Friday, June 29, 2012
jordan country မှ တစ်ယောက်သောသူသိစေဖို.
Friday, June 22, 2012
မီးရထား ၀န်ထမ်း အား တောင်ညွန့် ရဲ က ၀ိုင်းရိုက် ပြီး စွန့် ပြစ်ထား(ဗွီဒီယို နှင့် သတင်း)
မြန်မာ့ မီးရထား ရထား တွဲ တစ်ခု တွင် စား ပွဲ ထိုး အဖြစ် တာဝန်ထမ်းဆောင် နေသည့် တောင်ဒဂုံ ဉ် နေ သူ ကို ကျော် မင်းခိုင် ကို မီးရထား ရဲ က ၀ိုင်း ရိုက် ပြီး မင်္ဂလာ တောင်ညွန့်  မြို့  နယ် ကန်တော်ကြီး စောင်း ရှိ ပုဂံ လုံး ကျွန်း ဉ် သွား ရောက် စွန့် ပစ် ထား ခဲ့ သည် ဟု ကာယကံ ရှင် ၏
မိသား စု ၀င် တစ်ဦး က FNG ကို ပြောသည်။ဇွန်လ ၁၈ ရက်နေ့  ညက ပဲခူး မှ ရန် ကုန် သို့  နေပြည်တော် အစုန် ရထား ဖြင့် ရန်ကုန် သို့  ပြန်
လာရာ တွင် အိမ်ပျော် သွား ခဲ့ သည့် အတွက် မူလ စီစဉ် ထား သည့် ဘူတာ ဉ် မဆင်း မိဘဲ ရန်ကုန်ဘူတာ ကြီး ထိ ပါလာ ရာ မှ ဖမ်းဆီး နှိပ် စက် ကာ ရိုက် နှက် ခံရခြင်း ဖြစ်သည်။မီးရထား ရဲတပ် ဖွဲ့  ၀င် များ က ပြင်းပြင်း ထန် ထန် ရိုက် နှက် ပြီး နောက် မင်္ဂလာ တောင်ညွန့်  မြို့နယ် ကန်တော် ကြီး စောင်း တွင် စွန့် ပစ်ထား ရာ နှစ် ရက် ကြ မှ ကွမ်းယာ ရောင်းသူ တစ်ဦး ကတွေ့ ရှိ ပြီး ကို ကျော် မင်း ခိုင် ၏ နေ အိမ် သို့  တက္ကစီ အငှား ယာဉ် ဖြင့် ပို့ ဆောင် ပေး ခဲ့ ခြင်းဖြစ်သည်။
ဒဏ်ရာ ပြင်းထန် စွာ ရရှိ သည့် ကို ကျော် မင်း ခိုင် သည် အောက်ပိုင်း လှုပ်ရှား နိုင်မှု မရှိ တော့ဘဲ ရန်ကုန် မြို့ ရန်ကုန် ဆေးရုံ ကြီး ဥဏှောက် နှင့် အာရုံ ကြောဌာ န တွင် တက် ရောက် ကုသခံ နေရသည်။
အသက် ၃၃ နှစ် ရှိ ကို ကျော် မင်း ခိုင် ၏ ဖင် မှာ မီရထား ဌာန တွင် ရုံ ပိုင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ တစ်ဦး ဖြစ် သည်။ ကို ကျော်မင်းခိုင် ရိုက် နှက် ခံရ မှု ကို မင်္ဂလာ တောင် ညွန့် ရဲစခန်း တွင်အမှု ဖွင့် တိုင်ကြား ထား သည် ဟု သိရသည်။
မြန်မာ့ မီးရထား ရဲ တပ် ဖွဲ့  ၀င်များ မှာ မောက်မာ ရိုင်း စိုင်း ပြီး ဇွန် လဆန်း ပိုင်း က မြို့  ပတ် ရထားပေါ် တွင်ဈေး ရောင်းသည့် အသက် ၁၅ နှစ် အရွယ် မောင်သီဟ ဦး ဆိုသည့် ကလေး ငယ် အားမီးရထား ရဲ က ရေကူး ဘူတာ အနီး တွင် တရား မ၀င် ဈေး ရောင်း သည် ဟု ဆို ကာ ရထားပေါ် မှာ ကန် ချ ခဲ့ မှု တစ်ခု ဖြစ် ပွား ခဲ့ သေးသည်။
ထို အမှု အတွက် မြန်မာ့ လူမှုဘ၀ ဖွံ့  ဖြိုး တိုးတက်ရေး ကွန်ယက်မှ အငြိမ်းစား စစ် အရာ ရှိ ဟောင်းဦး နေမျိုးဇင် မှ လိုက် ပါ ကူညီ ဆောင် ရွက် ပေး လျှက် ရှိ သည်။
http://mixgawli.blogspot.com/
Wednesday, June 20, 2012
ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ဒ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံ
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ဒ် တက္ကသိုလ်က အပ်နှင်းတဲ့ ဥပဒေဆိုင်ရာ
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ယူရန် ခန်းမတွင်းသို့ အခမ်းအနားနှင့် ဝင်လာစဉ်။ ( ဂျွန်လ ၂၀
ရက်၊ ၂၀၁၂။)
ဥရောပခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံမှာရောက်နေတဲ့
မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ အောက်စဖို့ဒ်
တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အောက်စဖို့ဒ်တက္ကသိုလ်ကြီးက
