Thursday, August 23, 2012

မူဆလင်တွေ ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်ပွား

မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က မူဆလင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Lucknow မြို့ ဗလီတစ်ခုကနေ သောကြာနေ့ ၀တ်ပြုအပြီး ထွက်လာကြတဲ့ လူ (၅၀) လောက်ပါဝင်တဲ့ လူအုပ်ဟာ ဗုဒ္ဓပန်းခြံအထိ စီတန်းလမ်းလျှောက်ခဲ့ကြပြီး ပန်းခြံအရောက်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ပန်းခြံအနီးက ကားတွေ မှန်တွေကွဲပြီး ကားတချို့ မီးရှို့ ခံခဲ့ရပါတယ်။ ပန်းခြံထဲက ဈေးဆိုင်တွေနဲ့ အဆောက်အဦးတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အကြမ်းဖက်သူတွေက သတင်းထောက်တွေကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် ဓာတ်ပုံသတင်းထောက် (၂၀) လောက် ဒဏ်ရာရခဲ့ပြီး နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
လမ်းတွေပေါ်မှာ လူတွေထောင်ချီပြီး များပြားလာတော့မှ ရဲတပ်ဖွဲ့က လူစုခွဲလိုက်ရတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲကို အစ္စလာမ်ဘာသာရေးအဖွဲ့ ဂိုဏ်းခွဲတစ်ခုက ဦးဆောင်ခဲ့တာ ဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ လုပ်ခဲ့သူတွေဟာ မိမိတို့မဟုတ်ကြောင်း ဂိုဏ်းခေါင်းဆောင်က ပြောပါတယ်။
အလားတူ ကက်ရှ်မီးယားပြည်နယ် ဆရိနဂါမြို့မှာလည်း ထင်ရှားတဲ့ အစ္စလာမ်အမျိုးသမီး အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဖိနှိပ်ခံနေရတဲ့ မူဆလင်တွေ ကက်ရှ်မီးယားကို လာကြပါစေ သူတို့အတွက် မိမိတို့ တံခါးဖွင့်ထားပါတယ်လို့ ဆန္ဒပြခေါင်းဆောင်က ပြောပါတယ်။

မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ

ထိုင်း မလေးရှားနယ်စပ် ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား (၃) ဦး ညဆိုင်း အလုပ်ကနေ အဆောင်အပြန်မှာ ဆိုင်ကယ်စီး သေနတ်သမားတွေက ဒီကနေ့ မနက် ၃ နာရီ ၄၅ မိနစ် လောက် မှာ သေနတ်နဲ့ ပစ်ခတ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
AFP
ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
သေနတ်သမားတွေ ပစ်ခတ်လို့ ကျည်ဆန် ထိမှန်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အသက် (၂၆) နှစ်အရွယ် စံပယ်ဖြူ (ခေါ်) မအိစန်နဲ့ အသက် (၂၈) နှစ် အရွယ် ကိုအောင် (ခေါ်) ကိုအောင်သက်ဖြိုးတို့ နှစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ထွန်းကတော့ ဆုံခရာ ဆေးရုံကြီးမှာ သေနတ်ဒဏ်ရာကို ဆေးဝါးကုသ နေရတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီး သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရရာသူတွေရဲ့ နောက်ဆုံး အခြေအနေကို CPF ပုစွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား ကိုထွန်းက အခုလို ပြောပြပါတယ်။
"ဆိုင်ကယ်တစ်စီးမှာ လူနှစ်ယောက်နဲ့ သေနတ်အတိုနဲ့ ပစ်သွားတာ ကျည်စုစုပေါင်း (၆) တောင့် (၇) တောင့်လောက် သုံးသွားတယ်။ ကောင်မလေးကတော့ အနီးကပ်ကို ပစ်သတ်ခံရတာ။ သေနတ်မှန်တာ ဗိုက်မှာ ဒဏ်ရာတစ်ချက်၊ နောက်တစ်ယောက် ကိုအောင်ဆိုတဲ့လူက ဗိုက်မှာ ၂ ချက် မှန်ပြီးတော့ သေတာ။ နောက်တစ်ယောက် ခင်မောင်ထွန်းက ကျောကုန်းမှာ ကျည်ဆံဝင်သွားပြီးတော့ လက်ရှိ ကျည်ဆံထုတ်ပြီးတော့ ဆုံခရာ ဆေးရုံမှာ လက်ရှိ တင်ထားတယ်။ စံပယ်ဖြူပေါ့၊ သူ့အတွက် အသုဘက ရာနွတ် အကျော်လေးမှာပဲ မွတ်ဆလင် ရပ်ကွက်တစ်ခုမှာ ချလိုက်တယ်"
သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမ မစံပယ်ဖြူ ခေါ် မအိစန်ရဲ့ ရုပ်အလောင်းကို ရာနွတ်မြို့အထွက်က အစ္စလာမ် ဘာသာဝင်တွေနေတဲ့ ရပ်ကွက်တစ်ခုမှာ ဒီကနေ့ နေ့လယ်ပိုင်းက သဂြုင်္ိဟ်လိုက်ပြီလို့ လိုက်ပါ ပို့ဆောင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် လျော်ကြေးငွေနဲ့ စက်ရုံ တာဝန်ရှိသူတွေဘက်က ရာဇ၀တ်မှုအတွက် ဆောင်ရွက်ပေးဖို့ ဆက်သွယ် ဆောင်ရွက်နေကြောင်း ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားရေး အရာရှိ ဦးကျော်ကျော်လွင်က အာအက်ဖ်အေကို အခုလိုပြောပါတယ်။
"ဟုတ်တယ်ဗျ စီပီအက်ဖ် အအေးခန်း စက်ရုံလေ၊ မန်နေဂျာနဲ့ ချိတ်ပြီးတော့ ပြောလိုက်တော့ မနက်ကပဲ စံပယ်ဖြူကိုတဲ့ အစ္စလာမ် ဘာသာဝင်ဆိုတော့ အစ္စလာမ် ဘာသာဝင် ထုံးစံအရပေါ့နော်၊ သဂြုင်္ိဟ်လိုက်ပြီတဲ့။ အောင်သက်ဖြိုးရဲ့ ရုပ်ကလာပ်ကတော့ ရှိသေးတယ်။ နောက်ပြီးတော့ ခင်မောင်ထွန်းကတော့ အခု ဆေးကုပေးနေတယ်ပေါ့နော်။ ကျွန်တော်တို့ လျော်ကြေး ကိစ္စတွေရော ထပ်ပြောထားတယ်။ သူတို့ လုပ်ပေးပါ့မယ်လို့ အဲဒီ မန်နေဂျာကပဲ ပြောတာပေါ့။ စက်ရုံကတော့ အဲဒီ ရာဇ၀တ်မှုနဲ့ ပတ်သက်လို့ သူတို့ လုပ်နေကြတယ်လို့ ပြောတယ်"
အဲဒီ ပုစွန်စက်ရုံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၃၀၀) ကျော် လက်ရှိ အလုပ်လုပ်ကိုင် နေတယ်လို့ သိရပါတယ်။

ထိုင်း အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း မြန်မာလေ့လာချင်

 
 
ထိုင်းနဲ့ အမေရိကန် ပူးတွဲလုပ်မယ့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အကဲခတ် လေ့လာလိုပြီး ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ ညှိနှိုင်းဖို့ ထိုင်းနိုင်ငံရဲ့ အကူအညီရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
 
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Air Chief Marshal Sukumpol Suwanatat တွေ့ဆုံစဉ်။
ထိုင်းကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းဝန်ကြီးက မနေ့က ပြောပါတယ်။
မနေ့က ပြီးဆုံးတဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ အမေရိကန်ပြည်ထောင်စုက သတ်မှတ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုတဲ့ ကိစ္စတွေကို မြန်မာနိုင်ငံက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားတဲ့အကြောင်း ထိုင်းကာကွယ်ရေး ၀န်ကြီးက ပြောကြားပါတယ်။
Cobra Gold ဟာ ထိုင်းနဲ့ အမေရိကန် နှစ်စဉ်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မြန်မာက လေ့လာအကဲခတ်လို့ရအောင် ကြားက မေတ္တာရပ်ခံပေးဖို့ မြန်မာစစ်ဘက် အာဏာပိုင်တွေက ပြောတာဖြစ်ပြီး ထိုင်းကာကွယ်ရေး ၀န်ကြီးကလည်း အမေရိကန်စစ်တပ်ကို တင်ပြဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် သတင်းအချက် ဖလှယ်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီခဲ့တယ်လို့လည်း ဆိုပါတယ်။
ခရီးစဉ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ ကန်ချနဘူရီ ခရိုင်တွေမှာ နယ်စပ်ဂိတ်သစ်သုံးခု အမြဲတမ်း ဖွင့်လှစ်နိုင်ရေးအတွက်လည်း မြန်မာဘက်က လက်ခံအောင် ကြိုးစားခဲ့တယ်လို့ ထိုင်းကာကွယ်ရေး ၀န်ကြီးက ပြောပါတယ်။

ဧရာဝတီနှင့် လားရှိုးရေကြီးမှုများအတွက် ကူညီ ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ




ယခုလ ၂၁ ရက်နေ့က ရေကြီးမှုဖြစ်ပွားခဲ့သည့် ပုသိမ်မြို့၌ သောက်ရေသန့်သယ်ဆောင်လာသော ကလေးငယ်များကို တွေ့ရ စဉ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသ နှင့် အလယ်ပိုင်းဒေသအချို့၌ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ-အေအက်ဖ်ပီ
မိုးသည်းထန်ကာ ရေကြီးမှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီး နေရာအများအပြားတွင် ရေလွှမ်းမိုးမှု များဖြစ်ပေါ်နေသကဲ့သို့ ရှမ်းပြည်နယ် လားရှိုးမြို့၌ လည်း လျှပ်တစ်ပြက် ရေကြီးမှုကြောင့် နေအိမ်ပြိုလဲမှု များရှိခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့၌ ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ကာ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"မနေ့က နံနက် ၉ နာရီလောက်မှာ စပြီး ဖြစ်တာ။ မနေ့ကအထိတော့ ရေ၀င်တဲ့ အဆင့်ပဲရှိသေးတယ်။ ဒီနေ့တော့ ကမ်းနားက အိမ်အသေး လေးတွေ အချို့ မျောပါသွားတာမျိုးတွေရှိတယ်။ ချောင်းကတော့ သေးသေးလေးပါပဲ။ ခါတိုင်းလည်းရေ၀င်တယ်။
ခု လောက်တော့ မဆိုးဘူးပေါ့။ အဲဒါ ချောင်းဖြတ်သွားတဲ့ ရပ်ကွက် (၁) အခြမ်းက ချိုင့် လိုဖြစ်နေတဲ့ နားမခေါ် ကွက်သစ်တစ်ခုလုံး ရေမြုပ် သွားတာပေါ့။ ရေကြောင်း ကျတဲ့နေရာတွေမှာတော့ အုတ်တံတိုင်းတွေ ပွင့်သွားတာ မျိုးရှိတယ်။
အချို့နေရာတွေမှာတော့ ရေက ခါးလောက်ရောက်တာပေါ့။ မနေ့ကတော့ ရေ၀င်တဲ့ အဆင့်ဆိုတော့ လူတွေက ရေကျနိုးနိုးနဲ့ မရွှေ့ ကြသေးဘူး။ အခုတော့ ရေကလည်းမကျဘူး။ မိုးတွေကလည်း ထပ်အုံ့နေတယ်ဆိုတော့ ကယ်ဆယ်ရေးစခန်းနဲ့ ကုန်းမြင့်တဲ့ နေရာ တွေကို ရွှေ့ခိုင်းထားတယ်။ ပြောင်း ရွှေ့အိမ်ခြေစာရင်းကို စာရင်းကောက်နေတုန်းပဲ" ဟု ၎င်းက ဩဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကိုပြောသည်။
ရေကြီးမှုကြောင့် လားရှိုးမှ မန္တလေးဘက်အထွက် နေရာများတွင် ရေမြင့်တက်နေသောကြောင့် ကားငယ်များ ဖြတ်သန်းသွားလာ နိုင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။ "ရေအမြင့်က လူတစ်ရပ်ကျော် ထွန်စက် တစ်စီးစာလောက် မြုပ်တဲ့အတွက် ကားလေး တွေဖြတ်လို့မရဘူး။ မိုးကလည်း မနေ့ညက ထပ်ရွာထားတဲ့အတွက် ရေကျမယ်ထင်တာ မကျဘူး။ ရက်ကွက်အလိုက်စုပြီးတော့ ထမင်း ထုပ်ဝေတာတွေ လုပ်နေတယ်။ ရေတွင်းရေကန် တွေလည်း ရေမြုပ်ပြီး သုံးမရတဲ့အတွက် ရေသန့် တွေဝေနေကြတယ်။ ဆေးအဖွဲ့တွေကလည်း မြို့နယ်ကျန်းမာရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ၀မ်းပျက်ဝမ်းလျော မဖြစ်အောင် လိုက်ဆောင်ရွက်နေကြတယ်" ဟု ၎င်းကပြောသည်။
ဩဂုတ်လ ၂၂ရက်နေ့တွင်မူ လားရှိုးမြို့ ၌ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ကာ ကယ်ဆယ်ရေးစခန်းခြောက်ခုမှ မိမိတို့ နေအိမ် များသို့ ပြန်လည်ရွှေ့ပြောင်း နေကြပြီဖြစ်ကြောင်း ၎င်းကပြောသည်။ "မနေ့ကတည်းက ရေကပြန်စကျနေပြီ။ ဒီနေ့တော့ လုံးဝကျ သွားပါပြီ။ ရက်ကွက် ၁၊ ၇၊ ၉၊ ၁၂ရက်ကွက်တွေ ရေမြုပ်ခဲ့ပါတယ်။ တစ်ဦး ပျောက်ဆုံးနေပါတယ်။ ကျန်တာတော့ ပွန်းပဲ့ ဒဏ်ရာရတာ၊ မိုးမိဖျားနာတာလောက်ပဲ ရှိပါတယ်။ ရပ်ကွက် ၉ ထဲမှာ တဲအိမ် လေးတွေပြိုသွား တာမျိုးတော့ ရှိတယ်" ဟု ၎င်းက ပြောသည်။
ကယ်ဆယ်ရေးစခန်းခြောက်ခုသို့ ရွှေ့ပြောင်း နေထိုင်သူဦးရေ ၂၂၄ဦးခန့်ရှိခဲ့သည်။ တုံကင်ပင်လယ်ကွေ့မှ ဗီယက်နမ်နိုင်ငံသို့ ၀င် ရောက်တိုက်ခတ်ခဲ့ကာ အနောက်ဘက်သို့ ဆက် လက်ရွေ့လျားလာခဲ့သော တိုင်ဖွန်း မုန်တိုင်း ကိုင်တက်၏ မုန်တိုင်း အကြွင်းအကျန် များကြောင့် မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့၌ ဒေသအလိုက် မိုးကြီးနိုင်ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့ တွင် မိုး/ဇလဌာနက ထုတ်ပြန်ထားသည်။
ဩဂုတ်လဆန်းပိုင်းမှ စတင်ခါ ရေကြီးမှု များဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အတွင်း၌လည်း ကယ်ဆယ်ရေး စခန်း ပေါင်း ၁၅ ခုခန့်တွင် လူဦးရေတစ်သောင်း ခန့်ရွှေ့ပြောင်း နေထိုင်ရလျက်ရှိကြောင်း ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်လျက်ရှိသော ပုသိမ်မြို့မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ခံ ကိုဝေလုက ဩဂုတ် လ ၂၀ ရက်နေ့တွင် ပြောသည်။
"မိုးပြတ်သွားတာ နှစ်ရက်လောက်ရှိပြီဆိုတော့ ရေကတော့ နည်းနည်းပြန်ကျနေတယ်။ ရပ်ကွက် တော်တော်များများမြုပ်တယ်။ ခါတိုင်းနှစ်တွေလည်း ရေ၀င်ပေမယ့် အခုလောက်တော့ မဆိုးဘူး၊ ထိခိုက်သေဆုံးမှုတော့ မရှိပါဘူး" ဟု ၎င်းကပြောသည်။
ရေဘေးဒဏ် ခံစားရသူများအတွက် နိုင်ငံ ရေးနှင့်လူမှုရေးအဖွဲ့အစည်းများမှ ထမင်းထုပ် များ၊ ဆန်များ ကူညီထောက်ပံ့လျက် ရှိကြောင်း ၎င်းက ပြောသည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ င၀န်မြစ်ရေသည် ဩဂုတ် လ ၂၁ ရက်နေ့တွင် ပုသိမ်မြို့၌ စိုးရိမ်ရေမှတ် ၃၅၀ စင်တီမီတာ (၁၁ ဒသမ ၅ ပေ) အထက် ၁၁ စင်တီမီတာ (၀ ဒသမ ၃၆ လက်မ) ကျော်လွန် နေသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ ကန်ကြီးဒေါင့်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ငသိုင်းချောင်း၊ ရေကြည်၊ ပန်းတနော်မြို့နယ် များတစ်လျှောက်ရှိ ဒေသအများအပြားတွင် မိုးသည်းထန်မှုကြောင့် ရေမြင့်တက်မှုများရှိ ကြောင်း ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ ဩဂုတ်လနောက်ဆုံး ၁၀ ရက်ပတ် အတွင်း ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကာ မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုး/ ဇလဌာနမှ ခန့်မှန်းထားသည်။

သာပေါင်း၊ရေဘေးသင့်သူများ သောက်သုံးရေနှင့် အစားအစာအကူအညီ လိုအပ်လျက်ရှိနေ




သာပေါင်းမြို့နယ် ကျားရဲကျေးရွာမှ ကလေးငယ်များ ကယ်ဆယ် ရေးပစ္စည်းယူရန် သွားရောက်နေစဉ်။
ဓာတ်ပုံ၊ - ၊လွင်ကိုတိတ်
မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ နယ် ပတ်ဝန်းကျင်ရှိ ရှင်ကြီးပျောက် ကျေးရွာ၊ ကျားရဲ ကျေးရွာ၊ ကျားရဲပျောက် ကျေးရွာ၊ ကတတ်ရိုးကျေးရွာ၊ မဏ္ဍိုင် ကျေးရွာနှင့် ၀င်္ကပါကျေးရွာတို့အား တစ်လကျော်နီးပါး မိုးရေကြီးခြင်း နှင့် မြစ်ရေလွှမ်းမိုးခြင်းတို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးအရေးပေါ် အကူအညီ များလိုအပ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သာပေါင်းမြို့နယ်နှင့် အနီးတစ်ဝိုက် ရှိ ကျေးရွာများ၌ ဇွန်လတတိယပတ်မှ စတင်ခါ မိုးများ စတင်ရွာသွန်း လာခဲ့ပြီး နောက်ပိုင်း မိုးသည်းထန်ခြင်းကြောင့် နေအိမ်များ နစ်မြုပ်ခြင်း၊ ရေတိုက်စား ခြင်း၊ လယ်ယာမြေအားလုံး နီးပါး ရေလွှမ်း မိုးခံရခြင်းများ ကြုံတွေ့နေ ကြရသည်။
"နေလို့မရတော့ဘူး၊ ရေက ၀ါးတစ်ရိုက် ကျော်လောက် တက်နေတာလေ၊ အိမ် တွေမှာ ရေမြုပ်နေပြီး ခေါင်းမိုးနားကပ်ပြီး ဆင့်ရိုက်နေရတယ်၊ အ၀တ်တွေရေစိုနေ တာလည်း မခြောက်နိုင်၊ လဲရင် လဲ၊ ထိုင် ရင်ထိုင်၊ မှောက်လိုက် လှန်လိုက် နေနေရ တယ်။ မတ်တတ်ရပ်ချင်ရင် လှေနဲ့အပြင် ထွက်မှရတော့တယ်" ဟု အဆိုပါ ရေဘေးသင့်ဒေသများအား စေတနာ့ ၀န်ထမ်းအဖြစ်ကူညီနေသူ ဒေါ်နွယ်နွယ်က ပြောသည်။
ရှင်ကြီးပျောက်ကျေးရွာသည် လယ် ဧက စုစုပေါင်း ၅၈၀ နီးပါးရှိပြီး တစ်ဝက် ကျော်နီးပါးမှာ မိုးစပါးစိုက်ပျိုးပြီးဖြစ် သည်ဟု တောင်သူ များက ပြောသည်။ "မိုးစပါးစိုက်ဖို့ အစိုးရကထုတ်ချေးတဲ့ ကျပ် ၅၀,၀၀၀ လည်း ရပြီးပြီ။ ဒီမှာက ဆန်စပါးအထူးပြုကုမ္ပဏီလည်း မရှိဘူး၊ အခု စိုက်ထားသမျှ ရေထဲပါကုန်ပြီ။ အစအနတောင် ရှာမရဘူး။ ပြန်စိုက်ဖို့ငွေကို အတိုးပေးချေးရမှာ။ လယ်က တစ်ဧကကို မှ ကျပ်ခုနစ်သောင်းတောင် မမြတ်ဘူး။ အတိုးနဲ့စိုက်ရင် လုံးဝအရှုံးပဲ" ဟု ရှင်ကြီး ပျောက်ကျေးရွာမှ လယ် ၂၆ ဧကပိုင်ရှင် လယ်သမား ဦးမြင့်ဝင်းက ပြောသည်။

မြန်မာအပါအ၀င် ၁၀နိုင်ငံ သဘာဝဘေးအန္တရာယ်များကြောင့် စီးပွားရေးထိခိုက်မှုများနိုင်

 

