Sunday, February 10, 2013

ကမ္ဘာ့ အင်တာနက် အမြန်ဆုံးနှုန်းရရှိသည့်နိုင်ငံများစာရင်း ထုတ်ပြန်



Bloomberg.com မှ ထုတ်ပြန်သည့် စာရင်းအရ ယမန်နှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကမ္ဘာ့အင် တာနက် ဆက်သွယ်မှု အမြန်ဆုံးနှုန်း ဖြင့်အသုံးပြုနိုင်သည့် နိုင်ငံ ၁၀ နိုင်ငံစာရင်း ထွက်လာပြီဖြစ်သည်။ 
ကမ္ဘာ့အင်တာနက်အမြန်ဆုံး အသုံးပြုနိုင်သည့် နိုင်ငံများမှာ အစဉ် လိုက်အားဖြင့် ဟောင်ကောင်၊ တောင် ကို ရီးယား၊ ဂျပန်၊ လက်ဗီးယား၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်၊ ဘူလ်ဂေးရီးယား၊ အစ္စရေး၊ စင်ကာပူနိုင်ငံများဖြစ်ပြီး၊ အမေရိကန်နိုင်ငံသည် အဆင့် နံပါတ် ၁၄ တွင်ရှိပြီး၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံ သည် အဆင့် ၁၂၃ တွင်လိုက်သည်။

KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ


စစ်တို့ရဲ့သဘောမှာ သတင်းလုံခြုံမှု၊ သတင်းလက်ဦးမှု အရေးကြီးပါတယ်။

(၁) ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဂွမ်မော်-ဂွမ်ရှောင်တို့ဟာ တိုက်ပွဲသတင်းတွေ ဟုတ်တာရော မဟုတ်တာရော ရောကြိတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ သတင်းတွေမှာ မြန်မာစစ်တပ်က သေတာတွေရော KIA ဘက်က သေတာတွေရော ပါပါတယ်။ စစ်တပ်ကို ပုံကြီးချဲ့လိုဇောနဲ့ အမောင်းသင်လေယာဉ်ကို တစ်ကယ့် အမေရိကန်လေတပ်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေလို အမွှမ်းတင်ချဲ့ကားခဲ့ပါတယ်။ ဓါတုလက်နက်တွေ ဘာတွေ ဆိုပြီး နာမည်ပျက် အောက် ဖျက်ခဲ့ပါတယ်။


Apple အရောင်းပြခန်း မြန်မာ နိုင်ငံ တွင် ဖွင့်လှစ် မည်

photothegateway

အမေရိကန် နိုင်ငံ ရှိ Apple ကွန်ပျူတာ နှင့် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ၏
ပြခန်း ကို မြန်မာ နိုင်ငံ တွင် ၂၀၁၄ ခုနှစ် အတွင်း လာရောက် ဖွင့်လှစ်ရန် စီစဉ် နေ
ပြီ ဟု FNG မှ သတင်း ရရှိသည်။

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွဲကြရန် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော


 ရှမ်းပြည်တပ်မတော် (SSA) တောင်းပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)


သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်သည့် ပြည်ထောင်စု စစ်စစ်အား တည်ထောင်သွားကြရန် အားလုံးကြိုးပမ်းသင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။


“ရခိုင်ပြည် တတိယဂျီဟတ် စစ်ပွဲ စ,တော့မည်လော”




ယမန်နေ့ည ညဥ့်နက်သန်းခေါင် နာရီပြန်တစ်ချက် (10-2-2013 AM 1း00)ခန့်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ငခူရအုပ်စု၊ မြို့သစ်ရွာမှာ ဘင်္ဂါလီများ အုပ်စုဖွဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ဘင်္ဂါလီအုပ်စုမှာ လူဦးရေ (၁၈)ယောက်ပါဝင်ပြီး (၄)ယောက်က န.စ.က ဝတ်စုံတွေ ဝင်ဆင်ထားကာ ကျန်(၁၄)ယောက်က အရပ်ဝတ်များ ဝတ်ဆင်ထားပါတယ်။ ဘင်္ဂါလားဒေ့ရှ်လုပ် သေနတ်နှစ်လက်ကို န.စ.က နှစ်ယောက်က ကိုင်ဆောင်ထားပြီး ကျန်(၁၆)ယောက်က ဓားလှံလက်နက်တွေ ကိုင်ဆောင်ထားပါတယ်။ 

အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ



ရှမ်းပြည်မြောက်ပိုင်း ဟူးဖြတ်- ကတုန်ခဆန် (Kadung Hka San) ရွာအနီး အစိုးရခြေလျင်တပ်ရင်း ခလရ (၂၄၁) နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) ကြား ယမန်နေ့ ညနေ ၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
၎င်းအစိုးရတပ်များသည် နန့်ဖတ်ကာ အခြေစိုက်တပ်များဖြစ်ပြီး အင်အား ၈၀ ကျော်ဖြင့် KIA တပ်ရင်း (၉) နယ်မြေသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် နှစ်ဘက်တပ်မှ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်မဟာ (၄)မှ အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်များသည် လမ်းမကြီးဘက်သို့ ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။



နှစ်ဘက်တပ်မှ ပစ်ခတ်တိုက်ခိုက်မှုတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ထိခိုက်မှုမရှိဟု ပြောဆိုပြီး အစိုးရတပ်မှ ထိခိုက်မှုဒဏ်ရာရရှိမှုကို မသိရပါ။
ယခုချိန် တပ်မဟာ (၄) နယ်မြေတွင် အစိုးရတပ်ပေါင်းစုအဖွဲ့မှ အင်အား ၁၀၀၀ ကျော် တိုးချ၍ ထိုးစစ်ဆင် လှုပ်ရှားနေကြောင်း တပ်မဟာ (၄) အရာရှိက ပြောသည်။
ယမန်နေ့ည ၈ နာရီအချိန်ကလည်း လုံရောက်ဘွမ် (Lung Rawk Bum)၊ ဘွမ်ဆောန်ကောင် (Bum Sawn Kawng)၊ ရိခူးကောင် (Yi Hku Kawng)ဘက်မှ အစိုးရတပ်များသည် (KIA)ရှိရာ လဝါယန်သို့  ၅ မိနစ်ခန့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းရှေ့တန်းမှ ကချင်သတင်းဌာနသို့ပြောသည်။
အစိုးရတပ်သည် A-Gun နှင့် ဂေါ်လီလောက် (စက်သေနတ် အလတ်စား)များဖြင့် (KIA) တပ်ဖွဲ့များရှိရာ နေရာများသို့ ပစ်ခတ်မှုများပြုနေသော်လည်း KIA ဘက်မှ ပြန်လည် ပစ်ခတ်ခြင်းမရှိကြောင်းသိရသည်။
အစိုးရတပ်များသည် ယခုချိန် KIA တပ်မဟာ (၅) အနီးရှိ လိုင်ဇာမှ ဌာနချုပ်ဟောင်း လိုင်စင် (Laisin) သို့ သွားသည့် KIA ကားများကို ပစ်ခတ်တိုက်ခိုက်နေသလို
(KIA) ဌာနချုပ်နယ်မြေ လိုင်ဇာရှိ KIA ၏ အရေးကြီး လုံခြုံရေး တပ်စခန်းများကို သိမ်းပိုက်ပြီးနောက်ပိုင်း၌ နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်းသိရသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့ ဖေဖ၀ါရီလ ၄ ရက်နေ့က တရုတ်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့စဉ် ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး သဘောတူညီခဲ့သည်။
 သောကြာနေ့၊ ဖေဖေါ်ဝါရီလ 08 ရက် 2013 ခုနှစ် ကချင်သတင်းဌာန

Saturday, February 9, 2013

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရွာလုံးကျွတ် ဖယ်ရှားပေးရမည့်အမိန့်ကြောင့် ဒေသခံများ အခက်ကြုံ