ဒီကနေ့ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မိန့်ခွန်းပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က
သူ တက္ကသိုလ်ကျောင်းသူဘဝကို လွတ်လွတ် လပ်လပ် ဖြတ်သန်းခဲ့ရတဲ့ အရသာကို
မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ခံစားစေချင်တယ်လို့ ပြောခဲ့ပါ တယ်။
တချိန်ကသူကျင်လည်ခဲ့ရာ အောက်စဖို့ဒ်တက္ကသိုလ်က အမှတ်ရစရာ အကြောင်းတွေနဲ့အတူ မြန်
မာနိုင်ငံက လူငယ်တွေအတွက် သူ့ရဲ့မျှော်လင့်ချက်တွေကို မိန့်ခွန်းထဲမှာ
ကျယ်ကျယ်ဝံ့ဝံ့ပြောသွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အောက်စဖို့ဒ်မြို့မှာ
ကိုယ်တိုင်သတင်းယူနေတဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ် ဘွဲ့နှင်းသဘင်
အခမ်းအနားကို ဒီကနေ့မနက် ၁၁ နာရီခွဲမှာ စတင်တာပါ။ အောက် စဖို့ဒ် တက္ကသိုလ်ရဲ့
အဓိပတိက ဦးဆောင်ပြီးတော့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ကမ္ဘာကျော် အောက်စဖို့ဒ် တက္ကသိုလ်ကြီးကတော့ ရှေးရိုးစဉ်လာ မပျက် ခရာသံနဲ့
အခမ်းအနားကို စပြီးဖွင့် ခဲ့ပါတယ်။ ဒီနေ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို
လက်ခံရယူသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးပေါင်း ၈ ဦးဖြစ်ပါတယ်။
ဘွဲ့လက်ခံမယ့်သူတွေက sheldonian theatre ခမ်းမကြီးထဲကို ဘင်ခရာသံတွေနဲ့အတူ
စပြီးဝင်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှေ့ဆုံးက ဝင်လာတာဖြစ်ပါတယ်။
ဘွဲ့ဝတ်စုံအနီရောင်ကို ဝတ်ဆင်ထားပြီး
ရင်ဖုံးအင်္ကျီအနက်နဲ့ အနက်အောက်ခံ ယောထမီရောင်စုံပွင့်ထိုးကို ဝတ်ဆင်ထားတာ
တွေ့ရပါတယ်။ သူ့ရဲ့ ရင်ဖုံးအင်္ကျီအနက်မှာတော့ ခွပ်ဒေါင်းပုံရင်ထိုးကို
ဝံ့ဝံ့ကြွားကြွား တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဘွဲ့အပ်နှင်းတဲ့အခမ်းအနား အပြီးမှာတော့
အောက်စဖို့ဒ်တက္ကသိုလ် အဓိပတိက ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောဖို့ ဖိတ်ကြားပါတယ်။
ကျမကိုယ်တိုင် တွေ့ရသလောက် ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာစာရွက်မှ ကိုင်မထားဘဲနဲ့
လက်တန်းပြောသွားတာ ဖြစ်ပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်ကြီးက
သင်ကြားပေးလိုက်တဲ့ Civilization of Huminity လို့ခေါ်တဲ့ လူ့ယဉ်ကျေးမှု ပညာရပ်ဟာ
သူ့အတွက် အကျိုးရှိတဲ့အကြောင်း အခုလို ပြောပါတယ်။
“အောက်စ်ဖို့ တက္ကသိုလ်နဲ့ ပတ်သက်လို့
ကျမအတွက် အရေးအကြီးဆုံး အရာတခုကတော့ ကျောင်းသင်ခန်းစာ စာအုပ်တွေထဲကနေ
လေ့လာသင်ယူခဲ့ရတာတွေ သာမကပဲ လူ့ယဉ်ကျေးမှုထဲက အကောင်းဆုံး အရာတွေ ကို
လေးစားတတ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ လူ့ယဉ်ကျေးမှုထဲက အကောင်းဆုံးအရာတွေ ဆိုတာဟာ
ကမ္ဘာပေါ်က နေရာအသီးသီးက လာကြတာပါ။ ဒါတွေဟာ အောက်စဖို့ဒ် လောက်မှာပဲဖြစ်ဖြစ်၊
မြန်မာပြည်မှာ ပဲ ဖြစ်ဖြစ် တခြား တိုင်းပြည်တခုခုမှာပဲ ဖြစ်ဖြစ် အကန့်အသတ်နဲ့
ရှိနေတာ မဟုတ်ပါဘူး။ လူ့ယဉ်ကျေးမှုရဲ့ အကောင်းဆုံးအရာတွေကို အောက်စဖို့ဒ်မှာ
သင်ယူခဲ့တာတွေက ကျမအတွက်တော့ အကောင်းဆုံးမဟုတ်တဲ့ အရာတွေကို လက်ခံ
ရင်ဆိုင်တဲ့နေရာမှာ ခံနိုင်ရည်ရှိအောင် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။”
