အား ထောက်ခံကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စဟီလာရီ ကလင်တန်နှင့် ၀ါရှင်တန်မြို့၌ တွေ့ဆုံမှုအပြီး ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စုသို့ စက်တင် ဘာလ ၁၆ ရက်နေ့က ထွက်ခွာသွားခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်ပေါင်း ၂၄ နှစ် ကာလအတွင်း တတိယမြောက် ပြည်ပ ခရီးစဉ် လည်းဖြစ်သည်။

နိုင်ငံပိုင်တရားရုံးအဆောက်အအုံများကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခြင်းကို ရှေ့နေများကွန်ရက် အဖွဲ့မှ တရားဝင်ကန့်ကွက်


ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ ရန်ကုန်တိုင်းစုပေါင်း တိုင်း တရားရုံးကို လွန်ခဲ့သည့် သီတင်းပတ်ကတွေ့ရစဉ်။
ဓာတ်ပုံ- လွင်ကိုတိတ်
မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အဖွဲ့မှ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် လက်ရာ အဆောက်အအုံနှစ်ခုဖြစ်သော ပန်းဆိုး တန်းလမ်းနှင့် မဟာ ဗန္ဓုလပန်းခြံလမ်း ထောင့်ရှိ High Court တရားရုံးနှင့် ကမ်းနားလမ်း နှင့် ဘဏ်လမ်းထောင့်တွင် ရှိသော စမောလ်ကုတ်တရားရုံးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်း လုပ်ကိုင်စေတော့မည်ဟု ကြား သိနေရခြင်းကို တရားဝင်ကန့်ကွက်ခြင်း၊ သို့မဟုတ် တရားဥပဒေလမ်း ကြောင်း အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေ့နေများကွန်ရက် အဖွဲ့တွင် ပါဝင်ဆောင်ရွက်နေပြီး တရားလွှတ်တော် ရှေ့နေတစ်ဦး လည်း ဖြစ်သည့် ဦးကိုနီ က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါအဆောက်အအုံနှစ်ခုအနက် ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်ရှိ High Court တရားရုံးမှာ ပြတိုက်အဖြစ်ပြောင်းလဲ လုပ်ကိုင် မည်ဟု သိရှိရပြီး ကမ်းနားလမ်းနှင့် ဘဏ် လမ်းထောင့်တွင်ရှိ သော ရန်ကုန်အရှေ့၊ အနောက်ခရိုင် စုပေါင်းတိုင်းတရားရုံး၊ အင်္ဂလိပ် အခေါ် စမောလ်ကုတ် တရားရုံး မှာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် အတွက်ဖြစ်သည်ဟု သိရသည်။

ဒုံးလက်နက်ဝယ်ယူရန် ကကဝယ်အား ရုရှားသို့ စေလွှတ်

ရုရှားနိုင်ငံမှ ဒုံးလက်နက်ဝယ်ယူရန်အတွက် ကကဝယ် မှ ဗိုလ်ချုပ်ဇာနည်ဝင်း အား မြန်မာ့ကာကွယ်ရေးက စေလွှတ်ထားကြောင်း သံတမန် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
၂၀၀၈ ခုနှဏ်အစောပိုင်းက ရန်ကုန်လေဆိပ်၌တွေ့ရသော MiG-29 2711 
ဒုံးလေယာဉ်

၂၀၀၈ ခုနှစ်အစောပိုင်းက ရန်ကုန်လေဆိပ်၌တွေ့ရသော MiG-29 2711 ဒုံးလေယာဉ်
 “ဗိုလ်ချုပ်ဇာနည်ဝင်းက ကကဝယ် ကလေ။ ကာကွယ်ရေး လက်နက်ဝယ်ယူရေးဌာနက အကြီးအကဲပေါ့။ ဩဂတ်စ် ၂၂ ရက်တုန်းက စေလွှတ်တယ်” - ဟု အဆိုပါ သံတမန်တဦးက ပြောပါသည်။
အဆိုပါ ဝယ်ယူမည့် ဒုံးလက်နက်များအား မည်သည့်အမျိုးအစားဝယ်ယူမည်ကို မသိသော်ငြားလည်း (၄) လ တကြိမ် ရုရှားမှ သယ်ယူရန် လေယာဉ်စေလွှတ်မည်ဖြစ်ကြောင်းလည်း ပြောပါသည်။“အဲဒီလက်နက်တွေ ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ စစ်ဖြစ်မှာလဲ။ တိုင်းရင်းသားတွေကိုဘဲ ပစ်မှာပေါ့။ အရင်တုန်း က ဗမာပြည် ကွန်မြူနစ်ပါတီကိုဘဲတိုက်ရတာ။ မော်စီတုန်းမရှိတဲ့နောက်ပိုင်း နိုင်ငံခြားထောက်ပံ့တဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ဖို့လဲမရှိ တော့ဘူးဘဲ” - ဟု   ပြောပါသည်။

ရန်သူမှ ရှမ်;မြောက် ကို စစ်ဆင်ရေးတိုးမြင့်(သျှမ်းသံတော်ဆင့် )မှကူးယူတင်ပြပါသည်.။

အပစ်ရပ် SSA (တပ်မဟာ ၁) ဌာနချုပ်သို့ နအဖတပ်များ ချဉ်းကပ်


ယခုလလယ်ပိုင်း အမည်မသိလက်နက်ကိုင်တစုက နအဖ စစ်တပ်အရာရှိနှင့် ပုလိပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပိုင်း အပစ်ရပ်သျှမ်းပြည်တပ်မတော် ဌာနချုပ်ဝမ့်ဟိုင်းအနီးသို့ မြန်မာစစ်တပ်များအင်အားတိုးဖြည့် လှုပ်ရှားချဉ်းကပ် လာနေကြောင်း စုံစမ်းသိရှိရပါသည်။

“လွယ်လင်အခြေစိုက် ခလရ ၉ က အင်အား ၈၀ နဲ့ ၀မ့်ဟိုင်း တောင်ဘက်ခြမ်း မိုင်းနန်း ကျေးရွာ အုပ်စုဝင် ၀မ့်ဇါတ် ဂျူတောင်းကျေးရွာဘက်မှာ ချဉ်းကပ်လာတာ” ဟု နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

ကျေးသီးအခြေစိုက် ခလရ ၁၃၁ ကလည်း အင်အား ၆၀ ဖြင့် မိုင်းကောဝ် (၀မ့်ဟိုင်းအရှေ့မြောက် ဘက်) မှ နောင်ဆွမ်း ပန်ယိမ်း ပန်မုန့်ရွာဘက်သို့ လှုပ်ရှားနေကြောင်းဆက်၍ပြောပြပါသည်။
“အဲဒီတပ်တွေအပြင် ပန်စေရွာဘက်ကနေ ကတ်ဝိန်းကျေးရွာအုပ်စု (ကျေးရွာ ၅ ရွာဘက်) လှုပ်ရှားနေတဲ့စစ်ကြောင်းတခုက လဲ ဘယ်ရွာရောက်ရောက် ယူချင်တာတွေအကုန်ယူပဲ၊ ဗမာစကားမပြော တတ်တဲ့ ရွာသားတွေကို ရိုက်နှက်ကန်ကျောက် တယ်”- ဟု လားရှိုးရောက် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါသည်။