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် သန်လျင်နှင့် ကျောက်တန်းရှိ ရွာအများအပြားနှင့်
လက်ရှိရွာသီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဖယ်ရှားပေးရန် အမိန့်စာကပ်ခံထားရသောနေအိမ်အတွင်း တွေ့ရသည့် ဒေသခံ အမျိုးသမီးတစ်ဦး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)သားများ လုပ်ကိုင်နေသော လယ်မြေများ ကို ၁၄ ရက် အတွင်းဖယ်ပေးရန်နှင့် မဖယ်ပေး
ပါက ထောင်ဒဏ် ရက် ၃၀ ကျခံရမည်ဟု သန်လျင်နှင့် ကျောက်တန်းမြို့နယ် အာဏာပိုင်များက
ဇန်န၀ါရီ လ ၃၁ ရက်နေ့တွင် ကြေညာခဲ့ပြီး အဆိုပါအမိန့်စာ နှင့်ပတ်သက်၍ ရွှေ့ပြောင်းရမည့်
ရွာသူရွာသားများမှာ အခက်ကြုံလျက်ရှိသည်။
"ဒီလယ်မှ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ ဘာနဲ့ သွားစားတော့မလဲ။ မှန်မှန်လည်း အခွန်ဆောင်
ထားတယ်။ ကိုယ်ပိုင်လယ်ယာလည်းဖြစ်ရဲ့သာနဲ့ ဖယ်ပေးရမယ်။ မဖယ်ရင် ထောင်ချမယ်တဲ့။
လယ် မရှိရင် စားစရာမရှိတဲ့အတူတူ ထောင်ထဲပဲ လိုက် တော့မယ်"ဟု ကျောက်တန်းမြို့နယ်၊
သီတာမြိုင်ရပ်ကွက်နေ ကျေးရွာသား ကိုအေးဌေးက ယခုလ ၅ ရက် နေ့တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။
"နို့တစ်ပစ်ပြီးချိန်ကစပြီး အချိန် ၁၄ ရက်ပဲရ တယ်။ ဒီနေ့ဆိုရင်ပဲ ငါးရက်ကုန်သွားပြီ။ ဘာအစီအစဉ်မှ
မရှိသေးပါဘူး။ ကျွန်တော်ကတော့ လာသိမ်းတဲ့နေ့မှာလည်း ကိုယ့်လယ်ထဲပဲထိုင်နေမှာပဲ။
သေမထူး၊ နေမထူးအဆင့်ဖြစ်နေပြီ။ ရွာသားတွေစုပြီး ထိုင်သပိတ်တော့ လုပ်ဖြစ်မယ်ထင်တယ်။
ဒီလယ်တွေမရှိတော့ရင် ကလေးတွေလည်း ကျောင်းထားနိုင်မှာ မဟုတ်တော့ဘူး။ စားဝတ်နေရေး
အတွက်လည်း လုပ်စရာမရှိတော့ဘူး။ ဘ၀ပျက်ပြီ" ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါရပ်ကွက်တွင် လယ်မြေပေါ်မှ ဖယ်ရှားပေးရမည့်သူ ၅၈ ဦးရှိ ကြောင်း သိရသည်။ ဂျပန်နိုင်ငံ
နှင့် ပူးပေါင်းလုပ်ဆောင်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် လိုအပ်မည့် မြေပမာဏကို
အတိအကျထုတ်ပြန်ထားခြင်းမရှိ သော်လည်း လတ်တလော ရွှေ့ပြောင်းရန် ညွှန်ကြားထားသည့်
ကျေးရွာနှင့် လယ်ယာမြေများအရ ဧက ၇,၀၀၀ နီးပါး ရှိမည်ဖြစ်သည်။
သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ရွာများသို့ ပေးပို့ထား
သောစာအရ သန်လျင်မြို့နယ်၌ ၂,၆၆၅ ဒသမ ၃၉ ဧက နှင့် ကျောက်တန်းမြို့နယ်၌ ၄၂၃၃ ဒသမ
၁၉ ဧကတို့ကို သိမ်းယူမည်ဖြစ်သည်။