 

Photo
ရန်ကုန်၊ သြဂုတ်-၁၆
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၁၀ နိုင်ငံမှာ ရေကြီးခြင်း အပူပိုင်းမုန် တိုင်း တိုက်ခတ်ခြင်းနှင့် ငလျင်လှုပ်ခြင်းများကြောင့် အဆိုပါ နိုင်ငံများ ၏ ဘဏ္ဍာရေးကို ကြီးမားစွာထိ ခိုက်နိုင်ကြောင်း   The Economic   မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
နိုင်ငံပေါင်း ၁၉၇ နိုင်ငံအား လေ့လာထားသော အင်္ဂလန်နိုင်ငံ အခြေစိုက်   Maplecroft   ဘေး အန္တရာယ် လေ့လာရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍   The Economic   သတင်းစာက ရေးသားထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအပါအ၀င် စီးပွားရေး များစွာထိခိုက်နိုင်သော နိုင်ငံဆယ်နိုင်ငံတွင် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် ဟွန်းဒူးရပ်စ်နိုင်ငံများလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။
“ဒီမှာက ရေကြီးတာအပြင် မိုးခေါင်တာပါ ကြုံနေရတာ။ အရင်ထဲက စီးပွားရေးက ကျနေတာကို ထပ်ကြုံရတော့ အတိုင်းအတာတစ်ခုထိတော့ စီးပွားရေးမှာ ထိခိုက်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်  ဥက္ကဋ္ဌ ဦးချစ်ခိုင်က သုံးသပ်သည်။
ဇူလိုင်လကုန်တွင် ရေကြီးခဲ့ ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ လယ် ၆ ဧက လုပ် ကိုင်သူ တောင်သူတစ်ဦးက ကျပ် တစ်သိန်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်။
ဆန်စပါးအဓိကစိုက်ပျိုး သော ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းဒေ သတို့တွင် ရေကြီးနစ်မြုပ်ခဲ့သော စပါးခင်းများမှ ထက်ဝက်ခန့် မှာပျက်စီးနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။    ထိုအတူ ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးသော စစ်ကိုင်းတိုင်း
တောင်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် မိုးခေါင်နေသဖြင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။
  
ယခုနှစ်တွင် မိုးခေါင်ခဲ့သဖြင့် ယာသုံးဧကလုပ်ခဲ့သော ပခုက္ကူ မြို့နယ်မှ တောင်သူဦးညွန့်ရွှေက ကျပ်သုံးသိန်းကျော်ဖိုး ဆုံးရှုံးခဲ့
ကြောင်း ပြောသည်။“ထိခိုက်မှုလျော့နည်းအောင်  အစိုးရအပါအ၀င် အရပ်ဘက်အဖွဲ့အစည်းတွေပါ ပူးပေါင်းလုပ်ရမယ့်အခြေအနေပါ”ဟု ဦးချစ်ခိုင် က ဆိုသည်။
  
တောင်တရုတ်ပင်လယ်ပြင်တွင် တစ်နှစ်ပျမ်းမျှမုန်တိုင်း ၂၉ လုံးဖြစ်ပေါ်ပြီး ထပ်မံဖြစ်ပေါ်ရန်ကျန်ရှိသေးကြောင်းနှင့် ယခုရေကြီးမှုမှာ ထိုမုန်တိုင်းမိုးများကြောင့် ပါဝင်ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။
  
  ထို့အပြင် ယခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းမဖြစ်သေးခြင်းနှင့် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်ခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် စိုးရိမ်ရ ကြောင်း ဦးထွန်းလွင်က ဆက် လက်ပြောသည်။ပြီးခဲ့သည့်နှစ် မိုစပါးရာသီ တွင်လည်း ရေကြီးနစ်မြုပ်ခဲ့သဖြင့် မိုးစပါးတင်သန်းပေါင်း ၁၇၇ သန်း အထွက်လျော့ခဲ့ပြီး နွေစပါးတွင် လည်း သန်းပေါင်း ၃၇ သန်းလျော့ ကျခဲ့သည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့စပါးကျီ ရေကြီးရေလျှံ

Photo


ဧရာဝတီတိုင်းသားတစ်ယောက်ဖြစ်ပြီး လူမှန်းသိတတ်စ အရွယ်ကတည်းက ရေကူးကျွမ်းကျင်ခဲ့သော အသက် ၅၄ နှစ်အရွယ် ဦးလှကြိုင်သည် သြဂုတ်လ ၁၃ ရက်က ရေနစ်သေဆုံးသွားခဲ့သည်။ ပုံမှန်ထက် ၁၀ ပေကျော် မြင့်တက်လာသော ရေပြင်တွင် ၎င်း၏သစ်သားလှေကို လှော်ခတ်ခဲ့ပြီး မိတ်ဆွေတစ်ယောက် အိမ်မှအပြန် ဓာတ်ကြိုးနှင့် တိုက်မိကာ ရေထဲသို့ ပြုတ်ကျသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေများ တလိမ့်လိမ့် မြင့်တက်လာသောကြောင့်
ဦးလှကြိုင်တို့၏ ဘုရားကုန်းကျေးရွာအပါအ၀င် သာပေါင်းမြို့နယ်တွင် ကာလရှည်ကြာ ရေလွှမ်းမိုးမှုကို တွေ့ကြုံနေကြရသည်။
သာပေါင်းမြို့နယ် အပါအ၀င် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး တိုင်းဒေသကြီးရှိ မြို့နယ် ၂၆ ခုတွင် ၂၄ ခုမှာ ရေကြီးမှုနှင့် ကြုံတွေ့နေရသည်။ ရေကြီးရေလျှံမှုဒဏ်ကို ပုသိမ်ခရိုင်က အဓိကခံစားနေရပြီး လူဦးရေသုံးသောင်းကျော်သည် ယာယီကယ်ဆယ်ရေးစခန်းများ၌ နေထိုင်နေရကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ခရိုင်ကြီးကြပ်ရေးကော်မတီက ဆိုသည်။
ရေနက်ကွင်းဒေသဖြစ်သော သာပေါင်းမြို့နယ်သည် ရေလွှမ်းမိုးမှုဒဏ် အဆိုးဆုံးခံနေရပြီး လူဦးရေ ရှစ်သောင်းခွဲခန့် ရေဘေးသင့်ခဲ့ကာ ရေဘေးဒုက္ခသည် ၁၂,၀၀၀ ကျော်သည် ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်း ၅၀ ကျော်၌ ရောက်ရှိခိုလှုံနေရသည်။

ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် ရေကြီးမှုများဖြစ်ပေါ်နေ





ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် သြဂုတ်လဆန်းပိုင်းမှ စတင်၍ ရေကြီးမှုများ ရက်ရှည်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ သနပ်ပင်မြို့သည် စစ်တောင်းမြစ်ရေကြီးမှု၏ အကျိုးဆက်ကို ပဲခူး-စစ်တောင်းတူးမြောင်းမှ တဆင့် ခံစားနေရခြင်းဖြစ်သည်။ ဤကဲ့သို့ ရေကြီးမှုများဖြစ်ပေါ်နေမှုကြောင့် သနပ်ပင်မြို့အထက်တန်းကျောင်း အပါအ၀င် စာသင်ကျောင်းအချို့ ပိတ်ခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရေအနည်းငယ် ပြန်လည်ကျဆင်းသွားသဖြင့် သနပ်ပင်မြို့ အထက်တန်းကျောင်းပြန်လည် ဖွင့်လှစ်နေပြီဖြစ်သော်လည်း အချို့မှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသတင်းဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန်ချဲ့ထွင်၍ လုပ်ကြံထုတ်လွင့်နေသည့် သတင်းအမှားများ ကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဖွဲ့အစည်းအချို့ကသော်လည်းကောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူကွဲပြားသော ဘာသာ နှစ်ခုအကြားဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  ပြဿနာလည်း မဟုတ်ကြောင်း၊ ရာ ဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ သာဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား (၃၁)ဦး၊ ဘင်္ဂါလီလူမျိုး (၅၇)ဦးစုစုပေါင်း ၈၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။

Thursday, August 16, 2012

သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ

သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ

fng-press
 
123
 
9
 
i
 
မဲပေးပါ
Quantcast

HKT  မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က လှို့ ဝှက် စွာ ခေါ် ယူ တွေ့ ဆုံ ပြီး လက် ရှိ တာဝန်ထမ်း
ဆောင် နေသည့် ပြန်ကြား ရေး ၀န်ကြီး ရာထူးနေရာ မှ နှုတ်ထွက် စာ တင် ရန် တိုက်တွန်း
ချက် ကို ဦးကျော် ဆန်း က လက်မခံ ဘဲ ပယ် ချ လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။
ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို့  ၏ သမ္မတ အိမ်တော် တွင်
သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ဦးကျော်ဆန်း အား ဖိတ် ခေါ် ပြီး နှုတ်ထွက် ပြီး အနားယူရန်
တိုက် တွန်း သော်လည်း ဦးကျော် ဆန်း က ငြင်းဆန် ခဲ့ သည်။

ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ ကို အရေးယူမည်

ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ ကို အရေးယူမည်

46_8_1344498840_98_ham_ngam
 
35
 
5
 
i
 
မဲပေးပါ
Quantcast

ရုရှား နိုင်ငံ ရှိ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် က မြေတိုက် ခန်း တွင် နှစ် ပေါင်း များ စွာ
ပိတ်လှောင် ခံထား ရသည့် ကလေး များ ကို ရုရှား အာဏာ ပိုင်များ က ပြန်လည် ကယ် တင် နိုင်
ခဲ့ ပြီ ဖြစ်သည်။
မြေတိုက် ခန်း ထဲ တွင် ပိတ်လှောင် ခံထား ရစဉ်  ကလေးများ မှာ နေရောင် ကို လုံးဝ မြင်ရ ခြင်း မရှိဘဲ
ချမ်းအေးသည့် ရာသီ များ တွင် အပူပေး စက် များ ဖွင့် လှစ် ပေး ခဲ့ ခြင်း မရှိ ဟု CNN သတင်း
တွင် ဖော် ပြ ထား သည်။
ပိတ်လှောင် ခြင်းခံထား ရသူများ ကို ပြန်လည် ကယ် တင် ရာ တွင် ကလေးများ နှင့် အရွယ် ရောက်
ပြီး သူများ မှာ ကျန်းမာ ရေး ကောင်း မွန် သော်လည်း ၊ ညစ်ပတ် နံစော် လျှက် ရှိသည် ဟု ရုရှား 
ကယ် ဆေး ရေး အဖွဲ့  များ က ဆိုသည်။ 
ကလေးများ ကို ဖမ်းဆီးထားသည့် တာတာစတန် ဒေသမှ မွတ်ဆလင် ဗလီ
ကလေးများ ကို ဖမ်းဆီးထားသည့် တာတာစတန် ဒေသမှ မွတ်ဆလင် ဗလီ
ဖမ်းဆီး ခံထားရသူများ တွင် ၂၇ ဦး မှာ ၁၈ နှစ် အောက် ကလေးများ ဖြစ် ပြီး  ၃၈ ဦးမှာ အရွယ် 
ရောက် ပြီး သူများ ဖြစ်ကြ သည်။ ကယ် ဆယ် နိုင်ခဲ့ သည့် ကလေး များ တွင် အသက် ၁ နှစ်မှ
၁၈ နှစ် အရွယ် ထိ ပါ ၀င် ပြီး အချို့ မှာ ထို မြေအောက် ဘန်ကာ ထဲ တွင် ပင် မွေးဖွား ခဲ့ ခြင်း ဖြစ်
သည်။

