စက်တင်ဘာ ၂၅ ရက်နေ့က ရသေ့တောင်မြို့တွင် ကျင်းပခဲ့သော ရခိုင်လူထုအစည်းအဝေးပွဲ မြင်ကွင်း
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စက်တင်ဘာ ၂၅၊ ၂၆ ရက် နေ့များက
ကျင်းပခဲ့သည့် ရခိုင်ဒေသလူထု အစည်းအဝေးကြီးမှ နယ်စပ်လုံခြုံရေး၊
ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င်
နိုင်ငံတော်အစိုးရသို့ တင်ပြ တောင်းဆိုချက် ၁၈ ချက်၊ ကန့်ကွက်ချက်
ခြောက်ချက်နှင့် အကြံပြုချက် သုံးချက်ကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့ကြောင်း
သတင်းရရှိသည်။
အစည်းအဝေးကြီးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်များတွင်
မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င်
ခိုးဝင်သူများရှိနေ၍ ပင်လယ်ပြင်နှင့်နယ်စပ်အား လုံခြုံရေးကို အခိုင်အမာ
တည်ဆောက်ပေးရန်၊ မြန်မာနိုင်ငံရှိ ဘင်္ဂါလီများ၏ လူဦးရေပေါက်ဖွားနှုန်းကို
ထိန်းချုပ်နိုင်မည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် အပါအ၀င်တောင်းဆိုချက် ၁၈
ချက် တောင်းဆိုခဲ့သည်။