ယခုလ ၅ ရက်နေ့က အဆိုပါဖယ်ရှားပေးရမည့် ကျေးရွာအချို့သို့ မြန်မာတိုင်း(မ်)မှ သွားရောက်ခဲ့ရာ
တွင် သန်လျင်မြို့နယ်မှ လက်ယက်စမ်း ကျေးရွာ၊ ဘုရားကုန်းကျေးရွာနှင့် အလွမ်းဆွတ်ကျေးရွာတို့
ပါဝင်ပြီး ကျောက်တန်းမြို့နယ်ရှိ သီတာမြိုင်ရပ်ကွက်မှ လယ်သမားများကမူ လယ်မြေပေါ်မှသာ
ဖယ်ပေးရမည်ဖြစ်သည်။
ရွာလုံးကျွတ် ပြောင်းရွှေ့ပေးရမည့် ဘုရားကုန်းကျေးရွာမှ လယ်ရှစ်ဧက လုပ်ကိုင်လျက်ရှိသူ ဦးရာဇူး
က အာဏာပိုင်များမှ နေထိုင်ရာ နေရာမှ ထွက်ခွာသွားရန် စာပို့ထားသော်လည်း သွားစရာနေရာ
မရှိသည်ကတစ်ကြောင်း၊ ၎င်း၏ လယ်ယာများမရှိလျှင် အသက်မွေးဝမ်းကျောင်း အတွက် ရပ်တည်
ရှင်သန်စရာမရှိသည်က တစ်ကြောင်းကြောင့် ထွက်ခွာမသွားနိုင်သေး ကြောင်း ပြောသည်။
"အရင်က ဘိုးဘွားပိုင်မြေ ဧက ၂၀ ကျော်ရှိ တယ်။ ကျွန်တော့်ဘိုးဘေးလက်ထက်ကတည်း က
ဒီနေရာမှာနေလာတာ အနှစ်ပဲ ၁၀၀ နီးပါး ရှိတော့မယ်။ လယ်လုပ်သက်က ၅၂ နှစ်ရှိပြီ။ လယ်ခွန်
ဆောင်လာတာ မိဘလက်ထက်ကတည်းက ဆောင်လာတယ်။ အနှစ် ၇၀ ရှိပြီ။ ၂၀၁၀ အထိ
လယ်ခွန်ဆောင်တုန်း။ နောက်မှ မယူတော့ဘူးဆိုလို့ မဆောင်တော့တာ။ နှစ်ပေါင်းများစွာကတည်း
က နေလာတဲ့နေရာ ကနေ ဘယ်ကိုသွားမလဲ။ လယ်တွေကလည်း အခုထိ နွေစပါးစိုက်ထားတုန်း။
နေဖို့နေရာမရှိ တော့ သိမ်းကာမှသိမ်းရော။ ဆက်နေရမှာပဲ။ ဘာမှ မစဉ်းစားရသေးဘူး" ဟု အသက်
၇၇ နှစ် အရွယ် ဦးရာဇူးက ပြောသည်။
ကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးပို့ခဲ့သောစာတွင် "ရပ်သူရွာသားတို့ သိစေရမည်မှာ
သန်လျင်-ကျောက်တန်း သီလ၀ါအထူး စီးပွားရေးဇုန်အတွင်း အောက်နယ်နိမိတ်သတ် မှတ်ရာပါမြေ
တွင် အခွင့်အမိန့်မရရှိဘဲ လက်ရှိ လုပ်ကိုင်နေထိုင်လျက်ရှိသည်ဖြစ်၍" ဟု ပါရှိသည်။
အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ မြန်မာတိုင်း(မ်)က ဖေဖော်ဝါရီလ ၅ ရက်နေ့က သွားရောက်ခဲ့
သော်လည်း အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခွင့် မရရှိခဲ့ပေ။ သို့သော် ဦးစီးအရာရှိ ဒေါ်အိအိခိုင်ကမူ ၎င်း
မြေများသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အစိုးရမှသိမ်းယူပြီးဖြစ်ကြောင်းနှင့် အဆိုပါ
လယ်သမားများမှာ အစိုးရသိမ်းပြီးမြေတွင် ပြန်လည်ကျူးကျော်နေထိုင်လုပ်ကိုင်နေသူများသာဖြစ်
သည်ဟုပြောသည်။
"ဒီမြေတွေက အရင်ကတည်းက သိမ်းပြီးသား မြေတွေပါ။ အဲဒီပေါ်မှာ ပြန်ကျူးနေကြတဲ့ သဘော
ပေါ့။ အခုအချိန်မှာ ဒီမြေတွေကို အသုံး ပြုဖို့ လိုအပ်လာတဲ့အတွက် ဖယ်ခိုင်းရတာပါ" ဟု ၎င်းက