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ

Than Shwe
 
17
 
7
 
i
 
မဲပေးပါ
Quantcast

မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု ကွန်ယက်
တစ်ခု ဖြစ်တဲ့ Facebook ကို သုံးစွဲ နေ ပြီး  မိတ်ဆွေ ဆယ်ဦး လောက်သာ ရှိတယ် လို့  ဆို
တဲ့ သူ့  ရဲ့  Facebook နာမည် နဲ့  မြန်မာ သတင်း တွေ ၊ ဆွေးနွေး မှု မှတ် ချက် တွေ ကို လိုက်
လံ ကြည့် ရှု တယ် လို့  ဆို ပါတယ်။

အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင်

အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင်

8.15.2012-waverider
 
16
 
0
 
i
 
မဲပေးပါ
Quantcast

Update အမေရိကန် လေတပ် က အင်္ဂါ နေ့  တွင် တတိယ အကြိမ် စမ်းသပ်ခဲ့ သည့် 
အသံထက် ခြောက်ဆမြန်သည့် လေယာဉ် မှာ တစ်နာရီ လျှင် မိုင် ၄၆၀၀ ကို မရောက်
ရှိ ခင် မှာ ပင် ထိမ်းချုပ် မှု စနစ် ချို့  ယွင်း ကာ ဝေဟင် ထဲ တွင် ဖျက် ဆီး ပြစ် လိုက် သည်
ဟု ပင်တာဂွန် က သတင်း ထုတ် ပြန် သည်။

X-51A Waverider  ကို စက္ကန့်  ၃၀၀ ခန့်  ပျံ သန်း နိုင် ပြီး မျှော်မှန်းထား သည့် အနေအထား
ရောက်ရှိ မည် ဟု မျှော် လင့် ခဲ့ ကြ သော်လည်း ပင်မ အင်ဂျင် နှင့် တွန်းအား ပေး ဒုံး ပြဿနာ
ကြောင့် ၁၆ စက္ကန့်  သာ ပျံ သန်း နိုင်ခဲ့ သည်။

တစ်စက္ကန့် လျှင် အမြန်နှုန်း 1 GB ရှိသည့် အင်တာနက် ၀န်ဆောင်မှု ကို Google စတင်


တစ်စက္ကန့် လျှင် အမြန်နှုန်း 1 GB ရှိသည့် အင်တာနက် ၀န်ဆောင်မှု ကို Google စတင်

fiber_20120727051550_640_480
 
20
 
0
 
i
 
မဲပေးပါ
Quantcast

သတင်း ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ကြီး တစ်ခု ဖြစ်သည့် Google က အမေရိကန် နိုင်ငံ
တွင်း ရှိ အင်တာနက် ၀န်ဆောင်မှု များ ၏ ပျမ်းမျှ မြန်နှုန်း ထက် အဆ ၁၀၀ ပိုမို သာ လွန် မှု ရှိ
သည် ဟု ဆိုသော  Google Fiber အင်တာနက် ၀န် ဆောင် မှု ကို ကန်ဆပ်(စ) စီတီး မစ်ဇူရီ
ပြည်နယ် တွင် စက်တင်ဘာလ မှ စပြီး စတင် တော့ မည် ဖြစ်သည်။ 

Fiber ၀န်ဆောင်မှု ကို မတ်လ က ကန်းဆပ်(စ) စီတီး ကန်းဆပ်(စ) မြို့  တွင် စတင် ခဲ့ ပြီး နောက်
နောက် ထပ် တစ် မြို့  တိုးချဲ ခဲ့ ခြင်း ဖြစ်သည်။ ကနီဦး တပ် ဆင် ခ ဒေါ်လာ ၃၀၀ ကျသင့် မည် ဖြစ်
ပြီး တစ်နှစ် စာ ချုပ် သက် တမ်း အတွက် တစ်လလျှင် ဒေါ်လာ ၇၀ ၀န်ဆောင် ကြေး ပေး ရမည်
ဖြစ်သည်။
ရုပ်သံ လိုင်း ပါ ပါဝင်ပါ က တစ်လလျှင် ဒေါ်လာ ၁၂၀ ကျသင့် မည် ဖြစ်သည်။  ရံဖန် ရံ ခါ တွင်
မြန်မာ နိုင်ငံ တွင်း ရှိ အင်တာ နက် မြန်နှုန်း ထက် ပင် ပိုမို မြန်ဆန်သည့် 5Mbps ဆိုလျှင် Google
က တပ် ဆင် ကြေး သာ ယူ၍ ၀န်ဆောင်ခ ယူမည် မဟုတ် ဟု Google Fiber ဘလောက် တွင်
ကြေငြာထား သည်။
Google ၏ မြန်နှုန်း မြင့် အင်တာနက် ၀န်ဆောင်မှု သည် အမေရိကန် နိုင်ငံ တွင်း ရှိ အခြား အင်တာ
နက် နှင့် ရုပ်သံ လိုင်းများ ဖြစ်သည့်   Comcast နှင့် Dish Network  တို့  ၏ ဈေးကွက် ကို စိမ်
ခေါ် ရာ ရောက် နေသည် ဟု Tech Crunch က ရေး သား ထား သည်။
ကန်းဆပ်(စ) စီတီး မှ အင်တာနက် သူဆွဲ သူ ဖေဘီယန် ရူဒေါဖ် က မကြုံ ဘူး တဲ့ အမြန်နှုန်း ပဲ မိုး
ပြို ဆင်း လာသ လို ပဲ ဟု CNET ကို ပြောသည်။
အင်တာနက် နှင့် ရုပ်သံ တွဲဖက် ထား သည့် ၀န်ဆောင်မှု ကို ရယူလျှင် ဒေါ်လာ ၃၀၀ နီးပါး တန်ကြေး
ရှိသည့် Google Nexus 7 tablet ကို အခမဲ့ ရရှိ မည် ဖြစ်သည်။
လစဉ် အမြတ်ငွေ ဒေါ်လာ သန်း ထောင်ချီ ရှိသည့် Google ၏ အင်တာနက် ၀န်ဆောင် မှု တွင် ဖိုင်
ဘာ ဖန်မျှင် ဆက်သွယ် မှု ကို အသုံး ပြုထား သည်။

Google Fiber

Tuesday, August 7, 2012

အိန္ဒိယရေတပ်မှ ဒုတိယအကြီးဆုံး သင်္ဘောကြီးက ရန်ကုန်အပါအ၀င် ဆိပ်ကမ်း၁၃ခုကို ခရီးဆန့်မည်


အိန္ဒိယ ရေတပ်မတော်သည် မြန်မာအပါအ၀င် အရှေ့တောင်အာရှ ကိုးနိုင်ငံကို ရေကြောင်းမှတစ်ဆင့် ရက်ပေါင်း ၁၉၂ရက်ကြာအောင် ဆိပ်ကမ်းမြို့များသို့ လှည့်လည်ဆိုက်ကပ်မည်ဖြစ်ကြောင်း၊Bernama သတင်းဌာနက ရေးသားဖော်ပြသည်ကို ၂၅-၇-၂၀၁၂ ရက်က သိရသည်။ The INS Sudarshini အမည်ရှိအဆိုပါ အိန္ဒိယရေတပ်မတော် သင်္ဘောကြီးမှာ စက်တင်ဘာလ၁၅ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်ကာ ၂၀၁၃မတ်လ၂၆ရက်တွင် ပြန်လည်ရောက်ရှိမည် ဟုသိရသည်။ ''ဒီမစ်ရှင် (Mission)လေးကတော့ အာဆီယံနဲ့ အိန္ဒိယနိုင်ငံကြားမှာ လာမယ့်၁၀နှစ်စာ အတွက်ကြိုတင်ပြီး ချစ်ကြည်မှုယူသလိုမျိုး ဖြစ်နေသလို ဒေသတွင်းလေ့လာရေး ခရီးစဉ်တစ်ခုပုံစံမျိုးပါပဲ'' ဟု အဆိုပါသင်္ဘောမှ အရာရှိတစ်ဦးဖြစ်သူ Admiral Satish Soniက ပြောကြားသည်။ အိန္ဒိယနိုင်ငံတွင် ရေတပ်၌ ဒုတိယအကြီးဆုံးဖြစ်သော အဆိုပါသင်္ဘောအနေဖြင့် အာဆီယံကိုးနိုင်ငံမှ ဆိပ်ကမ်း၁၃ခုဖြစ်သော ပါဒန်၊ ဘာလီ၊ မန်နာဒို၊ပို့မော်ရာ၊ စီဘူး၊ မနီလာ၊ ဒါနန်း၊ သီဟာနုဗီးလ်၊ ဘန်ကောက်၊ စင်ကာပူ၊ ပို့ကလန်၊ ဖူးခက်နှင့် ရန်ကုန်တို့ဖြစ်ကြောင်း သိရကာရက်ပေါင်း ၁၉၂ ရက်အတွင်း ဆိပ်ကမ်းတစ်ခုကပ်စဉ် ကာလအတွင်း သင်္ဘောလိုင်းဆိုင်ရာနှင့် ပတ်သက်သော ဆွေးနွေးမှုများ ဗဟုသုတမျှဝေကြခြင်းများ လုပ်ဆောင်မည် ဟုသိရသည်။

ရန်ကုန်ဧရိယာအတွင်း၌ ဒလရေအောက် ဥမင်ဖောက်လုပ်ခြင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံချက်