အောက်စဖို့ဒ် တက္ကသိုလ် St. Hugh
တက္ကသိုလ်ကောလိပ်ကျောင်းသားတွေကို သူ မနေ့က တွေ့ခဲ့ရတုန်းက သူငယ်ငယ်က အဲဒီ St. Hugh
ကောလိပ် ပရဝုဏ်ထဲမှာ ပျော်ရွှင်လွတ်လပ်စွာ စာသင်ခဲ့ရတဲ့အဖြစ် ကလေးတွေ၊
မတူကွဲပြားတဲ့အမြင်တွေကို သူငယ်ချင်းတွေနဲ့ ဖလှယ်နိုင်ခဲ့တာ၊ နောက် မြန်မာပြည်က
တက္ကသိုလ်တွေရဲ့ ကမ်းပတ်စ် လိုက်ဖ် (Campus Life) လို့ခေါ်တဲ့ ပရဝုဏ်ထဲမှာ
ကျောင်းသားတွေ လွတ်လွတ်လပ်လပ် မခံစားကြရတဲ့အဖြစ်နဲ့ နှိုင်းယှဉ်ရင်း အခုလို
ပြောပြပါတယ်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိတ်မကောင်းစရာ အဖြစ် ကျမတွေးမိ တာကတော့
ကျောင်းသားတွေ အတွက် တက္ကသိုလ်ပုရ၀ဏ်မှာ ကျင်လည်ရတဲ့ ဘ၀တွေ ကင်းမဲ့နေတာပဲ ဖြစ်
ပါတယ်။ ကျောင်းပုရ၀ုဏ် ဘ၀ဆိုတာဟာ လူငယ်တွေအတွက် သူတို့ ကိုယ်ပိုင်ကမ္ဘာကို
ဖန်တီးဖို့၊ ဒါမှ မဟုတ်ရင်လည်း ကမ္ဘာကို သူတို့ကိုယ်ပိုင်ဖြစ်အောင် ဖန်တီးနိုင်တဲ့
အဓိပ္ပါယ်ဆောင်ပါတယ်။ ဒီလို လုပ်ဖို့ အတွက် သူတို့မှာ လွတ်လပ်ခွင့်နဲ့ နေရာလည်း
ရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း ကျမတို့ မြန်မာနိုင်ငံက
လူငယ်တွေမှာတော့ လွတ်လပ်ခွင့်တွေလည်း မရှိကြပါဘူး။ ကျောင်းသားတွေ စည်းကမ်းတကျ
ဖြစ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ထိန်းထားချင်တဲ့အတွက် တက္ကသိုလ်ဘ၀တွေဟာ
ပြိုကွဲခဲ့ရပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စပါ၊ ကျောင်းသားဆိုတာမျိုးက ဒီလို
ထိန်းထားလို့ မရပါဘူး။”
အဲဒီနောက်မှာတော့ ဟာသလေးနှောပြီး
ပြောသွားတာ တခုရှိပါတယ်။ သူက လန်ဒန်မြို့ ကနေ အောက်စဖို့ဒ်မြို့ကို ကားနဲ့လာတော့
ကားလမ်းက ချောမွေ့ပြေပြစ်နေ တာ တွေ့ရပါတယ်- တဲ့။ မြန်မာပြည်က လမ်းတွေက
ကြမ်းတမ်းပေမဲ့ သူကတော့ ခံနိုင်ရည်ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အခု
ကားလမ်းကချောပေမဲ့ ကားတော့မူးတယ်လို့ ဟာသနှောပြီး ပြောသွားပါတယ်။
ဟာသရဲ့နောက်မှာတော့ မြန်မာပြည်ရဲ့
အနာဂတ်လမ်းခရီးဟာလည်း တလက်မချင်းစီပြုပြင်ပြီး ချောမွေ့အောင် လုပ်ရလိမ့်မယ်လို့
အခုလို ပြောပါတယ်ရှင်။
“မြန်မာနိုင်ငံဟာ အခုအခါ
လမ်းကြောင်းတခုပေါ်မှာ စပြီး လျှောက်လှမ်း နေပါတယ်။ ဒီလမ်းဟာ အင်္ဂလန်မှာ
တွေ့နိုင်တဲ့ အဖြောင့်ဖြူးဆုံး လမ်းမျိုးတော့ မဟုတ်သေးပါဘူး။ ချောချောမွေ့မွေ့
မဟုတ်သလို၊ ကျကျနန ပြုပြင်ထိန်းသိမ်းတာမျိုးလည်း မရှိပါဘူး။ တကယ်တော့ ခရီးက
ရောက်တောင် မရောက်သေးပါဘူး။ လမ်းကြောင်းကို ကျမတို့ဖာသာ ဖောက်ကြရမှာပါ။
ဒီလမ်းပေါ်မှာ ကျမတို့ လျှောက်လှမ်းနေတဲ့ တချိန် တည်းမှာပဲ ကိုယ်တိုင် ဖောက်လုပ်သွားကြရမှာ
ဖြစ်ပါတယ်။ လောလောဆယ်မှာ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေ ကြီးကြီးမားမား
ထားနေသူတွေလည်း အများအပြား ရှိနေပါတယ်။”
ဒါနဲ့တဆက်တည်းမှာပဲ မနေ့က
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့၊ ဂျွန်လ ၁၉ ရက်နေ့မှာတော့
တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားကလည်း ဗြိတိန်နိုင်ငံကို
ရောက်နေတာနဲ့ကြုံကြိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနှုတ်ဆက်သွားတယ်ဆိုတာကို
ကြားသိရပါတယ်ရှင်။ Source VOA
၇ည်၇ွယ်သူသိစေဖို.