ပြောသည်။
နေထိုင်သူ ၆၄၀ ရှိပြီး ရွာလုံးကျွတ် ရွှေ့ပြောင်း ပေးရမည့် အလွမ်းဆွတ် ကျေးရွာမှ ရွာသူရွာသား
များက ရွှေ့ပြောင်းပေးစရာနေရာမရှိ၍ မသွား နိုင်ကြောင်းနှင့် သတ်မှတ်ထားသောရက် ရောက်ရှိ
လာပါကလည်း ထောင်ဒဏ်ဆိုလျှင်လည်း ထောင်ဒဏ်ကျခံရတော့မည်ဟု ဆိုသည်။
"၁၄ ရက်အတွင်း ပြောင်းပေးရမယ်ဆိုပေမယ့် ကျွန်တော်တို့မှာ သွားစရာနေရာမရှိဘူး။ ပြောတဲ့
အတိုင်း မပြောင်းဘူးဆိုရင် စည်ပင်ဥပဒေအရ ဘူဒိုဇာနဲ့ ဖျက်မယ်ပြောတယ်။ မတတ်နိုင်တော့ဘူး။
ထောင်ချမယ်ဆိုလည်းချ။ လုပ်စားစရာမြေလည်းမရှိ၊ နေစရာလည်း မရှိဘူး ဆိုရင် ကျွန်တော်တို့
သတ်သေတာမှ ကောင်းဦးမယ်" ဟု အလွမ်းဆွတ်ကျေးရွာမှ ၆၆ နှစ်အရွယ် လယ်သမား ဦးမြလှိုင်
က ပြောသည်။
ကျောက်တန်းနှင့် သန်လျင်တစ်ဝိုက် ကျေးရွာများမှ ရွာသူရွာသားများ၏ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်
ခဲ့သော မြေအများစုမှာ ၁၉၈၃-၁၉၈၄ တွင် စက်မှု(၁)မှ လည်းကောင်း၊ ၁၉၉၇-၉၈ တွင် မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှလည်း ကောင်း၊ ၁၉၉၈-၉၉ ခုနှစ်တွင် တာဝန်ကျတပ်များမှလည်းကောင်း
အသီးသီးသိမ်းယူပြီးဖြစ်ကာ အဆိုပါမြေများပေါ်တွင် မူလလုပ်ကိုင်နေသူ လယ်သမားများကို
သီးစားပြန်လည်ချထား လုပ်ကိုင် စေနေခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။
"၁၉၉၇-၉၈ ခုနှစ်တုန်းက အိုးအိမ်က သိမ်းတုန်းက တစ်ဧကကို ကျပ် ၂၀,၀၀၀ စီယူခိုင်းခဲ့ပါတယ်။
နောက်ပြီး သန်းခေါင်စာရင်းရှိတဲ့သူတွေကို သတ္တုသန့်စင်စက်ရုံဘက်မှာ ပေ ၄၀x၆၀ မြေ ပြန်ပေး
တယ်။ ဒါပေမဲ့ အဲ့ဒီမြေတွေကို ရက်ပိုင်းအတွင်းပြန်အပ်ခိုင်းပြီး ပိုက်ဆံထုတ် ပေးခဲ့ပါတယ်။
သန်းခေါင်စာရင်းတို့၊ မှတ်ပုံတင် တို့ဆိုတာကလည်း ရွာကလူတွေမှာ မရှိကြ တော့ တော်တော်
များများက မြေပြန်မရခဲ့ဘူး။ ရထားတဲ့မြေတွေကလည်း အခုဆို သူများဝင်နေ နေပြီ။ တချို့နေရာ
တွေလည်း စက်ရုံဖြစ်နေပြီ။ ကျွန်တော်တို့မှာသွားစရာမရှိဘူး"ဟု လယ်ကူလီလုပ်သူ ဦးအောင်တင့်
က ပြောသည်။
ကျေးရွာများသို့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်များလုပ်ကိုင်ရန် နှိုးဆော်မှုမရှိခြင်း၊ မြို့ပေါ်ရှိ ရုံးတွင်
သွားလုပ်လျှင်လည်း ငွေကြေး တောင်းခံခြင်းများကြောင့် ပိုက်ဆံမတတ်နိုင်သူ လယ်သမားများမှာ
လက်ရှိအချိန်ထိ သန်းခေါင်စာရင်း၊ မှတ်ပုံတင်မရှိဘဲ နေထိုင်လျက်ရှိ ကြောင်း ၎င်းက ပြောသည်။

