Thursday, May 23, 2013

ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း

 

ကံထူးသူ ငရဲသားများ
===========

ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း

သူတို့ အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။ သူတို့ ရဲ့ ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန်ကားတွေဖြစ်တဲ့ဖရာရီ (Ferrari) ကားတွေဆိုတော့ အင်ဂျင်ပါဝါ အရမ်းကောင်းပါတယ်။
သူတို့ ဘေးမှာကလည်း စကတ်တိုတို နဲ့ အရမ်းကိုလှတဲ့ ကောင်မလေးသုံးလေးယောက်ကလည်း
မူးယစ်ရီဝေနေတဲ့ မျက်လုံးတွေနဲ့ ။ အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီချင်းတွေနဲ့  ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့ က ဘာလို့ လေယာဉ်ကွင်းကိုလာတာလဲလို့ မေးစရာရှိတယ်။

နေ ရွှေသွေး အောင် နှင့် နီးစပ် သူများ က သူ ရွေးကောက် ပွဲမှာ ၀င် ပြိုင်ဖို့ စီစဉ်

Freedom News Group(Burma)
FNG Exclusive
ယခင် စစ်ခေါင်းဆောင် ဗိုလ် ချုပ် မှုး ကြီး သန်းရွှေ ၏
မြေးနေ ရွှေသွေး အောင် ( ခေါ်) ဖိုး လပြည့် သည် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ တွင် ပြည်ထောင်စု ကြံ ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ မှ ၀င်ရောက် ယှဉ် ပြိုင် အရွေးခံ ပြီး သမ္မ တ ရာထူး အတွက် မျှော်မှန်
ထား သည် ဟု FNG မှ သတင်း ရရှိ သည်။
နေ ရွှေသွေး အောင် နှင့် နီးစပ် သူများ က သူ ရွေးကောက် ပွဲမှာ ၀င် ပြိုင်ဓ
ဖို့  စီစဉ် ထားတယ်။ နေ ပြည်တော် က နေ ပဲ ၀င် အရွေးခံ မယ် လို့  FNG
ကို ပြောပါတယ်။
နေရွှေ သွေး အောင် ရွေးကောက် ပွဲ ၀င် နိုင်ရန် အတွက် အခြေခံဥပဒေ ကို အနည်း ငယ် ပြင် ဆင် မည် ဟု သိရသည်။

Wednesday, May 22, 2013

ဦးသန်းရွှေ၏မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်းယာဉ်ထိန်းရဲ တစ်ဦးအား လက်သီးနဲ့ ထိုး၊ ပါးရိုက် ၊ရုံးခန်း အတွင်းခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

 

ဦးသန်းရွှေ၏မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်းယာဉ်ထိန်းရဲ တစ်ဦးအား လက်သီးနဲ့ ထိုး၊ ပါးရိုက် ၊ရုံးခန်း အတွင်းခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