Thursday, September 20, 2012

မောင်တောမြို့ပေါ်မှ ဒုက္ခသည်များကို နေရပ်ပြန်ပို့

သတင်း - နိရဉ္စရာ သတင်းဌာန 
narinjara-201 
 ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းမှုအတွင်း နေအိမ်များ မီးရှို့ခံရသည့် အ တွက် မောင်တောမြို့ပေါ်တွင် လာရောက်ခိုလှုံနေကြသည့် ဒုက္ခသည်များကို မကြာသေးမီက နေ ရပ်ကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ဆရာတော် မဏိသာရ ပြောကြားသည်။

လူကုန်ကူးမှု လူထုဟောပြောပွဲ ပထမဆုံးအကြိမ် ကျင်းပ

သတင်း - ကန္တာရ၀တီတိုင်း(မ်) 
လူကုန်ကူးမူ တားဆီးရေးအတွက် အခမ်းအနား(၁) (ဓါတ်ပုံ-ကေတီ)
                       လူကုန်ကူးမူ တားဆီးရေးအတွက် အခမ်းအနား(၁) (ဓါတ်ပုံ-ကေတီ)
 လူကုန်ကူးမှု ကာကွယ်တားဆီးရေး လူထုဟောပြောပွဲကို ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ မြိုတော်ခန်းမတွင် ပထမဆုံးအကြိမ် အခမ်းအနားကျင်းပပြုလုပ် သွားပါတယ်။

မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွှဲမှားနေ

သျှမ်းသံတော်ဆင့်သတင်း 
naw-kham_in_China ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍  စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်ငံပိုင် CCTV ဘာသာပြန် ထုတ်လွှင့်မှုမှာ လွှဲမှားနေကြောင်း သိရှိရပါသည်။


KIA အပေါ်ကျင့်သုံးနေသော ဖြတ်လေးဖြတ် စစ်ဆင်ရေးထဲက လူထုအားတိုက်ခိုက်ခြင်း

ရွှေဟင်္သာ သတင်းဌာန 
 ဆေးရုံသို့ ရောက်ရှိ နေသော ရဲဘော် များအား ကာချုပ် အားပေး နေစဉ် (ဓါတ်ပုံ - မြဝတီ) ဆေးရုံသို့ ရောက်ရှိ နေသော ရဲဘော် များအား ကာချုပ် အားပေး နေစဉ် (ဓါတ်ပုံ - မြဝတီ)

ဆက်ကြေးများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော

သတင်း - မဇ္ဈိမသတင်းဌာန 
မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေးကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည်များ ဈေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး ဆက်ကြေးနှုန်းထား အနိမ့်၊ အမြင့်ရှိသလို မလိုလားအပ်သည့် ကုန်ကျစရိတ်များ လည်း ရှိနေသည့်အတွက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အိန္ဒိယ ကုန်စည်များ ဈေးကွက်မထိုးဖောက်နိုင်ကြောင်း နယ်စပ်ကုန်သည်များ အသင်းဝင် ကုန်သည်ကြီးတဦး က ပြောသည်။ 

စရဖ နှင့် စစ်ကြောင်း၏ ညှဉ်းပန်းမှု သမ္မတထံ မိသားစု တိုင်ကြား

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ကချင် စစ်ပြေးဒုက္ခသည် နှစ်ဦးအား အစိုးရ စစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)တို့က မတရား ညှဉ်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဖော်ထုတ် အရေးယူပေးရန် ကြာသပတေးနေ့ နံနက်က သမ္မတ ဦးသိန်းစိန် ထံ လိပ်မူ၍ မိသားစုဝင်များက တိုင်ကြားလိုက်သည်။

Tuesday, September 18, 2012

Blog တစ်ခုရေးတော့မယ် ဆိုရင်...

Blog မလုပ်ခင် အရင်စဉ်းစားပါ

Blog ရေးတာ အိမ်ဆောက်တာနဲ့ တူပါတယ်။ အိမ်သာတော့ ဧည့်လာတယ်ဆိုတော့လည်း ကိုယ့်အိမ် လေးကို လူတွေအလာများအောင် နည်းအမျိုးမျိုးနဲ့ လှအောင်ပအောင် စုံလင်အောင် ရေးကြ၊ ဖိတ်ကြ တာပါပဲ။ ကိုယ့် blog လေးကို လူအလာများရင် ရလာတဲ့ ပီတိကိုတော့ blogger တိုင်း သိကြမှာပါ။ blogger မဟုတ်တဲ့သူတွေ ကျတော့လည်း ဟိုအိမ်သွားလည်၊ ဒီအိမ်သွားလည်နဲ့ ခြေတွေလည်း အတော်ညောင်း ကြတာပေါ့လေ။ အများအားဖြင့် Blog တွေဖတ်တာများလာရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် Blog လေးတစ်ခုလောက်တော့ ရေးချင်စိတ်ပေါ်လာကြတာပါပဲ။ ဒါပေမဲ့ Blog ရေးတာဟာ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ သိရင် နည်းနည်းလေးများ လက်တွန့်သွားကြမလားပဲ။

proxy များနှင့် ကျော်ခွခြင်း...

ကိုကို၇ဲဆီမှကူးယူတင်ပြအပ်ပါသည်..........။

Mozilla Firefox လေးလဲရှိနေတယ်ဆိုရင် Phproxy လေးသုံးကြတာပေါ့။ Size က 110 KB လေးပဲလေ။ Dialup ကနေဖြစ်ဖြစ် ယူလို့လွယ်ပါတယ်။  Install လုပ် Firefox ကို Restart ချပြီးရင် အောက်က Status Bar က P ပုံစံလေးကို Right Click လေးနဲ့ Option ကိုဝင Proxy Setup မှာ http://www.proxy2net.com လေးထည့် Apply လေး Ok လေးလုပ်။ ပြီးရင် နောက်ပိုင်း တောက်လျှောက် သက်သာပြီမှတ်။ ကျော်ချင်တဲ့ဆိုက်ဆိုမှ အဲဒP ပုံလေးကို Click လိုက်ရုံပဲဗျို့။

အပေါ်ကလိပ်စာမှာ PH:: ဆိုတာလေး ထပ်ပေါ်လာမယ်။ နောက်က Original Address ကိုပြပေး သဗျ။


နောက် Right Click ရဲ့ Popup မှာ Phproxy နဲ့သွားမလား Original Link ကိုသွားမလားလဲ မေး တယ်။ Download လဲ ထို့နည်းလည်းကောင်းပဲ။ တော်တော်လေး သက်သာသွားတာပေါ့ဗျာ။


နောက်တစ်နည်းကတော့ အင်း ဘယ်လိုခေါ်မလဲပေါ့လေ တစ်ခုတော့ရှိတာပေါ့ ဘာလဲဆိုတော့ ဟိုဟာလေ ဟိုဒင်း MBS က Post သုံးဆယ်ကျော်မှာတဲ့ဗျ။ နောက်ပိုင်း ဆရာကြီးတွေဆိုရင် ၃၀၀၀ ကျော် မှဆိုပြီး လာရင်လာမှာ အခုကတည်းက Post တွေခွဲရေးထားမှ။ :D နောက်တာပါ ရှုပ်ကုန်မှာဆိုးလို့ ခွဲရေးလိုက်မယ်။ သူကတော့ www.Your-Freedom.netို့ UltraSurf တို့ရှိမှ ရပါတယ်။ သို့သော် ပိုပြီးကောင်းမွန်ပါတယ်။ Proxy-2 ပေါ့ဗျာ။ လာမည် အခုလာမည် တော်ကြာလာမည် လာချင်မှလည်း လာမည် မလာချင်လည်းမလာတော့ပါ။


အဆင်ပြေကြပါစေ

{Hacking ဆိုင်ရာ Post များ}

Video တွေကြည့်ပြီးစိတ်ကူးယဉ်မိသူလို့ကဲ့ရဲ့ ချင်ကဲ့ရဲ့ နိုင်ကြပါတယ်... ဒါပေမယ့် Hacker ဆိုတာကိုတော့ စိတ်ဝင်စားမိပြန်သေးတယ်(ဘာမှမတတ်ပေမယ့်) ။ လိုက်ရှာတယ်။တွေ့တယ် ဘာတွေမှန်းမသိဘူး။ မေးစရာလဲလူမရှိဘူး ။ အဲ့ဒီ့တော့ တနေ့နေ့တချိန်ချိန် လက်တွေ့စမ်းသပ်နိုင်အောင်လို့ Post တွေထပ်စုခဲ့ပါတယ် {Video တွေလဲ ပါသေးတယ်ဗျ}


အားလုံးအဆင်ပြေကြပါစေ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များအားလုံးကို ရိုသေစွာဂါဝရ ပြုလျှက် ....