ဂျော်ဒန်နိုင်ငံမှ..........................
တစ်ယောက်သောသူ.အတွက်ပေါ....................
.............................................................
၇င်ထဲတိတ်တခိုး........
ချစ်မြတ်နိုးလို........................
၇င်ဖွင်.ပြောဆို.................
ချစ်သောသူကို.......................
ပြောမယ်ကြံတိုင်း........................
ကြောက်၇ွံနေတယ်......................
မုန်းများမုန်းလို..............................
သွားလေမလား.......................
(ဝေဖြိုးခိုင်)
တစ်ယောက်သောသူ.အတွက်ပေါ....................
.............................................................
၇င်ထဲတိတ်တခိုး........
ချစ်မြတ်နိုးလို........................
၇င်ဖွင်.ပြောဆို.................
ချစ်သောသူကို.......................
ပြောမယ်ကြံတိုင်း........................
ကြောက်၇ွံနေတယ်......................
မုန်းများမုန်းလို..............................
သွားလေမလား.......................
(ဝေဖြိုးခိုင်)
Tuesday, June 19, 2012
အစိုးရ၀က်ဘ်ဆိုက် အချို့နှင့် ပြည်တွင်းရှိ ၀က်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ၄င်းအဖွဲ့များမှ ကြေညာ
Bangladesh
Cyber Army အဖွဲ့၏ Facebook စာမျက်နှာ
အစိုးရ၀က်ဘ်ဆိုက်အချို့နှင့်
ပြည်တွင်းရှိ ၀က်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ
ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းအား ၄င်းအဖွဲ့နှစ်ခု၏ Facebook
စာမျက်နှာများတွင် ဇွန်လ ၁၈ရက်နေ့၌ ကြေငြာထားသည်။ အဆိုပါအဖွဲ့နစ်ခုမှာ Bangladesh
Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ဖြစ်ကြောင်း
သိရှိရပါသည်။
Bangladesh Cyber Army အဖွဲ့မှ
ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ထားသည့် အစိုးရအဖွဲ့ အစည်းမှ ၀က်ဘ်ဆိုက်များမှာ
ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ www.construc tion.gov.mm ၀က်ဘ်ဆိုက်၊ သစ်တောရေးရာ
ဝန်ကြီးဌာန၏ www. myanmar teak.gov.mm ၀က်ဘ် ဆိုက်များနှင့် အခြားဆိုက်များဖြစ်
သည့် www.myanmar.gov.mm, www.myancoop.gov.mm, www.csostat.gov.mm,ww
w.moai.gov.mm စသည့်ဝက်ဘ် ဆိုက်များလည်း ပါဝင်သည်။ ပြည်တွင်းရှိ
ဆိုက်ဘာတိုက်ခိုက်မှု ခံရသည့် ပုဂ္ဂလိက ၀က်ဘ်ဆိုက် ပေါင်း၃၀ကျော်ရှိ ပြီး
၎င်းဆိုက်များတွင် ခရီးသွားကုမ္ပဏီအချို့၏ ၀က်ဆိုက်များ၊ မန္တလေး ဆေးတက္ကသိုလ်၏ www.