ရေအောက်ဥမင်လမ်းများ ဖောက်လုပ်ရေးအတွက် ဂျပန်နိုင်ငံတွင် 
 အသုံးပြုပြီးသားစက်များကို မြန်မာနိုင်ငံက ပြန်လည်သုံးစွဲခွင့်ရရန် အဆိုပြုဆွေးနွေးထားမှုများ ရှိနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးထံမှ ၁၇-၇-၂၀၁၂ရက်က သိရသည်။ မြန်မာနိုင်ငံတွင် ရေအောက်ဥမင်လမ်း ဖောက်ခြင်း နည်းပညာကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ခြင်းမရှိသေးဘဲ နည်းပညာအပါအ၀င် စက်ပစ္စည်းများကိုပါ ပံ့ပိုးပေးနိုင်မည့်နိုင်ငံ လိုအပ်နေကြောင်းသိရသည်။ ''ဆောက်လုပ်ရေး ၀န်ကြီးဌာနကတော့ ဂျပန်ကို အဆိုပြုလွှာတွေ တင်ထားတာရှိတယ်လို့ သိရတယ်။ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး နည်းပညာတွေအတွက် နိုင်ငံတကာအကူအညီ အများကြီးလိုနေတယ်။ အထူးသဖြင့် ဥမင်လိုဏ်ခေါင်း (Tunnel)လို ကိစ္စမျိုးပေါ့။ Tunnelအတွက် ဂျပန်နိုင်ငံက တစ်ပတ်နွမ်းစက်တွေကို မြန်မာနိုင်ငံကို ရောင်းပေးဖို့ဒါမှမဟုတ် ငှားပေးဖို့ ဆွေးနွေးတောင်းဆိုထားတာရှိတယ်။ ဒါမှ ကုန်ကျစရိတ် သက်သာမှာလေ။ သူတို့ဘက်က စဉ်းစားပေးပါ့မယ်လို့ ပြောတယ်'' ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းဥက္ကဋ္ဌ (ငြိမ်း) ဦးဟန်ဇော်က ပြောကြားသည်။
ရန်ကုန်ဧရိယာအတွင်း၌ ဒလရေအောက် ဥမင်ဖောက်လုပ်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံချက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေဖိတ်ခေါ်ရမည့် အနေအထားတွင် ရှိနေသည်ဟုသိရသည်။  ''ဒလရေအောက်ဥမင်ဆိုရင် မြို့ပြဖွံ့ဖြိုးမှုနဲ့ တိုးချဲ့မှုတွေအတွက် လိုအပ်ချက်တစ်ခုပဲ။ ဥမင်ကို တစ်နေရာမှာ တည်ဆောက်အပြီးမှာ ရေအောက်မှာ မြှုပ်တာမျိုး ဒါမှမဟုတ်စက်တွေနဲ့ ရေအောက်မှာ တူးတာမျိုးတွေက ဂျပန်နိုင်ငံလိုမျိုးမှရမှာ'' ဟု ဦးဟန်ဇော်က သုံးသပ်ပြောကြားသည်။

aug 5 .ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။




ကမ္ဘာမှာ မူစလင်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။
အနောက်ဂျားဗား ရှိသူ့ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနို က သူ့ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေ ကို တတ်နိုင်သမျှ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နဲ့ ဘက်မလိုက်ဘဲ ကြိုးစား ရှင်းပြနေတာဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်၊

ရခိုင်- ရိုဟင်ဂျာ ပဋိပက္ခ ဟာ ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြားဖြစ်ပွါးတဲ့ ပဋိပက္ခ သာဖြစ်ပြီး အကြောင်းတိုက်ဆိုင်လို့ ရိုဟင်ဂျာ တွေက မူဆလင်ဖြစ်ပြီး ရခိုင်တွေက ဗုဒ္ဓဘာသာ ဖြစ်နေတာ သာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားသမ္မတ ကပြောပါတယ်


ရိုဟင်ဂျာတွေဟာ ဘင်ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ ဒါပေမဲ့ မျိုးဆက်
လေးဆက်လောက်နေထိုင် လာတဲ့ သူတို့ ကို မြန်မာ အစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထဲ့သွင်းမှု မရှိသေးဘူး လို့  လည်းပြော ပါတယ်။

ဒီပဋိပက္ခမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ကနေ ၅၃၀၀၀ ထိ များပြားလါကြောင်း၊ စာရင်းအရ ရခိုင် ဒုက္ခသည် ၂၄၀၀၀ ရှိနေကြောင်း ၊ဝေဖန်သူတွေက မြန်မာအစိုးရ ဟာ ရခိုင်တွေကို ဦးစားပေး နေတယ်လို့ 
ဆိုကြပေမဲ့ တဖက်မှာလည်း ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂ ရဲ့ အကူအညီ အထောက်အပံ့ ပိုရနေတယ်လို့ ရခိုင်တွေက သတိမူ သဘောပေါက် ထားကြောင်းလည်း ပြောဆိုပါတယ်၊

မြန်မာနိုင်ငံက ပြဿနာဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ သံတမန် လမ်းကြောင်း က တတ်နိုင်သမျှဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ထံလည်း အင်ဒိုနီးရှားနိုင်ငံ ရဲ့မျှော်လင့်မှုတွေ နဲ့ပတ်သက် လို့ စာစောင်ပေးမို့ မယ်ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။

Saturday, August 4, 2012

Gmail Hack လိုချင်သော သူငယ်ချင်းများ အတွက်


Gmail Hack လိုချင်သော သူငယ်ချင်းများ အတွက်

Gmail Hack လေးဖြစ်ပါတယ်။ မေးဟက်ရတာ ဝါသနာ ပါသော သူတစ်ပါး အကောင့်တွေ စမ်စုတာ ဝါသနာပါသော သူငယ်ချင်းများ အတွက် ရည်ရွှယ်၍ တင်ပေးလိုက်ပါတယ်။ သုံးရတာ အရမ်းလန်းပါတယ်။ ဒီ ဆော့ဝဲလ် လေး အတွက် ကျေးဇူးတင်စရာမလိုပါဘူး ... လိုချင်ဆိုရင် အောက်မှာ ဒေါင်းလိုက်ပါ။



အပေါ်ကနေရာမှာ မရရင် အောက်မှာဒေါင်းလိုက်နော်....

1: http://www.mediafire.com/?gnh9gq1dpkjcu8c
2: http://www.filejumbo.com/Download/C01B310449190D1C
3: http://www.ziddu.com/download//.html


ဒီပိုစ့်လေး ဖြစ်မြောက်ရေး အတွက် ဆော့ဝဲလ်လေး ကူညီပေးသော masterkhan30000 အား အထူး ကျေးဇူးတင်ပါသည်။

၃. ၈. ၂၀၁၂ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတာရာယာ အနီး မြန်မာဆိုင်တန်းရှိ မြန်မာ့ဥယျာဉ် ဆိုင်အား ရိုအင်ဂျာ အယောက် ၆၀ ခန့်က ၀င်ရောက်စီးနင်းတိုက်ခိုက်













၃. ၈. ၂၀၁၂ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတာရာယာ အနီး မြန်မာဆိုင်တန်းရှိ မြန်မာ့ဥယျာဉ် ဆိုင်အား


 ရိုအင်ဂျာ အယောက် ၆၀ ခန့်က ၀င်ရောက်စီးနင်း လုယက် တိုက်ခိုက်
မှုများ ပြုလုပ်ခဲ့သည်။ ထိုနေ့ မနက်ပိုင်းက ရိုအင်ဂျာများသည် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း ဆန္ဒပြခဲ့သေးသည်။ ထိုမှအပြန်တွင် ၀င်ရောက် စီးနင်းတိုက်ခိုက်
လုယက် ဖျက်ဆီးခဲ့သည်ဟု ယူဆရသည်။ ရိုအင်ဂျာများသည် မလေးရှားနိုင်ငံတွင် မလေးရှားသူများကို လက်ထပ်ပြီး နိုင်ငံသားခံယူရန် ကြိုးစားနေသူများ၊ မလေးရှားနိုင်ငံသား
ဖြစ်သွားသူများ အများအပြားရှိကြောင်းလည်း သိရသည်။ ထိုသူများမှာ မလေးရှားနိုင်ငံ ရိုအင်ဂျာ အဖွဲ့အစည်းများတွင် ပါဝင်နေပြီး နောက်ကွယ်မှ ပံ့ပိုးပေးနေသည်ဟုလည်း ၏သိရသည်။

အဆိုပါ ရိုအင်ဂျာများ မြန်မာ့ဥယာဉ်ဆိုင်တွင်းသို့ ၀င်ရောက်လာစဉ် ဆိုင်တွင်းမှ CCTV ဖြင့် လှမ်းမြင်နေရသဖြင့် အ၀င် ပထမ ဂိတ်တံခါးကို ဖွင့်မပေးဘဲ နေခဲ့သည်။ ထိုအခါ
တံခါးကို အတင်း ဓါးဖြင့်ခုတ် တုတ်ဖြင့်ရိုက်ကာ သူတို့၏ ဗီဇအတိုင်း တွေ့ရာမြင်ရာကို ဖျက်ဆီးခဲ့ကြသည်။ ဆိုင်အတွင်း ၀င်ခွင့်မရသဖြင့် ခဲဖြင့် ထုနှက်လိုက်ရာ ဆိုင်အတွင်း
တပ်ဆင်ထားသော မှန်များ ကွဲကြေပြီး ပစ္စည်းအချို့ ပျက်စီးသွားခဲ့သည်။ ဆိုင်အတွင်းတွင် ပိတ်မိနေသော ဈေးဝယ်သူများနှင့် ဆိုင်ရှင်များမှာ ပိတ်မိကြောက်လန့်နေခဲ့သည်။
ဆိုင်ရှင်က ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသဖြင့် ရဲကား သုံးစီး ရောက်လာပြီး ဖြစ်ပွားနေသော ဖျက်ဆီး တိုက်ခိုက်မှုကို တားဆီးခဲ့သည်။ ထို့နောက် လုယက်ဖျက်ဆီးသူ
ရိုအင်ဂျာ ၆ ယောက်ကို ရဲမှ ဖမ်းဆီးခဲ့သည်။

 ပြီးခဲ့သည့် လပိုင်းက ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ အရေးအခင်းများ ဖြစ်ပွားချိန်က မလေးရှားရှိ အဆိုပါ ရိုအင်ဂျာအဖွဲ့အစည်းသည် မိဘမေတ္တာဆိုင်မှ
ဆိုင်ရှင် ရခိုင်လူမျိုး ကိုသန်းလူ (ခ) မိုက်ကယ်ကို ၀ိုင်းရိုက်ခဲ့ကြသေးသည်။ ထို့အပြင် မလေးရှားနိုင်ငံ ဂျိုဟိုးတွင်လည်း ၄င်းတို့၏ တိုက်ခိုက်မှုကြောင့် ရခိုင်လူငယ်တစ်ဦး
သေဆုံးသွားခဲ့သည်။ ယခု မြန်မာ့ဥယျာဉ်ဆိုင်မှာလည်း ရခိုင်လူမျိုးပိုင် ဆိုင်တစ်ဆိုင်ဖြစ်သည်။ ထို ရိုအင်ဂျာများသည် မလေးရှားနိုင်ငံရှိ ရခိုင်များကို ချေမှုန်းကာ အမြစ်ဖြုတ်
မည်ဟု ကြုံးဝါးထားကြသည်။ ထို့ကြောင့် မလေးရှားနိုင်ငံရှိ ရခိုင် လူမျိုးများ သတိဝိရိယဖြင့် နေထိုင်ကြပါရန် သတိပေးအပ်ပါသည်။
ကိုပြည်ချစ် (မလေးရှား)

aug 4 အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က မြန်မာကို ခြိမ်းခြောက်