အထူးစီးပွားရေးဇုန်မှ မထူးတော့တဲ့ မြေယာပြဿနာ

Photoအစိုးရသစ်က အကောင်အထည်ဖော်နေသော ထားဝယ်၊ သီလ၀ါ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတို့အနက် ပထမဆုံးတည်ဆောက်ပြီးစီးရန် ရည်မှန်းနေသော သီလ၀ါအထူးစီးပွားရေး ဇုန်မှာလည်း အခြားစီမံကိန်းများနည်းတူ မြေယာပြဿနာ အနည်းငယ်ရှိနေသည်။
ခင်ပွန်းကွယ်လွန်ပြီး သုံးလကြာသောအခါ ဒေါ်အေးမာဆီသို့ သတင်းဆိုးတစ်ခု ထပ်ရောက်လာသည်။ ဇန်န၀ါရီ ၃၁ ရက် ညနေ
ပိုင်းက အသက် ၄၁ နှစ်အရွယ် ဒေါ်အေးမာတို့အိမ်သို့ ရဲ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာလူကြီးများလာ၍ ၀ါးထရံတွင် စာတစ်ရွက်ကပ်သွားပါသည်။
စာထဲ၌ သီလ၀ါအထူးစီးပွားရေးဇုန်ဧရိယာအတွင်း အခွင့်အမိန့်မရဘဲ နေထိုင်ခြင်းဖြစ်သောကြောင့် နှစ်ပတ်အတွင်း အိမ်ကို ဖယ်ရှားရွှေ့ပြောင်းပေးရန်  မြို့ နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး၍ အမိန့်ထုတ်ထားခြင်းဖြစ်သည်။ အမိန့်မနာခံပါက ဥပဒေအရ ရက်သုံးဆယ် အချုပ်ကျမည် ဖြစ်ကြောင်းလည်း ပါရှိ၏။

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာကလေးငယ်များအတွက် သတ်မှတ်ပြီး နေထိုင်ခွင့်ဗီဇာကြေး လျှော့ပေါ့ပြင်ဆင်ရန် အချိန်ယူရမည်