ummdy.org ၀က်ဘ်ဆိုက်၊ ပြည်တွင်းရှိ နာမည်ကြီးဟိုတယ်များ၏ ၀က်ဘ်ဆိုက်များဖြစ်သည့်
http://baganhotelriverview.com/, http://royal-ayeyarwaddy.com/ စသည့်
ဝက်ဘ်ဆိုက်များလည်း ပါဝင် ကြောင်းသိရသည်။
ထို့အတူ Bangladesh Black HAT Hackers
အဖွဲ့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (http://www.cbm.gov.mm)
ကို တိုက်ခိုက်လိုက်ကြောင်း ၄င်းတို့၏ Facebook မှတစ်ဆင့် ကြေညာခဲ့ပါသည်။
ထို့အပြင် နိုင်ငံကူလက်မှတ်ထုတ်ပေးရေးဌာန ၏ ၀က်ဆိုက် http://www.passport.gov.mm
နှင့် အကောက်ခွန်ဦးစီးဌာန၏ ၀ဘ်ဆိုက် http://myanmarcustoms.gov.mm တို့ကိုလည်း
ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ Hacker အဖွဲ့၏ Facebook တွင် ဖေါ်ပြထားပါသည်။
အဆိုပါ ဆိုက်ဘာတိုက်ခိုက်
မှုများနှင့်ပတ်သတ်၍ “အင်တာနက်မှာ DDOs (Distributed Denial of service ) နဲ့
တိုက်တာတွေကတော့ အမြဲလိုလိုရှိပါတယ်။ မကျေနပ်တဲ့သူတွေက သူတို့ရဲ့မကျေနပ်ချက်
တွေကို အဲလိုနည်းနဲ့ ဖော်ထုတ်ကြတယ်။ ဘာမှထူးခြားတာလဲ မဟုတ်သလို ဘယ်သူ့အတွက်မှလည်း
အကျိုးမရှိပါဘူး။ ကျွန်တော်တို့ဘက်က ဒီလိုအတိုက်မခံရအောင်
ဆိုက်လုံခြုံရေးအပိုင်းကို အမြဲဂရုစိုက်ရမယ်။ပြီးရင် DDOs ကိုခုခံနိုင်တဲ့
Router မျိုးတွေပိုပြီးများများ သုံးရမယ်။ ဟိုး ၂၀၁၀ တုန်းက DDOs
တစ်ခါဖြစ်ပြီး ကတည်းကတော့ DDOs ခံနိုင်တဲ့ Router တွေနဲ့ DDOs
ခံနိုင်အောင် Network ပုံစံတွေပြောင်းထားသေးတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး
ထင်တယ်။ Bandwidth ကလည်း နည်းနေသေးကိုး။ အတိုက်ခံတဲ့ ဆိုက်အများစုက လုံခြုံရေးအား
နည်းတာရယ်။ တစ်ချို့ဆိုက်တွေက ဗိုင်းရပ်စ်ရှိတာကြောင့်ပါ။ လုံခြုံရေး အပိုင်းကို ဂရုစိုက်သင့်ပါတယ်”
ဟု Internet Society Myanmar Chapter အဖွဲ့မှ ကိုရာဗီက ပြောကြားသည်။
Monday, June 18, 2012
နိုင်ငံတကာ ဟတ်ကာများကို ဖမ်းလိုက်ပြီတဲ.
Anomymous-
အမည်မသိလို့ခေါ်တဲ့ နိုင်ငံတကာ ကွန်ပြူတာကွန်ယက် ဖောက်ထွင်းရေးအဖွဲ့ကြီးရဲ့
ခေါင်းဆောင်တချို့ဟာ အခုတော့ အမည်မသိတွေ မဟုတ်ကြတော့ပါဘူး- အမည်တွေ
ပေါ်ကုန်ပါပြီ။
ကွန်ပြူတာဖောက်ထွင်းသူ
ဟက်ကာ (Hacker) ဇေဗီယာ မွန်ဆေးဂူးလ် (Xavier Monsegur) အပါအဝင်
ထိပ်တန်းကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ ၆ ဦးကို
ဖမ်းဆီးလိုက်ပြီဖြစ်တဲ့အကြောင်း နယူးယောက် အာဏာပိုင်များက အင်္ဂါနေ့မှာ
အသိပေး ကြေညာပါတယ်။
ဟက်ကာများကို
ဖမ်းဆီးနိုင်ဖို့အတွက် ဟက်ကာနာမည်ဝှက် ဆာဘူး (Sabu) လို့ သိကြတဲ့
ဇေဗီယာမွန်ဆေးဂူးလ်က အာဏာပိုင်များနဲ့ ပူးပေါင်းကူညီမှု ပေးခဲ့တယ်လို့
အာဏာပိုင်များက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက
ဇေဗီယာမွန်ဆေးဂူးလ်ဟာ ကွန်ပြူတာများ ဖောက်ထွင်းခဲ့တဲ့အကြောင်း
ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။
အခုအခါမှာ
ဒေါ်လာ ၅ သောင်းတန်တဲ့ အာမခံနဲ့ အပြင်မှာ ရှိနေပါတယ်။ ဧရာမ credit (အကြွေး)
ကဒ် ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ဗီဇာနဲ့ မာစတာကဒ်တို့ကိုလည်းကောင်း၊
ကွန်ပြူတာကတဆင့် ငွေချေမှု ဝန်ဆောင်လုပ်ငန်း Paypal ကိုလည်းကောင်း၊
တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ယီမဲန်၊ ဇင်ဘာဘွေ အစိုးရတွေနဲ့
အမေရိကန်ဆီးနိတ် ကွန်ပြူတာစနစ်တွေကို ဖောက်ထွင်းခဲ့တဲ့အကြောင်း ဇေဗီယာ
မွန်ဆေးဂူးလ်က ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။
တခြား
ဟက်ကာအုပ်စုတွေဖြစ်ကြတဲ့ Lulz Security နဲ့ Internet Feds မှာလည်း
မွန်ဆေးဂူးလ်ပါဝင်ခဲ့ကြောင်း ရုံးတော်ကိုတင်တဲ့ စာရွက်စာတန်းများမှာ
ပါဝင်ပါတယ်။
မိမိကိုယ်တိုင်အကောင်.လုပ်နည်းလေးပါ
ပထမအင်တာနက်
စာမျက်နှာ I.E သို့ MOZILLA ကိုဝင် google စာထည့်ရိုက် ပွင့် လာယင်
အောက်ပါအတိုင်း create new google account စာသားရိုက်ပြီး
ကီးဘုတ်မှEnter နိပ်...ဝက်ပေ ခ်ျ့ စာမျက်နှာ ခေါင်းစဉ်များ ပေါ်လာမည်
(အောက်ပါ ဒီစာလေးကိုမောက်နဲ့  နိပ်လိုက်ပါ တစ်ခါတည်း တန်းလုပ်လို့ ရတယ် ) google link
ချိတ်ထားပေးတယ်
mail.google.com/mail/signup
Create a new Google Account ... Your phone number helps us with things like keeping your account secure. .... Your Google Account is more than just Gmail.