၁၄.၃.၂၀၁၃ ရက်နေ့ တွင် (၁၄း၀၀)ချိန်ခန့် တွင် ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့ နယ်၊အမှတ်(၉)ရပ်ကွက် ၊တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်း မီးပွိုင့်တွင် ယာဉ်ထိန်း တပ်ဖွဲ့ စု(၂၅)မှ လ ၂၂၆၉၉၃ တပ်သားစံသိန်းထွေး(ဘ) ဦးစံလှဘော်သည် ယာဉ်ထိန်း တာဝန်ဆောင်ရွက်နေစဉ်...
အင်းယားလမ်းအတိုင်းမြောက်မှတောင်သို့ (ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်) မောင်းနှင်လာသော ၉ဂ/၉၉၁၄ မတ်တူးငွေမှင်ရောင်ကား မီးပွိုင့်သို့ ရောက်ရှိလာပြီး ဖိုးလပြည့်မှ စကားပြောစက်ဖြင့် လမ်းရှင်းပေးရန်ပြော၍ တပ်သားစံသိန်းထွေးမှ ဖိုးလပြည့်မောင်းနှင်လာသည့် ယာဉ်ကြောအား မီးနီနေသည့်ကြားမှပင် မီးစိမ်းပေးခဲ့ကြောင်း၊ပွိုင့်ဖြတ်၍မီးဝါသွားသဖြင့် ဖိုးလပြည့်မှ မကျေနပ်ဖြစ်ပြီး ၎င်း၏ကားအား နိုင်ငံခြားဘာသာတက္ကသိုလ်ရှေ့ အရောက်လောက်တွင် ကားအားပြန်ကွေ့ လာပြီး ယာဉ်ထိန်းတပ်သား စံသိန်းထွေးအား လှမ်းခေါ်ခဲ့ကြောင်း၊ တပ်သားစံသိန်းထွေးမှ ကားအနားသို့ သွားရပ်ခဲ့ရာ ဖိုးလပြည့်မှ တပ်သားစံသိန်းထွေးအား မင်းငါစက်ခေါ်တာမကြားဖူးလား။ ငါကမင်းကိုလမ်းလယ်ထွက်ရှင်းခိုင်းတာ မီးဝါကိုတွေ့ ချင်တာမဟုတ်ဘူး သူ့ ကိုမီးဝါမှ ထွက်ခိုင်းတယ်ဆိုတဲ့သဘောလားဟု ပြော၍ယူနီဖောင်းအင်္ကျီစအား ဆွဲပြီးလက်သီးနှင့်လှမ်းထိုးကြောင်း၊ ဖိုးလပြည့်မှ မင်းနောက်ဆိုမလွယ်ဘူး ဟုပြောဆိုပြီးမောင်းနှင်ထွက်သွားကြောင်းသိရသည်။

ကွမ်းစားသူများ သတိထားဖွယ်

Myanmar News Update
ကွမ်းစားသူများ သတိထားဖွယ်

မြန်မာနိုင်ငံတွင် အာခံတွင်း ၊ အနံ့အသက် ကင်းရန် သော်လည်းကောင်း ၊ ဆေးလိပ် ဖြတ်လို၍ သော်လည်းကောင်း ၊ အစာစားပြီး ခံတွင်းချဉ် ပြေစေရန် အတွက် လည်းကောင်း ၊ ကားမောင်း နေစဉ် အိပ်ငိုက် ပြေစေရန် အတွက် လည်းကောင်း နည်း အမျိုးမျိုးဖြင့် ကွမ်းယာကို စားသုံးလျက် ရှိကြောင်း တွေ့ရသည်။ အချို့ အမျိုးသမီး များနှင့် ကလေးငယ် များပါ ကွမ်းစားသည့် အလေ့အထ ရှိကြ ကြောင်း တွေ့ရှိ နေရသည်။ နေ့စဉ် ကွမ်းစားသူ တစ်ယောက် အဖို့ နေ့စဉ် ကွမ်းယာဖိုး အနည်းဆုံး ကျပ် ၅၀၀ ခန့် ကုန်သည်ဟု သိရှိရသည်။ တစ်လ ဆိုလျှင် ကွမ်းယာဖိုး ပင်လျှင် ကျပ် ၁၅၀၀၀ ခန့် ကုန်ကျ နေပေပြီ။ ထို့ပြင် ကွမ်းစားခြင်း ဖြင့် ဥပဓိရုပ် မျက်မည် ၊ ကွမ်းတံတွေး ထွေးမိပါ ကလည်း မြို့ပြ အလှအပ ထိခိုက် ပေမည်။ အဆိုးဆုံးမှာ " ခံတွင်း ကင်ဆာ " ရောဂါကို ပိုက်ဆံ ပေးပြီး ၀ယ်ယူနေ သလို ဖြစ်နေသည်။