ထိုင်းနိုင်ငံတွင်းရှိ အထောက်အထားမဲ့ မြန်မာကလေးငယ်များအတွက် နေထိုင်ခွင့်ဗီဇာကြေးအား သတ်မှတ်နှုန်းမဟုတ်ဘဲ ဘတ် ၅၀၀ နှုန်းဖြင့် လျှော့ပေါ့သတ်မှတ်မည်ဆိုပါက အချိန်ယူရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။
“သူတို့အစိုးရ၀န်ကြီးအဖွဲ့ တင်ပြီးမှဆိုရင် ၆ လကြာမှ ရမယ်။ ဒါပေမဲ့ ဗီဇာကြေးက ဘတ် ၅၀၀ နဲ့ သတ်မှတ်ပေးမယ်။ ချက်ချင်းလုပ်မယ်ဆိုရင်တော့ ဘတ် ၁၉၀၀ ပေးရမယ်”ဟု ဦးမျိုးအောင်ကပြောသည်။
ထိုင်းနိုင်ငံတွင်းရှိ အထောက်အထားထုတ်ပေးရန် ကျန်ရှိနေသည့် မြန်မာလုပ်သားများ အပါအ၀င် ကလေးငယ်များကို ယခုလ ၁၅ ရက်တွင် စတင်၍ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။ သို့သော် ၎င်းစီမံချက်အတွင်း အသက် ၁၅ နှစ်အောက် ကလေးများအတွက် နေထိုင်ခွင့်ဗီဇာကြေးအား ထိုင်းဘတ်ငွေ ၁၉၀၀ သတ်မှတ်ထားခြင်းဖြစ်သည်။
ထို့အပြင် ယခုထုတ်ပေးမည့် ယာယီနိုင်ငံကူးအထောက်အထား ထုတ်ပေးရာ၌ ပတ်စပို့သက်တမ်း ၆ နှစ်အဖြစ် သတ်မှတ်ထားပြီး ကလေးငယ်များ၏ ပတ်စ်ပို့စာအုပ်အား အပြာရောင်အဖြစ် သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ ဖြစ်နေသည့် မြန်မာကလေးငယ် ပျမ်းမျှအားဖြင့် နှစ်သိန်းခန့်ရှိကာ အထောက်အထားရရှိပြီးပါက ကျန်းမာရေးစောင့်ရှောက်ခွင့်အပါအ၀င် ထိုင်းနိုင်ငံရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်မည်ဖြစ်သည်။

သမ၀ါယမ အဆောက်အအုံကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို အသင်းသားများ ဆန္ဒပြ

Photoရန်ကုန်အောက်တိုဘာ-၂၈
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် မဟာမြိုင်လမ်းထောင့် အမှတ် ၇၀/၇၂ ရှိ ကျွန်းတောကွက်သစ် သမ၀ါယမ အဆောက်အအုံအား အသင်းသားများ သဘောဆန္ဒမရယူဘဲ ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို အသင်းသားများက အောက်တိုဘာ ၂၈ ရက် နံနက်တွင် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများက နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ဆန္ဒပြခဲ့ပြီး အသင်းပိုင်အဆောက်အအုံဖျက်ဆီးသူများကို အရေးယူပေးရန်၊ အဆောက်အအုံဆောက်လုပ်ရာတွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန်နှင့် သမ၀ါယမ ၀န်ကြီးလာရောက်ဖြေရှင်းပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။
အဆောက်အအုံဆောက်လုပ်မှုကို အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်း တာဝန်ရှိသူများက လာရောက်ဖြေရှင်းပေးမှု မရှိသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြမှုတွင်ပါဝင်သူ ကိုတင်ထက်ကိုက ပြောသည်။

အသင်းသား ၃၅ ဦးဖြင့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ခွင့်ရရှိရန် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အောက်တိုဘာ ၁၇ ရက်က လျှောက်ထားခဲ့ရာတွင် ပယ်ချခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ အယူခံဝင်ရောက်ရာတွင် ခွင့်ပြုမိန့် ၁/၂၀၁၂ ဖြင့် ဆန္ဒထုတ်ဖော်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
အသင်းသား၏ ဆန္ဒထုတ်ဖော်သည့်နေ့မှစ၍ သုံးပတ်အတွင်း တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းခြင်းမပြုပါက ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ကိုတင်ထက်ကိုက ပြောသည်။
 

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