ထပ်ဆင် ပြီး
ထပ်ဆင် ပြီး
အောက်ပါ စာကလေးကိုလည်း မောက်နဲ့  နိပ်ဝင်လို့ ရတယ်
အထက်ပါစာအားမောက်ဖြင့် နိပ်ပါ မိမိအကောင့်ပြုလုပ်ရမည့်  စာဖြည် ရန်ဇယားကွက်ပေါ်လာမည်
နောက်ပါတိုင်း သေချာ အဆင့်ဆင့် ပြုလုပ်ပါ။
၁=first name - last namae နေရာမှာ(ဥပမာ first name...kogawlistar ပေါ့ last name မှာstar)
၂=choose your username နေရာမှာ အထက်ပါမိမိ ပေးထားသောနာမည် ဥပမာkogawlistar@gmail.com ပေါ့
၃=create a password နေရာမှာမိမိနှစ်သက်ရာပါတ်ဝှက်အနည်းဆုံး8လုံး နာမည် သို့  ဂဏန်း
၎=confirm password နေရာမှာ ခုနကမိမိလုပ်ထားသော နာမည် သို့  ဂဏန်း ထည့် ဖြည့် 
၅=birdday မွေးနေ့ မိမိနှစ်သက်ရာ လ ရက် ခုနှစ်
၆=gender မှာ male သို့  female တစ်ခုအမှန်ချစ်
ရ=mobile phoneလုံးဝမထည့် နဲ့ ချန်ခဲ့ပါ
၈=other mail address မှာ မိမိခင်သောမိတ်ဆွေအီးမေးအကောင့် ဖြည့် ပါ
၉=prove youre not a robot ဆိုသောစာလိမ် ဖြေခိုင်းပါမယ် type the two prieces of text: ရေးထားသော အကွက်လေးမှာ အပေါ်မှာပြထာသော စာလိမ်ကလေးကို တိတိကျကျရေးဖြေထည့် ပါ
မှားယင် နောက်တစ်ခါ စဆုံးပြန်လုပ်ရပါတယ် psaa word တို့ သင်ပြုလုပ်နေဆဲ အကောင့်ပြန်ရေးခိုင်းပါတယ်
၁၀=location နေရာမှာ ဘေးချက်ကချက်ဘောက်ကိုနိပ်ပြီး ကျနော်ကတော့  malaysia-thailand- Laos, Australia, Cambodia, Sri-Lanka, India စသောနိုင်ငံတွေနဲ့ အစုံလုပ်ဘူးပါတယ်
၁၁=ပြီးယင်အောက်ကလေးထောင့် အကွက်ကလေးနေရာမှာ အမှန်ချစ်လိုက်ပြီး
next step ကိုနိပ်လိုက်ပါတယ် အချိန်နည်းငယ်တွင်း သင်အကောင့် သစ်တစ်ခုရလာပါမယ်.