 /မောင်ဇော်မင်းအောင်   ထံမှကူးယူတင်ပြပါတယ်ခင်ဗျာ.................။

Thursday, September 13, 2012

ံHaking အသေးစားနည်းပညာ

Hacking စိတ်ဝင်စားသူတွေအတွက် လက်ဆောင် တစ်ခုပေးချင်တယ်။ သိပြီးသားလူတွေလည်း ပါပါ လိမ့်မယ်။ အားစိုက်ထုတ်စရာ မလိုပဲ သူများရဲ့ security တွေလိုချင်သူတွေအတွက် တော်တော်ကို မိုက်ပါတယ်။ USB thief တဲ့

Friday, September 7, 2012

လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် မီးလောင်ကျွမ်းနေ


ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မော်တင် (၁) လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ် အရောင်းဆိုင်တွင် ယနေ့နေ့လည် ၂နာရီ၃၀မိနစ် ၀န်းကျင် ခန့်က

စက်မှုဇုန်(၃)ခုတွင် အလုပ်သမား ဆန္ဒပြမှုများ တစ်ပြိုင်တည်းဖြစ်ပေါ်


ရန်ကုန်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ စက် မှုဇုန်(၃)ခု၌ ယနေ့မနက်မှ စတင်ကာ အလုပ်သမား ဆန္ဒပြမှုများ တပြိုင်တည်း ဖြစ်ပေါ် နေကြောင်း သိရသည်။

ယင်းဆန္ဒပြမှုဖြစ်စဉ် များသည် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ် ကမ်းမြို့နယ်တို့တွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။ စာချုပ်ပါ အချက်များကို

လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ တောင်သူများစက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့် ညောင်ပင်ကြီး -ပုလဲ လမ်းဆုံ အနီး မြန်မာ -ဝမ်ဘိုရုံး အနောက်မြောက်ဘက်ထောင့်၌ အခေါင်း ၃ လုံး ပြုလုပ်မီးရှို့ ကာ ဆန္ဒဖော်ထုတ်ခဲ့



မုံရွာခ၇ိုင် လက်ပံတောင်းတောင် စီမံကိန်း အတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ  တောင်သူများက စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့်  ညောင်ပင်ကြီး -ပုလဲ လမ်းဆုံအနီး မြန်မာ -ဝမ်ဘို ရုံး အနောက်မြောက်ဘက်ထောင့်၌ အခေါင်း ၃ လုံး ပြုလုပ်မီးရှို့  ကာ

မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း

Friday, 07 September 2012 11:47


မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် 

ဒေါနတောင်ပေါ်လမ်း ချောက်ကမ်းပါး လမ်းနှုတ်ခမ်းသားပြိုကျခြင်းကြောင့် ကုန်တင်ယာဉ်ကြီးများ သွားလာခြင်းကို ယာယီပိတ်ထားကြောင်း သိရ

                Friday, 07 September 2012 16:41 
မြ၀တီဒေါန တောင်ကျော်လမ်း ပြိုကျခဲ့သည့် ချောက်ကမ်းပါးနေရာကို ပြန်လည်ပြုပြင်နေစဉ်
မြ၀တီနယ်စပ်ကုန်သွယ်လမ်း ဒေါနတောင်ပေါ်ရှိ ချောက်ကမ်းပါး လမ်းကျဉ်းနေရာ လမ်းနှုတ်ခမ်းသား ပြိုကျခြင်းကြောင့်

မန္တလေး-ဂန့်ဂေါ-ကလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်အစီးရေ ၁၀၀ နီးပါး သွားလာမှု ရပ်ဆိုင်းထားရ

Friday, 07 September 2012 17:25

    
ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်အချို့ ချောင်းအတွင်း ပိတ်မိနေသည်ကို စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
မန္တလေး-ပခုက္ကူ-စလင်း-ဂန့်ဂေါ-ကလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ 

Thursday, September 6, 2012

Blog Slider လုပ်နည်း

Blog Slider လုပ်နည်း

တစ်နေ့သ၌ ကျွန်ုပ်သည် အင်တာနက်တွင် ဘလော့နှင့် ပတ်သက်၍ Slider လုပ်နည်းတစ်ခုကို တွေ့မိ၍ ကျွန်ုပ်၏ ဘလော့တွင် စမ်းသပ်ကြည့်ရာ အလွယ်တကူပင် လုပ်လိုရလေသည်။ သို့ကြောင့် တစ်ခြား ဘလော့များတွင်လည်း ထိုသို့ ပြုလုပ်နိုင်အောင် အောက်ပါအတိုင်း ရေးသားဖော်ပြအပ်ပေသည်။


၁) Blog မှ Design ကို သွားပါ။
၂) Add a Gadget ကို နှိပ်ပါ။ Popular Posts ကို နှိပ်ပါ။ Save လုပ်ပါ။
၃) အဆိုပါ Popular Posts ကို Header အောက်သို့ ဖိရွှေ့လိုက်ပါ။
၎) ယခု ဖိုင်ကို Download လုပ်ယူပြီး ဖိုင်ထဲရှိ ကုဒ်များကို Copy လုပ်ပါ။
၅) Add a Gadget ကို နှိပ်ပါ။ HTML/JavaScript ကိုနှိပ်ပါ။
၆) စောစောပိုင်းက Copy ယူထားသော ကုဒ်များကို Past ချလိုက်ပါ။ Save လုပ်ပါ။

ဒါဆိုရင် ဘလော့တွင် လူကြိုက်အများဆုံး ပို့စ်များသည် ကျွန်ုပ်၏ ဘလော့တွင် ပေါ်နေသလို ပေါ်နေလိမ့်မည်။ အားနည်းချက်သည် update post များကို လုပ်ပေးခြင်းမဟုတ်ပဲ လူကြိုက် အများဆုံးပို့စ်များ ကိုသာ ဖော်ပြပေးခြင်း ဖြစ်၏။

အင်တာနက် 20 % လောက် ပိုမြန်စေချင်ရင်

အင်တာနက် 20 % လောက် ပိုမြန်စေချင်ရင်

မြန်မာနိုင်ငံရဲ့ နှေးကွေးလှတဲ့ အင်တာနက် ကွန်နက်ရှင်ကို ပိုမိုမြန်ဆန်စွာ သုံးချင်ကြတာ လူတိုင်းအားလုံးပါပဲ။ ဒီတော့ ဆက်သွယ်ရေးက မြန်အောင်မလုပ်ပေးတော့ မိမိတို့ဘာသာ မြန်အောင် နည်းလမ်းတွေ ရှာဖွေရပါတယ်။ ယခု နည်းလမ်းကတော့ ၂၀ ရာခိုင်နှုန်းလောက်တော့ မြန်လာနိုင်ဖွယ် ရှိပါတယ်။ ပြုလုပ်ကြည့်ပါ။