ဗဟုသုတ

Myanmar News Update
ဗဟုသုတ
၁။ အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိ၏။ အဲဒါ မိဘနဲ့အချိန်ပဲ။
၂။ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲ။
၃။ ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်။
၎။ နေသလိုဖြစ်တဲ့ဘ၀မှာ ဖြစ်သလိုမနေပါနဲ့။
၅။ အပြောနဲ့ကဲ့ရဲ့သူကိုအလုပ်နဲ့အနိုင်ယူရမည်။
၆။ မေ့တယ်ဆိုတာမလေးစားလို့၊ ကြောက်တယ်ဆိုတာမခိုင်လုံလို့။
၇။ အသိတရားရှိရှိနဲ့စာရိတ္တကောင်းအောင်ကြိုးစားရင်လူရာဝင်တယ်။
၈။ နှေးတာကအရေးမကြီးဘူး၊ရပ်မနေဖို့ကအရေးကြီးတယ်။

အပြောကြီးတာကမလုပ်ချင်တဲ့နည်းတစ်မျိုးကိုဖုံးကွယ်တာပဲ။
၁၀။ အခက်အခဲဆိုတာညည်းတွားဖို့မဟုတ်၊ကျော်လွှားဖို့။

ကွန်ပျူတာလောက

ကွန်ပျူတာလောက
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
၁) Microsoft စတင်တည်ထောင်သူဖြစ်တဲ့ Bill Gates ဟာ ကောလိပ်ကျောင်းက ထွက်ခဲ့ရဖူးပါတယ်...

၂) ကမ္ဘာ့အကျော်ကြားဆုံး အရောင်းအဝယ် website တစ်ခုဖြစ်တဲ့ eBay မှာ ခန့်မှန်းခြေအားဖြင့် တစ်စက္ကန့်ကို ဒေါ်လာ ၆၈၀ ဖိုးလောက် အရောင်းအဝယ်ဖြစ်ကြပါတယ်...

၃) လစဉ်လတိုင်း ကွန်ပျူတာဗိုင်းရပ်စ်အသစ် အမျိုးအစားပေါင်း ၆၀၀၀ လောက် ပေါ်ထွက်နေကြပါတယ်....

၎) အင်တာနက်ပေါ်ကပုံတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ကြပါတယ်...

သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ"

တို့ဗမာ Dobama
သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" တဲ့
သခင်အောင်ဆန်း အတွေး၊ သခင်အောင်ဆန်း အရေး
------------------------------------
လူတွေကို ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီး တစ်ရပ်ပင်ဖြစ်၏။ ထိုတရားကား..လောကီ နိဗ္ဗာန် ကို နောက်ဆုံး ရည်မှန်းပေ၏။
ကမ္ဘာလောကဓါတ်ကို သူ့သဘာဝ သူ့မူ သူ့ကိန်းအလျှောက် သိလျှင်မူ မည်သူမျှ အာဏာရှင် မင်းလောင်းတို့ကို မျှော်နေမည် မဟုတ်။ ခေါင်းဆောင်ကောင်းကိုလည်း စောင့်စားနေမည် မဟုတ်။ မိမိဝတ္တရား အင်အားကိုသိလျှင် သိသည့်အလျှောက် လူတိုင်း ကြိုးစားကြမည်။ နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည်။ လူတိုင်းလုပ်မှ ဖြစ်မည်။ မင်းလောင်းမျှော်နေစရာ မဟုတ်၊ ဘယ်နေရာကမှ မင်းလောင်းပေါ်လာမည်မဟုတ်။

လူ့တိုင်းအတွက် နေ့စဉ် စိတ်ကြည်လင်စေရန် ပြုလုပ်နည်း

Today Myanmar
လူ့တိုင်းအတွက် နေ့စဉ် စိတ်ကြည်လင်စေရန် ပြုလုပ်နည်း

နေ့စဉ် 10 မိနစ်မှ မိနစ်30 အထိလမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
နေ့စဉ်အနည်းဆုံး 10မိနစ်ခန့် ဘာကိုမှာမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလိုနေ့စဉ် 7နာရီပြည့်အောင်အိပ်ပါ။
E သုံးလုံးနဲ့အညီနေပါ။ (1) Energy (2) Enthusiasm (3) Empathy
Game တွေကစားပေးပါ။