 

 ပစ်ဒဏ်ကျခံနေရတဲ့ ဘာသာရေးခေါင်းဆောင် အဘူဘာရှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆက်လက် ဖိနှိပ်ရင် 

 ဂျီဟတ် ဘာသာရေး စစ်ပွဲတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အင်ဒိုနီးရှား နိုင်ငံက ထောင်ကျနေတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ အဘူ ဘာကာ ဘာရှာက ခြိမ်းခြောက် လိုက်ပါတယ်။

ဒီလိုပြောကြားတဲ့စာကို သူ့နောက်လိုက်တွေရဲ့ အင်တာနက် စာမျက်နှာမှာ ကြေညာတဲ့အပြင် အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကိုလည်း သောကြာနေ့ နေ့စွဲနဲ့ စာရေးသား ပေးပို့ခဲ့ပါတယ်။


အခုလို ခြိမ်းခြောက်မှုဟာ ဘယ်လောက် လက်တွေ့ကျသလဲဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီ အင်ဒိုနီးရှားဌာန အယ်ဒီတာ Liston Siregar ကတော့ အဘူ ဘာကာ ဟာ ဝါဒစွဲ ပြင်းထန်တဲ့ မွတ်စလင်တခိျု့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အခုအခါ ထောင်ကျနေလို့ သူရဲ့ကွန်ယက်ဟာ အရင်ကလောက် ထိရောက်မှုမရှိကြောင်း လူငယ် မွတ်စလင်တွေ ကြားမှာတော့ စိတ်ဝင်စားမှု ရှိနိုင်ကြောင်း တကယ်တမ်း လက်တွေ့ တိုက်ခိုက်ဖို့ ဆိုတာ ပြည်ပမပြောနဲ့ အင်ဒိုနီးရှား ပြည်တွင်းမှာတောင် ဖြစ်နိုင်ပါ့မလားလို့ လူအများက မေးခွန်းထုတ်နိုင်တယ်လို့ ပြောပါတယ်။


အသက် ၇၄ နှစ်အရွယ် အဘူ ဘာကာဟာ အာချေးမှာရှိတဲ့ အကြမ်းဖက်အဖွဲ့ကို ကူညီထောက်ပံ့မှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ် သာသနာ ရေးရာ ကောင်စီ အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေကတော့ အစ္စလမ် ဘာသာဝင်အများစုကတော့ အကြမ်းဖက်မှုကို ရှုံ့ချကြောင်း ဥပဒေ စိုးမိုးမှုသာ လိုလားကြောင်း ပြည်တွင်းက အစ္စလာမ်တွေနဲ့ အခုထုတ်ပြန်ချက်တွေ ဘာမှ မပတ်သက်ကြောင်း ဘီဘီစီကို ပြောကြား သွားပါတယ်။


ဘီဘီစီ - မြန်မာဌာန

ရုံးခန်းဌားလိုသော သူများအတွက် (မလေးရှား)


ရုံးခန်းဌားလိုသော သူများအတွက် အဆင်ပြေစေရန်အတွက် တင်ပေးလိုက်ပါတယ်။

မလေးရှားနိုင်ငံအတွင်း မိန်းကလေးများသီးသန့် အလုပ် (၁၈)


မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော် မြန်မာ စားသောက်ဆိုင်တန်းတွင် ကပ်ထားသော အလုပ်အကိုင် လိုချင်သော သူများအတွက် အလုပ်ခေါ်စာ ကြေငြာချက်လေး ဖြစ်ပါတယ်။ မြန်မာများအတွက် အသုံးဝင်မယ် ထင်လို့ ဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်တာပါ။ အလုပ်ရှာနေသော အလုပ်လိုနေသော သူများ သေချာ ဆက်သွယ် ဆွေးနွေး စုံစမ်းပြီးမှ အလုပ်လုပ်ကြပါ။ ကောင်းတာ မကောင်းတာက မိမိနဲ့ သက်ဆိုင်ပါတယ်။

News Information & Online Radio Media (Malaysia) မှ မလေးရှားရောက် ရွှေမြန်မာများအတွက် သတင်းများနှင့် အရေးကြီးသော အကြောင်းအရာများကို အချိန်မှီ တင်ပြပေးလျက် ရှိနေပါတယ်။ မလေးရှား ရောက် ရွှေမြန်မာများ အနေဖြင့် သတင်း ၊ ဆောင်းပါး ၊ ကဗျာ ၊ သုတ ၊ ရသများ ဆောင်ရန် ရှောင်ရန်ကိစ္စများကို သိရှိပြောပြလိုပါက အခုဝဘ်ဆိုက် စာမျက်နှာမှာရှိတဲ့ ဆက်သွယ်ရန်ဆိုတဲ့ နေရာလေးမှာ မိမိတို့ ပြောလိုသော အကြောင်းအရာများကို အသေးစိပ် ရေးသားပေးပို့ တင်ပြနိုင်သလို nayzawlin1@gmail.com ကိုလည်း ဆက်သွယ် နိုင်ပါတယ်။

အထူး သတိပေးချက် အနေဖြင့် (ယခုရက်ပိုင်းအတွင်း မလေးရှား နိုင်ငံအတွင်း နေထိုင်သော ရွှေညီအစ်ကိုများ လူစည်ကားသော နေရာများနှင့် ကေအယ်ရှိ ရထားဂိတ် ကားဂိတ်များတွင် ရှောင်တခင် စစ်ဆေးမှုများနဲ့ လုယက်မှုများ ၊ လိမ်လည်မှုများ ရှိနေပါ၍ ညနေပိုင်း အချိန်များတွင် ခရီးသွားလာမှုများအား ဂရုစိုက် သတိပြု သင့်ပါတယ်။

အထူး သတိပေးချက် အနေဖြင့် ကေအယ် ကိုတာရာယာ ကုန်တိုက်တွင် ရွှေမြန်မာများ ဖုန်းဝယ်ပါက အထူးသတိပြုပါ။ ဈေးနည်း တယ်ဆိုပြီး မဝယ်ပါနှင့် လက်မှတ်ထိုးခိုင်းပြီး ငွေအလိမ် ခံရတတ်ပါသည်။ ခရီးသွား အပြင်ထွက်သော အချိန်တွင် တစ်ယောက်တည်း သွားလာမှုများကို ဆင်ခြင်၍ သူငယ်ချင်းများနှင့် ခရီးသွားလာ သင့်ပါကြောင်း) ဆက်လက်၍ သတိပေးချက် အနေဖြင့် မလေးရှားနိုင်ငံ၏ နှစ်သစ်ကူး အချိန်ဖြစ်သော HARI RAYA အချိန်ဖြစ်ပါ သောကြောင့် မလေးရှားနိုင်ငံအတွင်း လူစည်ကားသော အချိန်ဖြစ်ပါသည်။ အပြင်သွားလာပါက မိမိ၏ ဖုန်းများ ပိုက်ဆံအိပ်များကို သတိထား သိမ်းဆည်းကြပါ။ ရွှေမြန်မာများ ဘေးရန် ကင်းဝေး စေရန် အတွက် အသိပေးအပ်ပါသည်။

နောက်ထပ် အလုပ်ကြေငြာချက် လေးတွေကို ထပ်တွေ့ရင် ရွှေမြန်မာတွေ အတွက် တင်ပေးသွားမှာပါ။ မလေးရှားရောက် မြန်မာများ အားလုံး ဘေးရန် ကင်းကွာ၍ အလုပ်အကိုင်ကိစ္စများ အဆင်ပြေကြပြီး ကောင်းမွန် သာယာလှပသော အနာဂတ် မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရ


တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရတရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် စတင် လိုက်သည်။

မဲဆောက်မြို့ပြင်ရှိ မဲ့ကဆာ ရွာအမှတ် ၂၆၁ ရပ်ကွက် ၁ဝတွင် တည်ရှိသည့် စိုင်းမွန်းအမှတ်တံဆိပ် ဖိနပ်စက်ရုံကို ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက မဲဆောက်အာဏာပိုင် များက ရှောင်တခင် ဝင်ရောက်စစ် ဆေးခဲ့ပြီး တရားမဝင်အလုပ်လုပ် ကိုင်နေသည့် မြန်မာအလုပ်သမား ၆၈ ဦးကို ထိုင်းရဲက ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

ရှောင်တခင်ဖမ်းဆီးမှုတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာနိုင်ငံ မြဝတီဘက်သို့ နယ်နှင်ဒဏ်ပေးမည်ဖြစ်ပြီး အလုပ်ရှင်ကို ဥပဒေအရ အရေးယူမှုများ ဆောင် ရွက်သွားမည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက သတင်း ထောက်များကို ပြောသည်။

အဖမ်းခံရသူများကို မဲဆောက် ရှိ ထိုင်းလဝကအချုပ်တွင် ချုပ်နှောင်ထားပြီး အမျိုးသမီး ၄၈ ဦးနှင့် အမျိုးသား ၂ဝ ဦးဖြစ်ကာ ၄င်းတို့ အမှုအတွက် လိုက်ပါဆောင်ရွက်ပေး မည့် အဖွဲ့အစည်းများ မရှိသေးဟု အလုပ်သမား များက ပြောသည်။ အဆိုပါ ဖမ်းဆီးမှုသတင်း ကြောင့် မဲဆောက်ရှိ စက်ရုံ၊ အလုပ် ရုံများက ၄င်းတို့၏ အလုပ်သမား များကို ခေတ္တတိမ်းရှောင်မှုများ ပြု လုပ်စေပြီး အချို့စက်ရုံများ လုပ်ငန်းလည်ပတ်မှု ရပ်နားထားသည်ဟု မြန်မာအလုပ် သမားအရေး ဆောင် ရွက်နေကြသည့် အဖွဲ့များက ပြောသည်။

မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း မြန်မာအလုပ်သမား လေးသိန်းခန့် ရှိသည့်အနက် တရားဝင်အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသည့် အရေ အတွက်မှာ လေးသောင်းခန့်သာရှိသည်ဟု ထိုင်းအလုပ်သမားရုံး၏ မှတ်တမ်းများအရ သိရှိရသည်။

မဲဆောက်ရှိ အလုပ်ရုံစက်ရုံများသည် လုပ်အားခဈေးပေါသည့် မြန်မာအလုပ် သမားများကို အဓိကအသုံးပြုနေကြခြင်းဖြစ်ပြီး တစ်နေ့လုပ်အားခကို ထိုင်း ဘတ်ငွေ ၁ဝဝ အောက်သာ ပေးသည်ဟု မြန်မာအလုပ်သမားများက ပြောသည်။

မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ တရားဝင်သတ်မှတ်ထားသည့် တစ်နေ့တာ လုပ်အားခမှာ ၂၂၆ ဘတ်ဖြစ်ပြီး လက်ရှိ မဲဆောက်မြို့နယ်အတွင်း လုပ်ငန်းခွင်အသီးသီး၌ မြန်မာအလုပ် သမားနှစ်သိန်းခန့် လုပ်ကိုင်လျက်ရှိသည်။

အလွယ်တကူအင်္ဂလိပ်စကားပြောခိုင်းမယ်

ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။
ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။

Youtube တွင် အလွယ်တကူ Download ယူရန်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ Youtube ၌ Video Download ယူရာတွင် Internet Download Manager ဖြင့် ရယူ၍ ရပြီး မရသည့်အခါများလဲ ရှိကြောင်း၊ တစ်ခြားနည်းလမ်းများရှိပါက လိုချင်ကြောင်း မေးမြန်းလာလေ၏။ သို့ဖြစ်ရာ Youtube မှ Video ဒေါင်းလုပ်ယူရာတွင် လွယ်ကူစေရန် အောက်ပါနည်းလမ်းများကို ဖော်ပြပါ၏။

နည်းလမ်း(၁)

IDM ကဲ့သို့ Download ယူရာတွင် ကောင်းမွန်သော DownloadThemAll ကို Firefox တွင် addons အဖြစ် သွင်းရပါမည်။

add to firefox ကို နှိပ်ပါ။ အပေါ်တွင် Allow ဆိုတာလေးကို နှိပ်ပါ။ ခဏစောင့်ပါ။
Install လုပ်ရန်အတွက် Box တစ်ခု ကျလာလိမ့်မည်။ Install Now ကို နှိပ်ပါ။
Firefox ကို restart ချခိုင်းလိမ့်မည်။ restart ကိုနှိပ်လိုက်ပါ။

နည်းလမ်း(၂)

ပြီးပါက Firefox ရှိ Tools menu တွင် Add-ons ကိုနှိပ်လိုက်ပါ။
Add-ons Manager tab ပေါ်လာပါလိမ့်မည်။
ညာဘက်ဒေါင့်အပေါ်ရှိ search all add-ons နေရာတွင် youtube video download ဆိုတာကို ရိုက်ထည့်လိုက်ပါ။
ပေါ်လာသည့်အထဲမှ Download Youtube Videos as Mp4 and FLV ကို Install လုပ်ပါ။
ပြီးပါက Firefox ကို restart ချခိုင်းလိမ့်မည်။ ချလိုက်ပါ။

www.youtube.com တွင် နှစ်သက်ရာ ဗီဒီယို ရှာဖွေပါ။ အဆိုပါ ဗီဒီယိုအောက်တွင် Download ဆိုတာ ပေါ်နေပါလိမ့်မည်။ Download လုပ်ပါက Downthemall ဖြင့် Download ယူပါက မြန်ဆန်စွာ ရရှိပါမည်။

Internet Download Manager သုံးပါ

တစ်နေ့သ၌ ကျွန်ုပ်သည် အလုပ်မအားလပ်သဖြင့် ဘလော့တွင် ပို့စ်များစွာ မတင်နိုင်သည့် သကာလ ဖြစ်နေသည်။ ပို့စ် အရေးနည်းသဖြင့် စာဖတ်သူများကိုလည်း အားနာလှ၏။ သို့ဖြစ်ရာ တင်သည့် ပို့စ်များသည်လည်း စာဖတ်သူများ၏ အကျိုးကို လိုလားသော ပို့စ်များကိုသာ ရေးတင်နိုင်ရန် စဉ်းစားလျက် ရှိ၏။


အင်တာနက် သုံးသည့်နှင့် မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုအကြောင်း ရေးသားဖော်ပြပါမည်။ Internet Download Manager ကို ကွန်ပျူတာထဲသို့ မည်သို့ မည်ပုံ ထည့်သွင်းရမည်ကို ရေးသားပေးခဲ့ဖူးပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရှင်းလင်းချက် ညံ့ဖျင်းမှုကြောင့် အားလုံးလိုလို နားမလည် ဖြစ်နေပုံရ၏။ ထို့ကြောင့် IDM အကြောင်းကို အစကနေ ထပ်မံရေးသားဖော်ပြအပ်ပေ၏။

၁) IDM ကို Download လုပ်ယူပါ။
၂) idman60b ကို Install လုပ်ပါ။ Restart တောင်းပါက ပေးလိုက်ပါ။ ပြီးပါက
၃) Start Bar ညာဘက် အောက်ခြေတွင် ပေါ်နေသော IDM သင်္ကေတ အလုံးလေးကို Right Click လုပ်ပြီး Exit ကို ရွေး၍ ပိတ်ပါ။
၎) Download လုပ်ယူထားသော ဖိုင်ထဲတွင် Patch ဖိုင်ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။

၅) ဖိုင်လမ်းကြောင်းတစ်ခု မေးလိမ့်မည်။ My Computer ရှိ Local Disk (C:) အောက်တွင် Program Files ကို သွားပါ။ Internet Download Manager ဖိုင်ကိုဖွင့်၍ IDMan အလုံးလေးကို ရွေးလိုက်ပါ။
၆) ဒါဆိုရင် Patch လုပ်တာ ပြီးသွားပါပြီး။
၇) Start မှ IDM ကို ပြန်ဖွင့်လိုက်ပါ။

ဒါဆိုရင် အမြဲတမ်း သုံးနိုင်ပါပြီး။ အထူးမှာကြားလိုသည်မှာ IDM update လုပ်မလား မေးသည့်အခါ No သာ ပေးရန် ဖြစ်ပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်လျက် . . .

Thursday, August 2, 2012

ဖရဲသီးအပြာရောင်ထွက်နေပြီ

ဖရဲသီးအပြာရောင်ထွက်နေပြီ

မျိုးဗီဇ ပြု ပြင် ထား တဲ့ ဖရဲ သီး ပြာ စား ကြ အုံးမလား ၊ ဖရဲသီး အရသာ နဲ့ ဗင်နီလာ အနံ ပါ။ မကြာခင် အပြာ ရောင် ဖရဲ သီးတွေ
ဈေး ကွက် ထဲ ကို ရောက် ရှိ လာ ပါ တော့ မယ်။ ဓာတ်ပုံ က အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေးဂိုး မြို့ 
က မျိုး ဗီဇ ဓာတ်ခွဲ ခန်းမှာ ဖြစ်ပါတယ်။

Corel Video Studio Pro X4v 14.0.0. 342+Video Tutorials

 

Corel- VideoStudio- Pro X4 ဟာဆိုရင် ကျွန်တော်တို့ Video ပြုလုပ်မှုကို အကောင်းဆုံး ၊ အလျင်မြန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အာင်ပြုလုပ်ပေးထားပါတယ်။ သူ့အတွက် အကောင်းဆုံးပြုလုပ်ပေးနိုင်မယ့် စိတ်ဝင်စားစရာကောင်းတဲ့ Effects လေးတွေပြုလုပ်ပုံတွေကို အထဲမှာ Video ဖိုင်လေးတွေနဲ့ပြပေး ထားပါတယ်။ အားလုံးပေါင်း Video Tutorial 8 မျိုးပါဝင်ပါတယ်။ သူ့အတွက် Serial key ဖြည့်ပုံဖြည့်နည်းလေးတွေကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီ ရှင်းပြပေးထားပါတယ်။ ပြုလုပ်ပေးနိုင်တဲ့ အခွင့်အရေး လေးတွေကတော့ HDV, AVCHD, Blu-ray Disc တွေနဲ့ JVC HD camcorders ကင်မရာတွေကနေစပြီး ထည့်သွင်းပေးနိုင်သလို BD-J activation နဲ့ DVD ဒါမှမဟုတ် Blu-Ray discs တွေကို ပြန်ပြီး ထုတ်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြုလုပ်နေတဲ့ RevoStock ကနေပြီးတော့ Professional templates လေးတွေကို ထည့်သွင်းပေးနိုင်ပါတယ်။ တစ်ချိန်ထဲမှာ Music studio-quality titles, transitions နဲ့ တခြား effects လေးတွေကိုလည်း ထည့်သွင်းပေး နိုင်ပါတယ်။ ထည့်သွင်းပေးမယ့် သီချင်းကိုလည်း မိမိတို့ နှစ်သက်သလို ပြုပြင်ဖန်တီးပေးနိုင်ပါတယ်။ 3D Effects လေးတွေနဲ့လည်း မိမိတို့ နှစ်သက်သလို Box လေးတွေပြုလုပ်ပေးနိုင်ခြင်း၊NVIDIA CUDA technology နဲ့ Intel Core i7 အထိကို Support လုပ်ပေးခြင်း၊ Movies တွေကို မိနစ်ပိုင်းအတွင်းမှာ အမြန်ထုတ်ပေးနိုင်ခြင်း၊ ထုတ်ပေးထားတဲ့ Video တွေကို YouTube, Vimeo, Facebook နဲ့ Flickr တွေကို တိုက်ရိုက် Upload ပြုလုပ်ပေးနိုင်ခြင်း၊ Movies တွေကိုလည်း iPod, iPhone, PSP နဲ့ တခြား mobile devices တွေမှာ Save ပေးနိုင်ခြင်း စတဲ့ Features လေးတွေတော်တော်များများပါဝင်ပါတယ်။
Support လုပ်ပေးနိုင်တဲ့ Input/Output Device တွေကတော့ 1394 FireWire ၊ Card နဲ့ အသုံးပြုတဲ့ DV/D8/HDV ဆိုတဲ့ လက်ကိုင်ကင်မရာလေးတွေ ၊ OHCI Compliant IEEE-1394 ၊ DV cameras တွေအတွက် USB Device တွေ၊ ဗွီဒီယိုကင်မရာတွေမှာ အသုံးပြုတဲ့ Capture Card တွေအတွက်ကို ဝင်းဒိုး XP အတွက် Support လုပ်ပေးနိုင်တဲ့ VFW WDM ၊ Window Vista နဲ့ Window 7 အတွက် Support လုပ်ပေးနိုင်တဲ့ Broadcast Driver Architecture တွေ ၊ disc/memory/hard drive camcorders တွေအတွက် USB Device တွေ၊ ပြီးတော့ Blu-ray-, DVD-R/RW, DVD+R/RW, DVD-RAM ဒါမှမဟုတ် CD-R/RW drive တွေ၊ Apple- iPhone-, iPad-, iPod classic, iPod touch, Sony- PlayStation Portable, Pocket PC, smartphones တွေ ကိုလည်း Support လုပ်ပေးနိုင်ပါတယ်။ နောက်ထပ် Support လုပ်ပေးနိုင်တဲ့ Input Format တွေကတော့ Video ဖိုင် Type တွေ အတွက် AVI, MPEG-1, MPEG-2, AVCHD-, MPEG-4, H.264, BDMV, DV, HDV-, DivX-, QuickTime-, RealVideo-, Windows Media- Format, MOD (JVC- MOD File Format), M2TS, M2T, TOD, 3GPP, 3GPP2 ဆိုပြီး Support လုပ်ပေးနိုင်သလို Audio ဖိုင် type တွေအတွက် Dolby- Digital Stereo, Dolby- Digital 5.1, MP3, MPA, WAV, QuickTime, Windows Media- Audio ဆိုပြီး Support လုပ်ပေးနိုင်ပါတယ်။ နောက်ထပ် Images ဖိုင် Type တွေအတွက် ကတော့ BMP, CLP, CUR, EPS, FAX, FPX, GIF, ICO, IFF, IMG, J2K, JP2, JPC, JPG, PCD, PCT, PCX, PIC, PNG, PSD, PSPImage, PXR, RAS, RAW, SCT, SHG, TGA, TIF, UFO, UFP,WMF ဆိုပြီး ဖိုင် Type တွေကို Support လုပ်ပေးနိုင်ပါတယ်။ Output လုပ်ပေးနိုင်တဲ့ Format တွေကတော့ AVI, MPEG-2, AVCHD, MPEG-4, H.264, BDMV, HDV, QuickTime, RealVideo, Windows Media Format, 3GPP, 3GPP2, FLV တွေနဲ့ Audio ဖိုင် Type တွေအတွက် Dolby Digital Stereo, Dolby Digital 5.1, MPA, WAV, QuickTime, Windows Media Audio, Ogg Vorbis ဆိုပြီး Support လုပ်ပေးနိုင်ပါတယ်။