1. Start Menu--->> Click Run ကိုရွေးပါ။
2. Type gpedit.ms c ရိုက်ပါ။
3. Enter ခေါက်ပါ။
4. ဘယ်ဘက်ခြမ်းက Computer Configura tion ကို Expand လုပ်ပါ။
၅. Administr ative Templates ကို Expand လုပ်ပါ။
၆. Network ကို Expand လုပ်ပါ။
၇. Qos Packet Scheduler ကိုရွေးပါ။
၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservabl e Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
၉. Limit Reservabl e Bandwidth Propertie s box မှာ Enableoption ကိုရွေးပါ။
၁၀. Bandwidth Limit [%] box မှာ 0% ပြောင်းပြီး okနှိပ်ထွက်ပါ။
၁၁. Restart ချလိုက်ပါ။

Wednesday, September 5, 2012

ရခိုင်လှုမျိုးရေးဘာသာရေးဖိနိပ်မှု့ လက်သည်တရားခံရှာတွေ့ ပြီ

 
 From : Tharthar Thartharlay

ယခုပြသနာအစသည်ကားရှေ့ဦးစွာစတင်ခဲ့သည်မှာ ရခိုင်ပြည်နယ်ခွဲထွက်ရေးလိုလားသော အစွန်းရောက်ရခိုင်ပါတီ(RNDP)မှအ၀ကျွန်းသားရခိုင်ဘင်္ဂလီဦးအေးမောင်နှင့်၎င်းတို့လူများကြောင့်ဖြစ်သည်။
(၁)စတင်ပုံ အခွင့်အရေးအနည်းငယ်ရသည်နှင့်

ရခိုင်ပြည်မှထွက်သော ရေနံနှင့်သဘာဝဓါတ်ငွေများကို

Thursday, August 23, 2012

မူဆလင်တွေ ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်ပွား

မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က မူဆလင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Lucknow မြို့ ဗလီတစ်ခုကနေ သောကြာနေ့ ၀တ်ပြုအပြီး ထွက်လာကြတဲ့ လူ (၅၀) လောက်ပါဝင်တဲ့ လူအုပ်ဟာ ဗုဒ္ဓပန်းခြံအထိ စီတန်းလမ်းလျှောက်ခဲ့ကြပြီး ပန်းခြံအရောက်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ပန်းခြံအနီးက ကားတွေ မှန်တွေကွဲပြီး ကားတချို့ မီးရှို့ ခံခဲ့ရပါတယ်။ ပန်းခြံထဲက ဈေးဆိုင်တွေနဲ့ အဆောက်အဦးတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အကြမ်းဖက်သူတွေက သတင်းထောက်တွေကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် ဓာတ်ပုံသတင်းထောက် (၂၀) လောက် ဒဏ်ရာရခဲ့ပြီး နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
လမ်းတွေပေါ်မှာ လူတွေထောင်ချီပြီး များပြားလာတော့မှ ရဲတပ်ဖွဲ့က လူစုခွဲလိုက်ရတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲကို အစ္စလာမ်ဘာသာရေးအဖွဲ့ ဂိုဏ်းခွဲတစ်ခုက ဦးဆောင်ခဲ့တာ ဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ လုပ်ခဲ့သူတွေဟာ မိမိတို့မဟုတ်ကြောင်း ဂိုဏ်းခေါင်းဆောင်က ပြောပါတယ်။
အလားတူ ကက်ရှ်မီးယားပြည်နယ် ဆရိနဂါမြို့မှာလည်း ထင်ရှားတဲ့ အစ္စလာမ်အမျိုးသမီး အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဖိနှိပ်ခံနေရတဲ့ မူဆလင်တွေ ကက်ရှ်မီးယားကို လာကြပါစေ သူတို့အတွက် မိမိတို့ တံခါးဖွင့်ထားပါတယ်လို့ ဆန္ဒပြခေါင်းဆောင်က ပြောပါတယ်။

မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ

ထိုင်း မလေးရှားနယ်စပ် ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား (၃) ဦး ညဆိုင်း အလုပ်ကနေ အဆောင်အပြန်မှာ ဆိုင်ကယ်စီး သေနတ်သမားတွေက ဒီကနေ့ မနက် ၃ နာရီ ၄၅ မိနစ် လောက် မှာ သေနတ်နဲ့ ပစ်ခတ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
AFP
ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
သေနတ်သမားတွေ ပစ်ခတ်လို့ ကျည်ဆန် ထိမှန်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အသက် (၂၆) နှစ်အရွယ် စံပယ်ဖြူ (ခေါ်) မအိစန်နဲ့ အသက် (၂၈) နှစ် အရွယ် ကိုအောင် (ခေါ်) ကိုအောင်သက်ဖြိုးတို့ နှစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ထွန်းကတော့ ဆုံခရာ ဆေးရုံကြီးမှာ သေနတ်ဒဏ်ရာကို ဆေးဝါးကုသ နေရတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီး သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရရာသူတွေရဲ့ နောက်ဆုံး အခြေအနေကို CPF ပုစွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား ကိုထွန်းက အခုလို ပြောပြပါတယ်။
"ဆိုင်ကယ်တစ်စီးမှာ လူနှစ်ယောက်နဲ့ သေနတ်အတိုနဲ့ ပစ်သွားတာ ကျည်စုစုပေါင်း (၆) တောင့် (၇) တောင့်လောက် သုံးသွားတယ်။ ကောင်မလေးကတော့ အနီးကပ်ကို ပစ်သတ်ခံရတာ။ သေနတ်မှန်တာ ဗိုက်မှာ ဒဏ်ရာတစ်ချက်၊ နောက်တစ်ယောက် ကိုအောင်ဆိုတဲ့လူက ဗိုက်မှာ ၂ ချက် မှန်ပြီးတော့ သေတာ။ နောက်တစ်ယောက် ခင်မောင်ထွန်းက ကျောကုန်းမှာ ကျည်ဆံဝင်သွားပြီးတော့ လက်ရှိ ကျည်ဆံထုတ်ပြီးတော့ ဆုံခရာ ဆေးရုံမှာ လက်ရှိ တင်ထားတယ်။ စံပယ်ဖြူပေါ့၊ သူ့အတွက် အသုဘက ရာနွတ် အကျော်လေးမှာပဲ မွတ်ဆလင် ရပ်ကွက်တစ်ခုမှာ ချလိုက်တယ်"
သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမ မစံပယ်ဖြူ ခေါ် မအိစန်ရဲ့ ရုပ်အလောင်းကို ရာနွတ်မြို့အထွက်က အစ္စလာမ် ဘာသာဝင်တွေနေတဲ့ ရပ်ကွက်တစ်ခုမှာ ဒီကနေ့ နေ့လယ်ပိုင်းက သဂြုင်္ိဟ်လိုက်ပြီလို့ လိုက်ပါ ပို့ဆောင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် လျော်ကြေးငွေနဲ့ စက်ရုံ တာဝန်ရှိသူတွေဘက်က ရာဇ၀တ်မှုအတွက် ဆောင်ရွက်ပေးဖို့ ဆက်သွယ် ဆောင်ရွက်နေကြောင်း ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားရေး အရာရှိ ဦးကျော်ကျော်လွင်က အာအက်ဖ်အေကို အခုလိုပြောပါတယ်။
"ဟုတ်တယ်ဗျ စီပီအက်ဖ် အအေးခန်း စက်ရုံလေ၊ မန်နေဂျာနဲ့ ချိတ်ပြီးတော့ ပြောလိုက်တော့ မနက်ကပဲ စံပယ်ဖြူကိုတဲ့ အစ္စလာမ် ဘာသာဝင်ဆိုတော့ အစ္စလာမ် ဘာသာဝင် ထုံးစံအရပေါ့နော်၊ သဂြုင်္ိဟ်လိုက်ပြီတဲ့။ အောင်သက်ဖြိုးရဲ့ ရုပ်ကလာပ်ကတော့ ရှိသေးတယ်။ နောက်ပြီးတော့ ခင်မောင်ထွန်းကတော့ အခု ဆေးကုပေးနေတယ်ပေါ့နော်။ ကျွန်တော်တို့ လျော်ကြေး ကိစ္စတွေရော ထပ်ပြောထားတယ်။ သူတို့ လုပ်ပေးပါ့မယ်လို့ အဲဒီ မန်နေဂျာကပဲ ပြောတာပေါ့။ စက်ရုံကတော့ အဲဒီ ရာဇ၀တ်မှုနဲ့ ပတ်သက်လို့ သူတို့ လုပ်နေကြတယ်လို့ ပြောတယ်"
အဲဒီ ပုစွန်စက်ရုံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၃၀၀) ကျော် လက်ရှိ အလုပ်လုပ်ကိုင် နေတယ်လို့ သိရပါတယ်။