အလုပ်ခွင်စိတ်ဖိစီးမှု ဖြေလျှော့နည်းများ

Royal Hero Media
အလုပ်ခွင်စိတ်ဖိစီးမှု ဖြေလျှော့နည်းများ

ကျွန်တော် တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစား မှုများကို တိုက်ရိုက် လာရောက် ထိတွေ့လာတဲ့ ပြင်ပ နှောင့်ယှက်မှု များကြောင့် တင်းအားတွေ ဖြစ်ပေါ် လာပြီး အဲ့ဒီ တင်းအားတွေ ကမှတစ်ဆင့် စိတ်ဖိစီးမှု (Stress) တွေ ဖြစ်လာတာ ဖြစ်ပါတယ်။

Wednesday, May 15, 2013

ဘောလ်ပင်နဲ.ထိုးတတ်တဲ.(ဗိုလ်ကြီး စန်းအောင်)


မရှိတာထက်-မသိတာခက် နေတဲ့ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက် မှ Admin ဌာနရဲ့ ဌာနခွဲမှုး ဗိုလ်ကြီးစန်းအောင်( အငြိမ်းစား) သို့ ...
ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်ဟု ဆိုလိုက်လျှင် IT နည်းပညာရပ်တွေနှင့် ပြည့်နက်နေသော နေရာ၊ နည်းပညာရှင်တွေပေါင်းစုနေတဲ့ ဌာနေတစ်ခုလို့  ယုံကြည်မိပါတယ်။ ဒီလိုနေရာမျိုးမှာ Admin ဌာနခွဲမှူး တာဝန်ကို ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးစန်းအောင်(အငြိမ်းစား)ကပညာတတ်တွေမလိုပါဘူး၊ ပညာတတ်တွေကို အထင်လည်းမကြီးဘူးဆိုတဲ့ စကားတွေသော်လည်းကောင်း အထက်အရာရှိများအား မကျေနပ်ချက်များကိုသော်လည်းကောင်း မိမိရုံးခန်းအတွင်းမှာပြောဆိုနေတာတွေကို
နေ့ စဉ်နှင့်အမျှ ကြားနေရပါတယ်။ တစ်ဆက်ထဲပြောရမယ်ဆိုလျှင် လက်အောက်ငယ်သားတွေကို လက်သီးလက်မောင်းတန်းပြီး ကြိမ်းမောင်းတာတွေ၊ အမျိုးသမီးဝန်ထမ်းတွေဆိုလျှင် ခန္ဓာကိုယ်ရင်းပြီးဝမ်းစာမွေးတဲ့ မိန်းကလေးတွေနဲ့  ခိုင်းနှိုင်းပြီးပြောတာတွေဟာလည်း အမြဲလိုလို ကြားနေရပါတယ်။