အကောင့် သစ်ရရှိလာယင် အယင်ဆုံးဂျီတောမှာ စမ်းဖွင့် ပါ နောက်ပြီးမှ မိမိမေးဘောက်ကြီးကို ဝင်ပါ မိမိရဲ့  အီးမေးဘောက်ကြီးကို လိုအပ်သလိုပြုပြင်နိုင်ပါတယ်
မိမိအကောင့် တစ်ခုသုံးပြီးတိုင်းမှာ singout နဲ့ သေချာပြန်ထွက်ပါ။
ဒါကတော့ ကျနော်ဂေါ်လီလုပ်တဲ့နည်းပါ။
အောက်ပါစာကတော့ အွန်လိုင်းမှ တွေ့ ရသောနည်းတစ်ခုပါ ဘာပဲဖြစ်ဖြစ် အတူတူပါပဲ
နောက်ပါတိုင်း သေချာ အဆင့်ဆင့် ပြုလုပ်ပါ။
၁=first name - last namae နေရာမှာ(ဥပမာ first name...kogawlistar ပေါ့ last name မှာstar)
၂=choose your username နေရာမှာ အထက်ပါမိမိ ပေးထားသောနာမည် ဥပမာkogawlistar@gmail.com ပေါ့
၃=create a password နေရာမှာမိမိနှစ်သက်ရာပါတ်ဝှက်အနည်းဆုံး8လုံး နာမည် သို့  ဂဏန်း
၎=confirm password နေရာမှာ ခုနကမိမိလုပ်ထားသော နာမည် သို့  ဂဏန်း ထည့် ဖြည့် 
၅=birdday မွေးနေ့ မိမိနှစ်သက်ရာ လ ရက် ခုနှစ်
၆=gender မှာ male သို့  female တစ်ခုအမှန်ချစ်
ရ=mobile phoneလုံးဝမထည့် နဲ့ ချန်ခဲ့ပါ
၈=other mail address မှာ မိမိခင်သောမိတ်ဆွေအီးမေးအကောင့် ဖြည့် ပါ
၉=prove youre not a robot ဆိုသောစာလိမ် ဖြေခိုင်းပါမယ် type the two prieces of text: ရေးထားသော အကွက်လေးမှာ အပေါ်မှာပြထာသော စာလိမ်ကလေးကို တိတိကျကျရေးဖြေထည့် ပါ
မှားယင် နောက်တစ်ခါ စဆုံးပြန်လုပ်ရပါတယ် psaa word တို့ သင်ပြုလုပ်နေဆဲ အကောင့်ပြန်ရေးခိုင်းပါတယ်
၁၀=location နေရာမှာ ဘေးချက်ကချက်ဘောက်ကိုနိပ်ပြီး ကျနော်ကတော့  malaysia-thailand- Laos, Australia, Cambodia, Sri-Lanka, India စသောနိုင်ငံတွေနဲ့ အစုံလုပ်ဘူးပါတယ်
၁၁=ပြီးယင်အောက်ကလေးထောင့် အကွက်ကလေးနေရာမှာ အမှန်ချစ်လိုက်ပြီး
next step ကိုနိပ်လိုက်ပါတယ် အချိန်နည်းငယ်တွင်း သင်အကောင့် သစ်တစ်ခုရလာပါမယ်.
အကောင့် သစ်ရရှိလာယင် အယင်ဆုံးဂျီတောမှာ စမ်းဖွင့် ပါ နောက်ပြီးမှ မိမိမေးဘောက်ကြီးကို ဝင်ပါ မိမိရဲ့  အီးမေးဘောက်ကြီးကို လိုအပ်သလိုပြုပြင်နိုင်ပါတယ်
မိမိအကောင့် တစ်ခုသုံးပြီးတိုင်းမှာ singout နဲ့ သေချာပြန်ထွက်ပါ။
ဒါကတော့ ကျနော်ဂေါ်လီလုပ်တဲ့နည်းပါ။
အောက်ပါစာကတော့ အွန်လိုင်းမှ တွေ့ ရသောနည်းတစ်ခုပါ ဘာပဲဖြစ်ဖြစ် အတူတူပါပဲ
ပျက်သုန်းခြင်း
မင်းဘက်ကကျစ်တဲ.ကြိုးကပဲမူမမှန်တာလား..................
ငါ.ဘက်ကကျစ်တဲ.ကြိုးကပဲမခိုင်ခံတာလား....................
ဘာကြောင်.ပဲဖြစ်ဖြစ်နှစ်ပင်ပေါင်းမှ ...........
ဖြစ်လာခဲ.တဲ.သံယောဇဥင်္ကြိုးကတော. ထောင်းခနဲပြတ်သွားပြီ......................
ငါမေးခွင်.၇ှိ၇င်မေးလိုက်ချင်တယ် မင်းကျစ်တဲ.ကြိုးမှာ သစ္စာကောပါ၇ဲ.လား
(ဝေဖြိုးခိုင်)
ငါ.ဘက်ကကျစ်တဲ.ကြိုးကပဲမခိုင်ခံတာလား....................
ဘာကြောင်.ပဲဖြစ်ဖြစ်နှစ်ပင်ပေါင်းမှ ...........
ဖြစ်လာခဲ.တဲ.သံယောဇဥင်္ကြိုးကတော. ထောင်းခနဲပြတ်သွားပြီ......................