ထိုင်း အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း မြန်မာလေ့လာချင်

 
 
ထိုင်းနဲ့ အမေရိကန် ပူးတွဲလုပ်မယ့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အကဲခတ် လေ့လာလိုပြီး ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ ညှိနှိုင်းဖို့ ထိုင်းနိုင်ငံရဲ့ အကူအညီရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
 
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Air Chief Marshal Sukumpol Suwanatat တွေ့ဆုံစဉ်။
ထိုင်းကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းဝန်ကြီးက မနေ့က ပြောပါတယ်။
မနေ့က ပြီးဆုံးတဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ အမေရိကန်ပြည်ထောင်စုက သတ်မှတ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုတဲ့ ကိစ္စတွေကို မြန်မာနိုင်ငံက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတဲ့အကြောင်း ထိုင်းကာကွယ်ရေး ၀န်ကြီးက ပြောကြားပါတယ်။
Cobra Gold ဟာ ထိုင်းနဲ့ အမေရိကန် နှစ်စဉ်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မြန်မာက လေ့လာအကဲခတ်လို့ရအောင် ကြားက မေတ္တာရပ်ခံပေးဖို့ မြန်မာစစ်ဘက် အာဏာပိုင်တွေက ပြောတာဖြစ်ပြီး ထိုင်းကာကွယ်ရေး ၀န်ကြီးကလည်း အမေရိကန်စစ်တပ်ကို တင်ပြဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် သတင်းအချက် ဖလှယ်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီခဲ့တယ်လို့လည်း ဆိုပါတယ်။
ခရီးစဉ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ ကန်ချနဘူရီ ခရိုင်တွေမှာ နယ်စပ်ဂိတ်သစ်သုံးခု အမြဲတမ်း ဖွင့်လှစ်နိုင်ရေးအတွက်လည်း မြန်မာဘက်က လက်ခံအောင် ကြိုးစားခဲ့တယ်လို့ ထိုင်းကာကွယ်ရေး ၀န်ကြီးက ပြောပါတယ်။

ဧရာဝတီနှင့် လားရှိုးရေကြီးမှုများအတွက် ကူညီ ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ




ယခုလ ၂၁ ရက်နေ့က ရေကြီးမှုဖြစ်ပွားခဲ့သည့် ပုသိမ်မြို့၌ သောက်ရေသန့်သယ်ဆောင်လာသော ကလေးငယ်များကို တွေ့ရ စဉ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသ နှင့် အလယ်ပိုင်းဒေသအချို့၌ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ-အေအက်ဖ်ပီ
မိုးသည်းထန်ကာ ရေကြီးမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီး နေရာအများအပြားတွင် ရေလွှမ်းမိုးမှု များဖြစ်ပေါ်နေသကဲ့သို့ ရှမ်းပြည်နယ် လားရှိုးမြို့၌ လည်း လျှပ်တစ်ပြက် ရေကြီးမှုကြောင့် နေအိမ်ပြိုလဲမှု များရှိခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့၌ ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ကာ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"မနေ့က နံနက် ၉ နာရီလောက်မှာ စပြီး ဖြစ်တာ။ မနေ့ကအထိတော့ ရေ၀င်တဲ့ အဆင့်ပဲရှိသေးတယ်။ ဒီနေ့တော့ ကမ်းနားက အိမ်အသေး လေးတွေ အချို့ မျောပါသွားတာမျိုးတွေရှိတယ်။ ချောင်းကတော့ သေးသေးလေးပါပဲ။ ခါတိုင်းလည်းရေ၀င်တယ်။
ခု လောက်တော့ မဆိုးဘူးပေါ့။ အဲဒါ ချောင်းဖြတ်သွားတဲ့ ရပ်ကွက် (၁) အခြမ်းက ချိုင့် လိုဖြစ်နေတဲ့ နားမခေါ် ကွက်သစ်တစ်ခုလုံး ရေမြုပ် သွားတာပေါ့။ ရေကြောင်း ကျတဲ့နေရာတွေမှာတော့ အုတ်တံတိုင်းတွေ ပွင့်သွားတာ မျိုးရှိတယ်။
အချို့နေရာတွေမှာတော့ ရေက ခါးလောက်ရောက်တာပေါ့။ မနေ့ကတော့ ရေ၀င်တဲ့ အဆင့်ဆိုတော့ လူတွေက ရေကျနိုးနိုးနဲ့ မရွှေ့ ကြသေးဘူး။ အခုတော့ ရေကလည်းမကျဘူး။ မိုးတွေကလည်း ထပ်အုံ့နေတယ်ဆိုတော့ ကယ်ဆယ်ရေးစခန်းနဲ့ ကုန်းမြင့်တဲ့ နေရာ တွေကို ရွှေ့ခိုင်းထားတယ်။ ပြောင်း ရွှေ့အိမ်ခြေစာရင်းကို စာရင်းကောက်နေတုန်းပဲ" ဟု ၎င်းက ဩဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကိုပြောသည်။
ရေကြီးမှုကြောင့် လားရှိုးမှ မန္တလေးဘက်အထွက် နေရာများတွင် ရေမြင့်တက်နေသောကြောင့် ကားငယ်များ ဖြတ်သန်းသွားလာ နိုင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။ "ရေအမြင့်က လူတစ်ရပ်ကျော် ထွန်စက် တစ်စီးစာလောက် မြုပ်တဲ့အတွက် ကားလေး တွေဖြတ်လို့မရဘူး။ မိုးကလည်း မနေ့ညက ထပ်ရွာထားတဲ့အတွက် ရေကျမယ်ထင်တာ မကျဘူး။ ရက်ကွက်အလိုက်စုပြီးတော့ ထမင်း ထုပ်ဝေတာတွေ လုပ်နေတယ်။ ရေတွင်းရေကန် တွေလည်း ရေမြုပ်ပြီး သုံးမရတဲ့အတွက် ရေသန့် တွေဝေနေကြတယ်။ ဆေးအဖွဲ့တွေကလည်း မြို့နယ်ကျန်းမာရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ၀မ်းပျက်ဝမ်းလျော မဖြစ်အောင် လိုက်ဆောင်ရွက်နေကြတယ်" ဟု ၎င်းကပြောသည်။
ဩဂုတ်လ ၂၂ရက်နေ့တွင်မူ လားရှိုးမြို့ ၌ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ကာ ကယ်ဆယ်ရေးစခန်းခြောက်ခုမှ မိမိတို့ နေအိမ် များသို့ ပြန်လည်ရွှေ့ပြောင်း နေကြပြီဖြစ်ကြောင်း ၎င်းကပြောသည်။ "မနေ့ကတည်းက ရေကပြန်စကျနေပြီ။ ဒီနေ့တော့ လုံးဝကျ သွားပါပြီ။ ရက်ကွက် ၁၊ ၇၊ ၉၊ ၁၂ရက်ကွက်တွေ ရေမြုပ်ခဲ့ပါတယ်။ တစ်ဦး ပျောက်ဆုံးနေပါတယ်။ ကျန်တာတော့ ပွန်းပဲ့ ဒဏ်ရာရတာ၊ မိုးမိဖျားနာတာလောက်ပဲ ရှိပါတယ်။ ရပ်ကွက် ၉ ထဲမှာ တဲအိမ် လေးတွေပြိုသွား တာမျိုးတော့ ရှိတယ်" ဟု ၎င်းက ပြောသည်။
ကယ်ဆယ်ရေးစခန်းခြောက်ခုသို့ ရွှေ့ပြောင်း နေထိုင်သူဦးရေ ၂၂၄ဦးခန့်ရှိခဲ့သည်။ တုံကင်ပင်လယ်ကွေ့မှ ဗီယက်နမ်နိုင်ငံသို့ ၀င် ရောက်တိုက်ခတ်ခဲ့ကာ အနောက်ဘက်သို့ ဆက် လက်ရွေ့လျားလာခဲ့သော တိုင်ဖွန်း မုန်တိုင်း ကိုင်တက်၏ မုန်တိုင်း အကြွင်းအကျန် များကြောင့် မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့၌ ဒေသအလိုက် မိုးကြီးနိုင်ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့ တွင် မိုး/ဇလဌာနက ထုတ်ပြန်ထားသည်။
ဩဂုတ်လဆန်းပိုင်းမှ စတင်ခါ ရေကြီးမှု များဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အတွင်း၌လည်း ကယ်ဆယ်ရေး စခန်း ပေါင်း ၁၅ ခုခန့်တွင် လူဦးရေတစ်သောင်း ခန့်ရွှေ့ပြောင်း နေထိုင်ရလျက်ရှိကြောင်း ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်လျက်ရှိသော ပုသိမ်မြို့မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ခံ ကိုဝေလုက ဩဂုတ် လ ၂၀ ရက်နေ့တွင် ပြောသည်။
"မိုးပြတ်သွားတာ နှစ်ရက်လောက်ရှိပြီဆိုတော့ ရေကတော့ နည်းနည်းပြန်ကျနေတယ်။ ရပ်ကွက် တော်တော်များများမြုပ်တယ်။ ခါတိုင်းနှစ်တွေလည်း ရေ၀င်ပေမယ့် အခုလောက်တော့ မဆိုးဘူး၊ ထိခိုက်သေဆုံးမှုတော့ မရှိပါဘူး" ဟု ၎င်းကပြောသည်။
ရေဘေးဒဏ် ခံစားရသူများအတွက် နိုင်ငံ ရေးနှင့်လူမှုရေးအဖွဲ့အစည်းများမှ ထမင်းထုပ် များ၊ ဆန်များ ကူညီထောက်ပံ့လျက် ရှိကြောင်း ၎င်းက ပြောသည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ င၀န်မြစ်ရေသည် ဩဂုတ် လ ၂၁ ရက်နေ့တွင် ပုသိမ်မြို့၌ စိုးရိမ်ရေမှတ် ၃၅၀ စင်တီမီတာ (၁၁ ဒသမ ၅ ပေ) အထက် ၁၁ စင်တီမီတာ (၀ ဒသမ ၃၆ လက်မ) ကျော်လွန် နေသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ ကန်ကြီးဒေါင့်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ငသိုင်းချောင်း၊ ရေကြည်၊ ပန်းတနော်မြို့နယ် များတစ်လျှောက်ရှိ ဒေသအများအပြားတွင် မိုးသည်းထန်မှုကြောင့် ရေမြင့်တက်မှုများရှိ ကြောင်း ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ ဩဂုတ်လနောက်ဆုံး ၁၀ ရက်ပတ် အတွင်း ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကာ မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုး/ ဇလဌာနမှ ခန့်မှန်းထားသည်။

သာပေါင်း၊ရေဘေးသင့်သူများ သောက်သုံးရေနှင့် အစားအစာအကူအညီ လိုအပ်လျက်ရှိနေ




သာပေါင်းမြို့နယ် ကျားရဲကျေးရွာမှ ကလေးငယ်များ ကယ်ဆယ် ရေးပစ္စည်းယူရန် သွားရောက်နေစဉ်။
ဓာတ်ပုံ၊ - ၊လွင်ကိုတိတ်
မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ နယ် ပတ်ဝန်းကျင်ရှိ ရှင်ကြီးပျောက် ကျေးရွာ၊ ကျားရဲ ကျေးရွာ၊ ကျားရဲပျောက် ကျေးရွာ၊ ကတတ်ရိုးကျေးရွာ၊ မဏ္ဍိုင် ကျေးရွာနှင့် ၀င်္ကပါကျေးရွာတို့အား တစ်လကျော်နီးပါး မိုးရေကြီးခြင်း နှင့် မြစ်ရေလွှမ်းမိုးခြင်းတို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးအရေးပေါ် အကူအညီ များလိုအပ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သာပေါင်းမြို့နယ်နှင့် အနီးတစ်ဝိုက် ရှိ ကျေးရွာများ၌ ဇွန်လတတိယပတ်မှ စတင်ခါ မိုးများ စတင်ရွာသွန်း လာခဲ့ပြီး နောက်ပိုင်း မိုးသည်းထန်ခြင်းကြောင့် နေအိမ်များ နစ်မြုပ်ခြင်း၊ ရေတိုက်စား ခြင်း၊ လယ်ယာမြေအားလုံး နီးပါး ရေလွှမ်း မိုးခံရခြင်းများ ကြုံတွေ့နေ ကြရသည်။
"နေလို့မရတော့ဘူး၊ ရေက ၀ါးတစ်ရိုက် ကျော်လောက် တက်နေတာလေ၊ အိမ် တွေမှာ ရေမြုပ်နေပြီး ခေါင်းမိုးနားကပ်ပြီး ဆင့်ရိုက်နေရတယ်၊ အ၀တ်တွေရေစိုနေ တာလည်း မခြောက်နိုင်၊ လဲရင် လဲ၊ ထိုင် ရင်ထိုင်၊ မှောက်လိုက် လှန်လိုက် နေနေရ တယ်။ မတ်တတ်ရပ်ချင်ရင် လှေနဲ့အပြင် ထွက်မှရတော့တယ်" ဟု အဆိုပါ ရေဘေးသင့်ဒေသများအား စေတနာ့ ၀န်ထမ်းအဖြစ်ကူညီနေသူ ဒေါ်နွယ်နွယ်က ပြောသည်။
ရှင်ကြီးပျောက်ကျေးရွာသည် လယ် ဧက စုစုပေါင်း ၅၈၀ နီးပါးရှိပြီး တစ်ဝက် ကျော်နီးပါးမှာ မိုးစပါးစိုက်ပျိုးပြီးဖြစ် သည်ဟု တောင်သူ များက ပြောသည်။ "မိုးစပါးစိုက်ဖို့ အစိုးရကထုတ်ချေးတဲ့ ကျပ် ၅၀,၀၀၀ လည်း ရပြီးပြီ။ ဒီမှာက ဆန်စပါးအထူးပြုကုမ္ပဏီလည်း မရှိဘူး၊ အခု စိုက်ထားသမျှ ရေထဲပါကုန်ပြီ။ အစအနတောင် ရှာမရဘူး။ ပြန်စိုက်ဖို့ငွေကို အတိုးပေးချေးရမှာ။ လယ်က တစ်ဧကကို မှ ကျပ်ခုနစ်သောင်းတောင် မမြတ်ဘူး။ အတိုးနဲ့စိုက်ရင် လုံးဝအရှုံးပဲ" ဟု ရှင်ကြီး ပျောက်ကျေးရွာမှ လယ် ၂၆ ဧကပိုင်ရှင် လယ်သမား ဦးမြင့်ဝင်းက ပြောသည်။