ဒါဆိုလျှင် ဗိုလ်ကြီးစန်းအောင်ကို ကျွန်တော်မေးချင်တာတစ်ခုက ရတနာပုံတယ်လီပို့ ဆိုတာဟာ နည်းပညာကိုကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ၊ အခြားကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့  ဖွဲ့ စည်းတည်ထောင်ထားတာ မဟုတ်ဘူးလား။
အတတ်ပညာ၊ အသိပညာ၊ မည်သည့်ပညာမှမရှိတဲ့ လူတွေစုစည်းပြီး လုပ်ကိုင်နေကြတာလား။ ဗိုလ်ကြီးစန်းအောင်ကိုယ်တိုင်ကရော မလိုအပ်ဘဲ၊ အမှန်တကယ်ပညာမတတ်ပါဘဲ ဌာနခွဲမှူးတာဝန်ကို ထမ်းဆောင်နေတာလား။
နောက်တစ်ခုမေးကြည့်ချင်တာက အုတ်မြစ်ကောင်းတဲ့ ဗိုလ်ကြီးတို့ တပ်မတော်မှာဆိုလျှင် မိမိအထက်အရာရှိကို လေးစားရမယ်၊ မိမိလက်အောက်ငယ်သားကို ညှာတာရမယ်ဆိုတာမျိုးတွေဟာ အခြေခံအနေနှင့် အခိုင်အမာရှိနေပါလျှက်နဲ့  ဘာကြောင့် အထက်လူကြီးများအားကွယ်ရာတွင် မကောင်းပြောဆိုတာမျိုးတွေ လက်အောက်ငယ်သားများအား ဆဲဆိုကြိမ်းမောင်းတာတွေဟာ နိစ္စဓူဝ ဖြစ်နေရတာပါလည်း။ စစ်ဘက်ဆိုင်ရာ အရာရှိငယ်များဆိုလျှင်လည်း တပ်မတော်အတွက် နိုင်ငံတော်အတွက် မလိုအပ်ပါဘဲ၊ အထင်ကြီးစရာမရှိပါဘဲ နှစ်စဉ်ငွေကုန်ကြေးကျခံပြီး ရုရှနိုင်ငံမျိုးကို ပညာတော်သင် စေလွှတ်နေတာလား။
ဗိုလ်ကြီးစန်းအောင်က စစ်ဘက်ဆိုင်ရာမှပညာတတ်မဟုတ်လျှ
င် အရပ်ဘက်မှ ပညာတတ်တွေဆိုလျှင်အထင်မကြီးတာမျိုးကို ပြောချင်တာလား။ စစ်ဘက်အရပ်ဘက် မည်သည့်ပညာတတ်ကိုမှ အထင်မကြီးတာမျိုးလား။ ဒါမှမဟုတ်လျှင် ဗိုလ်ကြီးစန်းအောင်ကိုယ်တိုင်က လုံးဝ(လုံးဝ)ပညာမတတ်တာလား။
နောက်ဆုံးအနေနဲ့  ပြောချင်တာလေးတစ်ခုက ဗိုလ်ကြီးစန်းအောင် ရင်းနီးပြီးသား ဗိုလ်ကြီးစန်းအောင်ရဲ့ လက်သုံးစကားလေးပါ " မင်းတို့ ကို ငါလက်သီးနဲ့ မထိုးဘူး ဘောပင်နဲ့ ပဲထိုးမယ်" ဆိုတာလေးပါ။ ဗိုလ်ကြီးကတော့ အထက်ကိုစာတင်မယ်လို့  ဆိုလိုလားမသိဘူးနော်။ စိတ်တော့မရှိပါနဲ့  ကျွန်တော်လည်း ဗိုလ်ကြီးစန်းအောင်ကို ကလောင်လေးနဲ့  ထိုးကြည့်လိုက်တာပါ။
၇တနာပုံ