ငါမေးခွင်.၇ှိ၇င်မေးလိုက်ချင်တယ် မင်းကျစ်တဲ.ကြိုးမှာ သစ္စာကောပါ၇ဲ.လား
(ဝေဖြိုးခိုင်)
မျှေလင်.ခြင်း(2)
သစ်ပင်တစ်ပင်ကို ဟောင်းနွမ်းခြောက်သွေ.သွားပြီဆိုပြီး ခုတ်မယ်လို.စဥင်္းစားမယ်ဆို၇င် ဒီအပင်ဟာ ဘယ်လောက်ထိအောင် ၇ှင်သန်ချင်လဲဆိုတာ မြေကြီးပေါ်မှာ တွယ်ကုပ်ထားတဲ.သူ.အမြစ်တွေကိုကြည်.၇င် သိနိုင်သလို လူတစ်ယောက်ဟာအခြားလူတစ်ယောက်ကို ဘယ်လောက်ထိတောင်ချစ်တယ်ဆိုတာ အဲ.ဒီ.လူ၇ဲ.မေတ္တာ အတိမ်အနက်ကိုကြည်.၇င် သိနိုင်လို. လွယ်လွယ်နဲ. မမုန်းလိုက်ပါနဲ.နော်(ဝေဖြိုးခိုင်)
မျှော်လင်.ခြင်း
ကမ်းလင်.တဲ. လက်နှစ်ဖက်ကို လှမ်းလင်.လို.မကြိုတဲ.အခါ ..................လွမ်း၇စ်သူမှာ အပြစ်၇ှိလား............အပြစ်၇ှိ၇င်ကြေပါတော.နော်...............နောက်ဘ၀ဆိုတာ၇ှိခဲ.၇င်တော...............
Subscribe to:
Posts (Atom)
လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်
-
▼
2012
(141)
-
▼
June
(10)
- jordan country မှ တစ်ယောက်သောသူသိစေဖို.
- မီးရထား ၀န်ထမ်း အား တောင်ညွန့် ရဲ က ၀ိုင်းရိုက် ပြ...
- ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ဒ် ဂုဏ်ထူးဆောင်ပါရဂူဘ...
- ၇ည်၇ွယ်သူသိစေဖို.
- အစိုးရ၀က်ဘ်ဆိုက် အချို့နှင့် ပြည်တွင်းရှိ ၀က်ဘ်ဆို...
- နိုင်ငံတကာ ဟတ်ကာများကို ဖမ်းလိုက်ပြီတဲ.
- မိမိကိုယ်တိုင်အကောင်.လုပ်နည်းလေးပါ
- ပျက်သုန်းခြင်း
- မျှေလင်.ခြင်း(2)
- မျှော်လင်.ခြင်း
-
▼
June
(10)
အဖတ်များသောပို့ စ်များ
-
Freedom News Group(Burma) FNG Exclusive ယခင် စစ်ခေါင်းဆောင် ဗိုလ် ချုပ် မှုး ကြီး သန်းရွှေ ၏ မြေးနေ ရွှေသွေး အောင် ( ခေါ်) ဖိုး လြ...
-
အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင် by FNG on August 15, 2012 16 0 i မဲပေးပါ...
-
From : Tharthar Thartharlay ယခုပြသနာအစသည်ကားရှေ့ဦးစွာစတင်ခဲ့သည်မှာ ရခိုင်ပြည်နယ်ခွဲထွက်ရေးလိုလားသော အစွန်းရောက်ရခိုင်ပါတီ(RNDP)မှအ၀က...
-
ဂျော်ဒန်နိုင်ငံမှ.......................... တစ်ယောက်သောသူ.အတွက်ပေါ.................... ....................................................
-
ဖရဲသီးအပြာရောင်ထွက်နေပြီ မျိုးဗီဇ ပြု ပြင် ထား တဲ့ ဖရဲ သီး ပြာ စား ကြ အုံးမလား ၊ ဖရဲသီး အရသာ နဲ့ ဗင်နီလာ အနံ ပါ။ မကြာခင် အပြာ ရေ...
-
ကျုံမငေး- မေ(၄) ရက်။ ဧရာဝတီတိုင်း၊ကျုံမငေးမြို့မှာ ၉၆၉ကို ဆဲရေး တိုင်းထွာ စော်ကားမှုတစ်ခု ဖြစ်ပွာခဲ့ပါတယ်။ (၄-၅-၂၀၁၃)ရက်နေ့မွန်းတည့် ...
-
ရုံးခန်းဌားလိုသော သူများအတွက် အဆင်ပြေစေရန်အတွက် တင်ပေးလိုက်ပါတယ်။
-
တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရတရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက...
-
မြန်မာအမျိုးသား ၂ ဦး လက်ထပ် မင်္ဂလာဆောင်ကြသတဲ့ ဗျာ ဘယ်လိုဘယ်လူတွေလည်းမသိပါဘူး မိမိလူမျိုးကိုချစ်တာတော့ မှန်ပါတယ်...အား---စိတ်လေတယ်--ကိုယ် ...
-
မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော် မြန်မာ စားသောက်ဆိုင်တန်းတွင် ကပ်ထားသော အလုပ်အကိုင် လိုချင်သော သူများအတွက် အလုပ်ခေါ်စာ ကြေငြာချက...