မြန်မာအပါအ၀င် ၁၀နိုင်ငံ သဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေးထိခိုက်မှုများနိုင်

 

 

Photo
ရန်ကုန်၊ သြဂုတ်-၁၆
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၁၀ နိုင်ငံမှာ ရေကြီးခြင်း အပူပိုင်းမုန် တိုင်း တိုက်ခတ်ခြင်းနှင့် ငလျင်လှုပ်ခြင်းများကြောင့် အဆိုပါ နိုင်ငံများ ၏ ဘဏ္ဍာရေးကို ကြီးမားစွာထိ ခိုက်နိုင်ကြောင်း   The Economic   မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
နိုင်ငံပေါင်း ၁၉၇ နိုင်ငံအား လေ့လာထားသော အင်္ဂလန်နိုင်ငံ အခြေစိုက်   Maplecroft   ဘေး အန္တရာယ် လေ့လာရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍   The Economic   သတင်းစာက ရေးသားထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအပါအ၀င် စီးပွားရေး များစွာထိခိုက်နိုင်သော နိုင်ငံဆယ်နိုင်ငံတွင် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် ဟွန်းဒူးရပ်စ်နိုင်ငံများလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။
“ဒီမှာက ရေကြီးတာအပြင် မိုးခေါင်တာပါ ကြုံနေရတာ။ အရင်ထဲက စီးပွားရေးက ကျနေတာကို ထပ်ကြုံရတော့ အတိုင်းအတာတစ်ခုထိတော့ စီးပွားရေးမှာ ထိခိုက်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်  ဥက္ကဋ္ဌ ဦးချစ်ခိုင်က သုံးသပ်သည်။
ဇူလိုင်လကုန်တွင် ရေကြီးခဲ့ ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ လယ် ၆ ဧက လုပ် ကိုင်သူ တောင်သူတစ်ဦးက ကျပ် တစ်သိန်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်။
ဆန်စပါးအဓိကစိုက်ပျိုး သော ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းဒေ သတို့တွင် ရေကြီးနစ်မြုပ်ခဲ့သော စပါးခင်းများမှ ထက်ဝက်ခန့် မှာပျက်စီးနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။    ထိုအတူ ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးသော စစ်ကိုင်းတိုင်း
တောင်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် မိုးခေါင်နေသဖြင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။
  
ယခုနှစ်တွင် မိုးခေါင်ခဲ့သဖြင့် ယာသုံးဧကလုပ်ခဲ့သော ပခုက္ကူ မြို့နယ်မှ တောင်သူဦးညွန့်ရွှေက ကျပ်သုံးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့
ကြောင်း ပြောသည်။“ထိခိုက်မှုလျော့နည်းအောင်  အစိုးရအပါအ၀င် အရပ်ဘက်အဖွဲ့အစည်းတွေပါ ပူးပေါင်းလုပ်ရမယ့်အခြေအနေပါ”ဟု ဦးချစ်ခိုင် က ဆိုသည်။
  
တောင်တရုတ်ပင်လယ်ပြင်တွင် တစ်နှစ်ပျမ်းမျှမုန်တိုင်း ၂၉ လုံးဖြစ်ပေါ်ပြီး ထပ်မံဖြစ်ပေါ်ရန်ကျန်ရှိသေးကြောင်းနှင့် ယခုရေကြီးမှုမှာ ထိုမုန်တိုင်းမိုးများကြောင့် ပါဝင်ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။
  
  ထို့အပြင် ယခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းမဖြစ်သေးခြင်းနှင့် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်ခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် စိုးရိမ်ရ ကြောင်း ဦးထွန်းလွင်က ဆက် လက်ပြောသည်။ပြီးခဲ့သည့်နှစ် မိုစပါးရာသီ တွင်လည်း ရေကြီးနစ်မြုပ်ခဲ့သဖြင့် မိုးစပါးတင်သန်းပေါင်း ၁၇၇ သန်း အထွက်လျော့ခဲ့ပြီး နွေစပါးတွင် လည်း သန်းပေါင်း ၃၇ သန်းလျော့ ကျခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့စပါးကျီ ရေကြီးရေလျှံ

Photo


ဧရာဝတီတိုင်းသားတစ်ယောက်ဖြစ်ပြီး လူမှန်းသိတတ်စ အရွယ်ကတည်းက ရေကူးကျွမ်းကျင်ခဲ့သော အသက် ၅၄ နှစ်အရွယ် ဦးလှကြိုင်သည် သြဂုတ်လ ၁၃ ရက်က ရေနစ်သေဆုံးသွားခဲ့သည်။ ပုံမှန်ထက် ၁၀ ပေကျော် မြင့်တက်လာသော ရေပြင်တွင် ၎င်း၏သစ်သားလှေကို လှော်ခတ်ခဲ့ပြီး မိတ်ဆွေတစ်ယောက် အိမ်မှအပြန် ဓာတ်ကြိုးနှင့် တိုက်မိကာ ရေထဲသို့ ပြုတ်ကျသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေများ တလိမ့်လိမ့် မြင့်တက်လာသောကြောင့်
ဦးလှကြိုင်တို့၏ ဘုရားကုန်းကျေးရွာအပါအ၀င် သာပေါင်းမြို့နယ်တွင် ကာလရှည်ကြာ ရေလွှမ်းမိုးမှုကို တွေ့ကြုံနေကြရသည်။
သာပေါင်းမြို့နယ် အပါအ၀င် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး တိုင်းဒေသကြီးရှိ မြို့နယ် ၂၆ ခုတွင် ၂၄ ခုမှာ ရေကြီးမှုနှင့် ကြုံတွေ့နေရသည်။ ရေကြီးရေလျှံမှုဒဏ်ကို ပုသိမ်ခရိုင်က အဓိကခံစားနေရပြီး လူဦးရေသုံးသောင်းကျော်သည် ယာယီကယ်ဆယ်ရေးစခန်းများ၌ နေထိုင်နေရကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ခရိုင်ကြီးကြပ်ရေးကော်မတီက ဆိုသည်။
ရေနက်ကွင်းဒေသဖြစ်သော သာပေါင်းမြို့နယ်သည် ရေလွှမ်းမိုးမှုဒဏ် အဆိုးဆုံးခံနေရပြီး လူဦးရေ ရှစ်သောင်းခွဲခန့် ရေဘေးသင့်ခဲ့ကာ ရေဘေးဒုက္ခသည် ၁၂,၀၀၀ ကျော်သည် ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်း ၅၀ ကျော်၌ ရောက်ရှိခိုလှုံနေရသည်။

ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် ရေကြီးမှုများဖြစ်ပေါ်နေ





ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် သြဂုတ်လဆန်းပိုင်းမှ စတင်၍ ရေကြီးမှုများ ရက်ရှည်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ သနပ်ပင်မြို့သည် စစ်တောင်းမြစ်ရေကြီးမှု၏ အကျိုးဆက်ကို ပဲခူး-စစ်တောင်းတူးမြောင်းမှ တဆင့် ခံစားနေရခြင်းဖြစ်သည်။ ဤကဲ့သို့ ရေကြီးမှုများဖြစ်ပေါ်နေမှုကြောင့် သနပ်ပင်မြို့အထက်တန်းကျောင်း အပါအ၀င် စာသင်ကျောင်းအချို့ ပိတ်ခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရေအနည်းငယ် ပြန်လည်ကျဆင်းသွားသဖြင့် သနပ်ပင်မြို့ အထက်တန်းကျောင်းပြန်လည် ဖွင့်လှစ်နေပြီဖြစ်သော်လည်း အချို့မှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသတင်းဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန်ချဲ့ထွင်၍ လုပ်ကြံထုတ်လွင့်နေသည့် သတင်းအမှားများ ကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဖွဲ့အစည်းအချို့ကသော်လည်းကောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူကွဲပြားသော ဘာသာ နှစ်ခုအကြားဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  ပြဿနာလည်း မဟုတ်ကြောင်း၊ ရာ ဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ သာဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား (၃၁)ဦး၊ ဘင်္ဂါလီလူမျိုး (၅၇)ဦးစုစုပေါင်း ၈၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။

Thursday, August 16, 2012

သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ

သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ

fng-press
 
123
 
9
 
i
 
မဲပေးပါ
Quantcast

HKT  မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က လှို့ ဝှက် စွာ ခေါ် ယူ တွေ့ ဆုံ ပြီး လက် ရှိ တာဝန်ထမ်း
ဆောင် နေသည့် ပြန်ကြား ရေး ၀န်ကြီး ရာထူးနေရာ မှ နှုတ်ထွက် စာ တင် ရန် တိုက်တွန်း
ချက် ကို ဦးကျော် ဆန်း က လက်မခံ ဘဲ ပယ် ချ လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။
ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို့  ၏ သမ္မတ အိမ်တော် တွင်
သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ဦးကျော်ဆန်း အား ဖိတ် ခေါ် ပြီး နှုတ်ထွက် ပြီး အနားယူရန်
တိုက် တွန်း သော်လည်း ဦးကျော် ဆန်း က ငြင်းဆန် ခဲ့ သည်။

ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ ကို အရေးယူမည်

ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ ကို အရေးယူမည်

46_8_1344498840_98_ham_ngam
 
35
 
5
 
i
 
မဲပေးပါ
Quantcast

ရုရှား နိုင်ငံ ရှိ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် က မြေတိုက် ခန်း တွင် နှစ် ပေါင်း များ စွာ
ပိတ်လှောင် ခံထား ရသည့် ကလေး များ ကို ရုရှား အာဏာ ပိုင်များ က ပြန်လည် ကယ် တင် နိုင်
ခဲ့ ပြီ ဖြစ်သည်။
မြေတိုက် ခန်း ထဲ တွင် ပိတ်လှောင် ခံထား ရစဉ်  ကလေးများ မှာ နေရောင် ကို လုံးဝ မြင်ရ ခြင်း မရှိဘဲ
ချမ်းအေးသည့် ရာသီ များ တွင် အပူပေး စက် များ ဖွင့် လှစ် ပေး ခဲ့ ခြင်း မရှိ ဟု CNN သတင်း
တွင် ဖော် ပြ ထား သည်။
ပိတ်လှောင် ခြင်းခံထား ရသူများ ကို ပြန်လည် ကယ် တင် ရာ တွင် ကလေးများ နှင့် အရွယ် ရောက်
ပြီး သူများ မှာ ကျန်းမာ ရေး ကောင်း မွန် သော်လည်း ၊ ညစ်ပတ် နံစော် လျှက် ရှိသည် ဟု ရုရှား 
ကယ် ဆေး ရေး အဖွဲ့  များ က ဆိုသည်။ 
ကလေးများ ကို ဖမ်းဆီးထားသည့် တာတာစတန် ဒေသမှ မွတ်ဆလင် ဗလီ
ကလေးများ ကို ဖမ်းဆီးထားသည့် တာတာစတန် ဒေသမှ မွတ်ဆလင် ဗလီ
ဖမ်းဆီး ခံထားရသူများ တွင် ၂၇ ဦး မှာ ၁၈ နှစ် အောက် ကလေးများ ဖြစ် ပြီး  ၃၈ ဦးမှာ အရွယ် 
ရောက် ပြီး သူများ ဖြစ်ကြ သည်။ ကယ် ဆယ် နိုင်ခဲ့ သည့် ကလေး များ တွင် အသက် ၁ နှစ်မှ
၁၈ နှစ် အရွယ် ထိ ပါ ၀င် ပြီး အချို့ မှာ ထို မြေအောက် ဘန်ကာ ထဲ တွင် ပင် မွေးဖွား ခဲ့ ခြင်း ဖြစ်
သည်။

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ

Than Shwe
 
17
 
7
 
i
 
မဲပေးပါ
Quantcast

မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု ကွန်ယက်
တစ်ခု ဖြစ်တဲ့ Facebook ကို သုံးစွဲ နေ ပြီး  မိတ်ဆွေ ဆယ်ဦး လောက်သာ ရှိတယ် လို့  ဆို
တဲ့ သူ့  ရဲ့  Facebook နာမည် နဲ့  မြန်မာ သတင်း တွေ ၊ ဆွေးနွေး မှု မှတ် ချက် တွေ ကို လိုက်
လံ ကြည့် ရှု တယ် လို့  ဆို ပါတယ်။

အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင်

အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင်

8.15.2012-waverider
 
16
 
0
 
i
 
မဲပေးပါ
Quantcast

Update အမေရိကန် လေတပ် က အင်္ဂါ နေ့  တွင် တတိယ အကြိမ် စမ်းသပ်ခဲ့ သည့် 
အသံထက် ခြောက်ဆမြန်သည့် လေယာဉ် မှာ တစ်နာရီ လျှင် မိုင် ၄၆၀၀ ကို မရောက်
ရှိ ခင် မှာ ပင် ထိမ်းချုပ် မှု စနစ် ချို့  ယွင်း ကာ ဝေဟင် ထဲ တွင် ဖျက် ဆီး ပြစ် လိုက် သည်
ဟု ပင်တာဂွန် က သတင်း ထုတ် ပြန် သည်။

X-51A Waverider  ကို စက္ကန့်  ၃၀၀ ခန့်  ပျံ သန်း နိုင် ပြီး မျှော်မှန်းထား သည့် အနေအထား
ရောက်ရှိ မည် ဟု မျှော် လင့် ခဲ့ ကြ သော်လည်း ပင်မ အင်ဂျင် နှင့် တွန်းအား ပေး ဒုံး ပြဿနာ
ကြောင့် ၁၆ စက္ကန့်  သာ ပျံ သန်း နိုင်ခဲ့ သည်။

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