Friday, May 10, 2013

ဆရာတော် ဦးသောဘိတ သေဆုံးစေခဲ့မှုဖြင့် အစ္စလာမ်ဘာသာဝင် ၆ ဦး သေဒဏ်ကျခံရဖွယ်ရှိ



ယခု လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဘာသာရေးဆိုင်ရာ ပဋိပက္ခအတွင်း၌ ပျံလွန်တော်မူခဲ့ရသော သံဃာေ တာ် ၏ သေဆုံးမှုနှင့်ပတ်သက်၍ စစ်ဆေးခြင်းခံနေရသော အစ္စလာမ်ဘာသာဝင် ၆ ဦးမှာ
 ပြစ်မှု ထင်ရှား ပါက သေဒဏ်ကျခံရနိုင်ဖွယ် ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်ဟု AFP သ တင်း တရပ်တွင် ဖော်ပြပါရှိသည်။
မန္တလေးတိုင်း တရားသူကြီး ဦးရဲအောင်မြင့်၏ အဆိုအရ ၎င်းတို့အား စစ်ဆေးနေပြီး သောကြာနေ့တွင် အ မိန့် ချမှတ်လိမ့်မည်ဟု ခန့်မှန်းထားသည်။

(၉၆၉)ကိုစော်ကားတဲ့ ကုလားကို အရေးယူထားပြီ



ကျုံမငေး- မေ(၄) ရက်။
ဧရာဝတီတိုင်း၊ကျုံမငေးမြို့မှာ ၉၆၉ကို ဆဲရေး တိုင်းထွာ စော်ကားမှုတစ်ခု ဖြစ်ပွာခဲ့ပါတယ်။ (၄-၅-၂၀၁၃)ရက်နေ့မွန်းတည့် ၁၂း၀၀ ခန့်မှာ ဖြစ်ပွား ခဲ့တာပါ။ ဆဲရေးတိုင်းထွာသူမှာ


ကျုံမငေးမြို့၊ အုန်းပင်င်္ဂါရာမရပ်ကွက်နေ မွတ်ဆလင်ကုလား ရခူ (ခ)မြဝင်း (၃၈)နှစ် ဖြစ်ပြီး
 သူ့အိမ်ထဲမှာ ဘဲ ကော် ဆဲနေတာပါ။
ပထမဆဲဆိုသံပဲ ကြားရပြီး ဘယ်သူ့ကို ဆဲမှန်းမသိလို့ ရပ်ကွက်က ကြည့်နေကြတာပါ။ နောက်ပိုင်းကျမှ ဗမာတွေ (၉၆၉)တွေကို နာမည်တပ်ပြီး တိုက်ရိုက်ဆဲတာပါ။

ပြန်လည်နိုးထလာမည့် မြန်မာပြည်က သေမင်းတမန်ရထားလမ်း

Photo

ဒုတိယ ကမ္ဘာစစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်တို့ကို ဆက်သွယ်ထားသော သေမင်းတမန်ရထားလမ်းကို မြန်မာနိုင်ငံက ပြန်လည်ပြုပြင် ဖွင့်လှစ်ရန် လေ့လာတိုင်းတာမှုများ ပြုလုပ်နေပြီဖြစ်သည်။
နှစ်ပေါင်း ၇၀ နီးပါး အသုံးပြုခြင်း မရှိသော ရထားလမ်းကို ပြန်လည်ပြုပြင်လိုသည့် ရည်ရွယ်ချက်မှာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်ရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်သည်။
“သေမင်းတမန် ရထားလမ်းကို အမှီပြုပြီး အိမ်နီးချင်းနိုင်ငံတွေက ခရီးစဉ်တွေ ကြော်ငြာနေတာ ကြာပြီ။ မြန်မာနိုင်ငံမှာက အခုမှစပြီး ခရီးစဉ်ရောင်းရမှာ နောက်တောင်ကျနေပြီ။ ဒီရထားလမ်းမှာ သေဆုံးခဲ့တဲ့ သူတွေရဲ့ မိသားစုဝင်တွေကလည်း လာကြည့်ချင်ကြတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌဦးဖြိုးဝေရာဇာက ပြောသည်။
အိမ်နီးနားချင်း ထိုင်းနိုင်ငံကမူ အဆိုပါ ရထားလမ်းကို အသုံးချ၍ ခရီးသွားလုပ်ငန်းမှ ၀င်ငွေရရှိနေသည်မှာ ရာစုနှစ်အတော်ကြာ ရှိနေပြီဖြစ်သည်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှ ၁၂၈ ကီလိုမီတာ ဝေးကွာသော အဆိုပါ နေရာကို ခရီးစဉ်အမျိုးမျိုးဖြင့် ကမ္ဘာတစ်ဝန်းမှ ခရီးသည်များ လာရောက်လည်ပတ်လျက်ရှိသည်။
“အဲဒီရထားလမ်းကို သွားချင်ရင် ထိုင်းဘက်က သွားရတာက ပိုအဆင်ပြေတယ်။ ခရီးသွားကုမ္ပဏီတွေက ဘန်ကောက်ကနေ တစ်ညအိပ် နှစ်ရက်ခရီးတွေ စီစဉ်ပေးတယ်။ လမ်းတွေလည်း ကောင်းတယ်။ အဲဒီမှာ အမှတ်တရဆိုင်တွေ ပြတိုက်တွေ ထိုင်းနိုင်ငံက အကုန်လုပ်ထားပေးတယ်။ မြစ်တစ်လျှောက်လှေစီးလို့လည်း ရတယ်။ ရထားလည်း စီးလို့ရတယ်”ဟု မကြာသေးမီက ထိုဒေသသွားရောက်လည်ပတ်ခဲ့သော ဒေါ်တင်စန်းက ပြောသည်။
ခရီးသွားများ စိတ်ဝင်စားသော နေရာဟုဆိုသော်လည်း ထိုနေရာကား ပျော်စရာရွှင်စရာ အလည်အပတ် ခရီးမျိုးမဟုတ်ဘဲ စစ်၏ ဆိုးကျိုးအနိဋ္ဌာရုံနှင့် အသက်ပေးခဲ့ကြသူများအတွက် သံဝေဂရစရာ အမှတ်တရ ပြန်ပြောင်းလေ့လာနိုင်သည့် ခရီးစဉ်မျိုးသာ ဖြစ်သည်။