နောက်ထပ်ကျွန်တော်တို့ လိုအပ်တဲ့ System ပိုင်းတွေအနေနဲ့ Microsoft Windows- 7, Windows Vista- , Windows- XP တွေနဲ့ နောက်ဆုံး latest service packs တွေနဲ့ 32-bit သို့မဟုတ် 64-bit OS တွေကိုပါ Support လုပ်ပေးနိုင်ပါတယ်။ နောက်ထပ်လိုအပ်တဲ့ Processer တွေကို အနိမ့်ဆုံးအဆင့်အနေနဲ့ Intel- Core- Duo 1.83 GHz, AMD Dual-Core 2.0 GHz လိုအပ်ပါတယ်။ RAM အနေနဲ့ အနိမ့်ဆုံး 1 G လိုအပ်ပါတယ်။ VGA အနေနဲ့ 128 MB အနိမ့်ဆုံးလိုအပ်ပါတယ်။ Hard drive free space 3 G ရှိရပါမယ်။ အနိမ့်ဆုံး display resolution က 1024 x 768 ရှိရပါမယ်။ Installation လုပ်ရန်အတွက် DVD-ROM drive ၊ Blu-ray- discs တွေဖန်တီးပေးနိုင်ဖို့အတွက် Blu-ray- drive တွေနဲ့ Online features တွေနဲ့ Tutorial videos တွေကို ထပ်လိုတယ်ဆိုရင်တော့ Internet connection လိုအပ်ပါတယ်။ ကျွန်တော် ဒီကောင်လေးကို Installation လုပ်တဲ့ အပိုင်းကိုတော့ မပြောပြတော့ပါဘူး။ သာမာန်လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ ကျန်တဲ့ Register လုပ်တဲ့ Key ဖြည့်ပေးရတဲ့ အပိုင်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီ ရှင်းပြပေးထားပါတယ်။ဒါကတော့ ကျွန်တော်တို့ ပထမဆုံး Installation လုပ်တဲ့အပိုင်းဖြစ်ပါတယ်။
ဒီအပိုင်းမှာ ကျွန်တော်တို့ ပြထားတဲ့ အတိုင်း ကျွန်တော်တို့မှာ Key ရှိနေတဲ့ အတွက် Already Purchased? ဆိုတာလေးကို ကလစ်ပေးပါမယ်။
ဒီအပိုင်းမှာ ကျွန်တော်တို့ ပြထားတဲ့ အတိုင်း ကျွန်တော်တို့မှာ Key ရှိနေတဲ့ အတွက် Already Purchased? ဆိုတာလေးကို ကလစ်ပေးပါမယ်။
 
ဒီအဆင့်မှာတော့ ကျွန်တော်တို့ရဲ့ Keygen လေးကိုဖွင့်ပြီး Corel VideoStudio Pro X4 v14.0 ဆိုတာလေးကိုအရင်ရွေးပါမယ်။ ပြီးတာနဲ့ အောက်မှာပေးထားတဲ့ Serial key လေးကိုယူပြီး ပုံမှာပြထားတဲ့ အတိုင်းထည့်ပေးလိုက်ပါ။
 
အပေါ်ပုံလေးမှာ ပြထားတဲ့အတိုင်း Serial key ထည့်ပြီးသွားပြီဆိုရင်တော့ Working Offline ဆိုတဲ့ Tab လေးအောက်က Phone Corel ဆိုတာလေးကိုရွေးပေးပါ။  
ကျွန်တော်တို့ အဲ့ဒီမှာဆိုရင် ပေးထားတဲ့ Installation code ဆိုတာလေးကို ကူးပြီး Keygen လေးမှာရှိတဲ့ Installation code ဆိုတဲ့ နေရာလေးမှာ ကူးထည့်ပေးပြီးအောက်မှာပြထားတဲ့ Activation ဆိုတာလေးကိုကလစ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ကျွန်တော်တို့ အတွက်လိုအပ်တဲ့ Activation Code လေးကျလာပါမယ်။
ကျွန်တော်တို့ Activation Codeကိုကူးပြီး အောက်ကပုံမှာပြထားတဲ့အတိုင်း Activation Code ဆိုတဲ့နေရာလေးမှာ ပြန်ပြီးကူးထည့်ပေးလိုက်ပါ။ ပြီးရင်တော့ Continue ကိုနှိပ်လိုက်ပါ။  
 
အခုဆိုရင် ကျွန်တော်တို့ Serial key လေးထည့်တာပြီးသွားပါပြီ။ ကျွန်တော်အောက်မှာ Notepad လေးနဲ့ လင့်ခ်လေးတွေထည့်ပေးထားပါတယ်။ နောက်ပိုင်းမှာလည်း ကျွန်တော်တစ်မျိုးခြင်းစီကို သူ့တို့မှာပါဝင်တဲ့ Features လေးတွေ လိုအပ်တဲ့ အစိတ်အပိုင်းလေးတွေကအစ အသေးစိတ်ရှင်းပြပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်တွေကလည်းနည်းနည်းများတော့ သည်းခံပြီး Download ဆွဲပေးကြပါဗျာ။ ကျွန်တော် ဖိုရမ်မှာ ဇာနည် နာမည်နဲ့ တင်ထားတာတော့ကြာပါပြီ။  အခုမှတင်ပေးဖြစ်သွားတာပါ။ အောက်ကလင့်ခ်လေးမှာ Google site ကနေတင်ပေးထားပါတယ်။ ယူသွားလိုက်ပါဗျာ။  Corel VideoStudio Pro X4 v14.0.0.342 + Video Tutorials https://5ede4222-a-62cb3a1a-sites googlegroups.com မရခဲ့ ယင် အောက်မှာ ယူပါ https://sites.google.com/site/zarni1245/links/ForCorelVideoStudioProX4.txt?attredirects=0&d=1

Wedding Album Maker Gold 3.50


အထဲမှာ Full Version လေးဖြစ်အောင် Key လေးပါထည့်ပေးထား ပါတယ်။ ဒီ ကောင်လေးဟာဆိုရင်တော့ ကျွန်တော်တို့ Wedding Photos တွေကို background music တွေ Pan&Zoom တွေနဲ့  transition effects တွေကို ထည့်သွင်းပြီး မိမိတို့ စိတ်ကြိုက်နှစ်သက်သလို ပြုပြင်ပေးနိုင်ပါတယ်။ Lovely Music လေးတွေ  Transition Effects လေးတွေနဲ့ ကျွန်တော်တို့ရဲ့ Wedding Album လေးကို အကောင်းဆုံး နဲ့ ချစ်စရာအကောင်းဆုံး ဖြစ်အောင်ပြုပြင်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အခွေထဲ ထည့်ပြီး Burn ပေးလိုက်ရင် အဆင်ပြေပါပြီ။ အဆင့်သုံးဆင့်ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 24.62 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါ- 



Wedding Album Maker Gold 3.50

dvd. slite show.builder.deluxe 6.1.9.60 Fullverction

ဓါတ်ပုံတွေကို ဆလိုက်ရှိုးလုပ် တဲ့ DVDလုပ်ရန်ဆော့ ဖ်ဝဲလ်လေးပါ



DVD Slide Show ပြုလုပ်ချင်သူတွေ အတွက်တော့ ဒီကောင်လေးက တော်တော် အသုံးဝင်မှာ ဖြစ်ပါတယ် .. ဖိုင်ဆိုဒ်ကလည်း အရမ်းမကြီးပဲ ပေါ့ပေါ့ ပါးပါးနဲ့ အသုံးပြုနိုင်မှာ ဖြစ်သလို ဒီဇိုင်း ပုံစံ အမျိုးမျိုးနဲ့ ပုံလေးတွေကို ဖန်တီး နိုင်မှာ ဖြစ်သလို Effect တွေကိုလည်း လန်းလန်းလေးတွေ သုံးနိုင်မှာ ဖြစ်ပါတယ် .. Zawgyi-One လည်း သုံးရတာ အဆင်ပြေပါတယ် .. မြန်မာဖောင့် ကောင်းကောင်း သုံးလို့ရပါတယ် .. U-Lead သုံးရတာထက် ဒီကောင်လေးက လွယ်လည်းလွယ်သလို .. ပိုပြီးတော့လည်း အဆင်ပြေပါတယ် .. ဓာတ်ပုံ DVD Slideshow လေးတွေကို လန်လန်းလေး ဖန်တီးချင်သူတွေ အတွက်တော့ အထူးဆောင်ထားသင့်တဲ့ ကောင်လေးပါ .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် အထဲမှာ Keygen လေးပါ ထည့်ပေး ထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 
နေမင်းမောင် ပေးဝေသော နည်းပညာမှ ထပ်ဆင့်  ဝေမျှလိုက်ပါတယ်၊

ဒီဂျစ်တယ်လ်ဗွီဒီယိုတည်းဖြတ်နည်း(မြန်မာ)ဘာသာပြန်






ဒါလေးကတော့ ကျွန်တော်တို့ ဆရာ သန်းထိုက် ရေးသားထားတဲ့ အသုံးချ ဗွီဒီယိုတည်းဖြတ်နည်း ပညာ ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်.။ အထဲမှာ ခေါင်းစဉ် အလိုက် မသိမဖြစ်စနစ်တွေ Video tape formats တွေ၊ Video system formats တွေကအစ အသေးစိတ်ရေးပေးထားပါတယ်။ ဝါသနာ မပါရင်တောင် ဆောင် ထားသင့်တဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်.။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။။

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