ဈေးပေါသော်လည်း ကျပ် ၁၅၀၀ တန်ဖုန်း ကိုင်ဆောင်သူများ ဒုက္ခရောက်

5.9.4
ကျပ် ၁၅၀၀ တန်ဖုန်း ၀ယ်ယူခွင့်ရရန် အမည်စာရင်း ကြည့်ရှုနေသည်ကို တွေ့ရစဉ်
ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ မဲနှိုက်စနစ်ဖြင့် ရောင်းချပေးခဲ့သည့် ကျပ် ၁၅၀၀ တန်ဆင်းကတ်များမှာ ယခင် ရောင်းချပေးခဲ့သည့် ဆင်းကတ်များနှင့် နှိုင်းယှဉ်ပါက ဈေးသက်သာသော်လည်း အသုံးပြုသူများ အနေဖြင့် သုံးစွဲရာ၊ ၀ယ်ယူရာတွင် အခက်အခဲများစွာရှိကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ကျပ် ၁၅၀၀ တန် ဆင်းကတ်များကို ကိုင်ဆောင်အသုံးပြုလိုသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် သွားရောက်လျှောက်ထားရပြီး ရပ်ကွက်အတွင်းရှိ လူဦးရေပေါ် မူတည်၍ ကတ်အရေအတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ၀ယ်ယူသူများ အနေဖြင့် ယင်း ၁၅၀၀ တန် ဆင်းကတ်များကို ၀ယ်ယူရာတွင် ဖုန်းဆင်းကတ်များကို လိုသလောက် ရောင်းချပေးနိုင်မှု မရှိခြင်း၊ သုံးစွဲနိုင်သော ဧရိယာ အကန့်အသတ် ရှိနေခြင်း၊ အသုံးပြုနိုင်သော ဟန်းဆက် အမျိုးအစား ကွာခြားခြင်း၊ အသုံးပြုသူများအပေါ် သတ်မှတ်ချက် ကွာခြားခြင်းတို့ကြောင့် ကိုင်ဆောင်သူများ အနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရသည်။
ဧပြီ ၂၄ ရက်တွင် ရောင်းချပေးခဲ့သည့် ငွေကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းကတ်များမှာ ဟန်းဆက်ရွေးခြင်း၊ အသုံးပြုနိုင်သည့် နေရာဒေသ အကန့်အသတ်ရှိခြင်းတို့အပြင် ကတ်ရပြီး အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။ ထို့အပြင် နှစ်လလျှင် ငွေကျပ် ၅၀၀၀ အနည်းဆုံး အသုံးပြုရမည် စသော သတ်မှတ်ချက်များ ရှိနေခြင်း၊ ယခင် ရောင်းချပေးခဲ့သည့် စီဒီအမ်အေ ၈၀၀ ဆင်းကတ်များကဲ့သို့ စီဒီအမ်အေ ၄၅၀ ကွန်ရက်အတွင်း၌ အသုံးပြုနိုင်မှု မရှိခြင်း စသည့် အချက်များကြောင့် သုံးစွဲသူအချို့မှာ ကြိုက်နှစ်သက်ခြင်း မရှိကြောင်း သိရသည်။

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