Friday, June 22, 2012

မီးရထား ၀န်ထမ်း အား တောင်ညွန့် ရဲ က ၀ိုင်းရိုက် ပြီး စွန့် ပြစ်ထား(ဗွီဒီယို နှင့် သတင်း)


 166006_414745375230268_190264348_n
မြန်မာ့ မီးရထား ရထား တွဲ တစ်ခု တွင် စား ပွဲ ထိုး အဖြစ် တာဝန်ထမ်းဆောင် နေသည့် တောင်ဒဂုံ ဉ် နေ သူ ကို ကျော် မင်းခိုင် ကို မီးရထား ရဲ က ၀ိုင်း ရိုက် ပြီး မင်္ဂလာ တောင်ညွန့်  မြို့  နယ် ကန်တော်ကြီး စောင်း ရှိ ပုဂံ လုံး ကျွန်း ဉ် သွား ရောက် စွန့် ပစ် ထား ခဲ့ သည် ဟု ကာယကံ ရှင် ၏
မိသား စု ၀င် တစ်ဦး က FNG ကို ပြောသည်။ဇွန်လ ၁၈ ရက်နေ့  ညက ပဲခူး မှ ရန် ကုန် သို့  နေပြည်တော် အစုန် ရထား ဖြင့်  ရန်ကုန် သို့  ပြန်
လာရာ တွင် အိမ်ပျော် သွား ခဲ့ သည့် အတွက် မူလ စီစဉ် ထား သည့် ဘူတာ ဉ်  မဆင်း မိဘဲ ရန်ကုန်ဘူတာ ကြီး ထိ ပါလာ ရာ မှ ဖမ်းဆီး နှိပ် စက် ကာ ရိုက် နှက် ခံရခြင်း ဖြစ်သည်။မီးရထား ရဲတပ် ဖွဲ့  ၀င် များ က ပြင်းပြင်း ထန် ထန် ရိုက် နှက် ပြီး နောက် မင်္ဂလာ တောင်ညွန့်  မြို့နယ် ကန်တော် ကြီး စောင်း တွင် စွန့် ပစ်ထား ရာ နှစ် ရက် ကြ မှ ကွမ်းယာ ရောင်းသူ တစ်ဦး ကတွေ့ ရှိ ပြီး ကို ကျော် မင်း ခိုင် ၏ နေ အိမ် သို့  တက္ကစီ အငှား ယာဉ် ဖြင့် ပို့ ဆောင် ပေး ခဲ့ ခြင်းဖြစ်သည်။

ဒဏ်ရာ ပြင်းထန် စွာ ရရှိ သည့် ကို ကျော် မင်း ခိုင် သည် အောက်ပိုင်း လှုပ်ရှား နိုင်မှု မရှိ တော့ဘဲ ရန်ကုန် မြို့ ရန်ကုန် ဆေးရုံ ကြီး ဥဏှောက် နှင့် အာရုံ ကြောဌာ န တွင် တက် ရောက် ကုသခံ နေရသည်။
အသက် ၃၃ နှစ် ရှိ ကို ကျော် မင်း ခိုင် ၏ ဖင် မှာ  မီရထား ဌာန တွင် ရုံ ပိုင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ တစ်ဦး ဖြစ် သည်။ ကို ကျော်မင်းခိုင် ရိုက် နှက် ခံရ မှု ကို မင်္ဂလာ တောင် ညွန့် ရဲစခန်း တွင်အမှု ဖွင့် တိုင်ကြား ထား သည် ဟု သိရသည်။
မြန်မာ့ မီးရထား ရဲ တပ် ဖွဲ့  ၀င်များ မှာ မောက်မာ ရိုင်း စိုင်း ပြီး ဇွန် လဆန်း ပိုင်း က မြို့  ပတ် ရထားပေါ် တွင်ဈေး ရောင်းသည့် အသက် ၁၅ နှစ် အရွယ် မောင်သီဟ ဦး ဆိုသည့် ကလေး ငယ် အားမီးရထား ရဲ  က ရေကူး ဘူတာ အနီး တွင် တရား မ၀င် ဈေး ရောင်း သည် ဟု ဆို ကာ ရထားပေါ် မှာ ကန် ချ ခဲ့ မှု တစ်ခု ဖြစ် ပွား ခဲ့ သေးသည်။
ထို အမှု အတွက် မြန်မာ့ လူမှုဘ၀ ဖွံ့  ဖြိုး တိုးတက်ရေး ကွန်ယက်မှ အငြိမ်းစား စစ် အရာ ရှိ ဟောင်းဦး နေမျိုးဇင် မှ လိုက် ပါ ကူညီ ဆောင် ရွက် ပေး လျှက် ရှိ သည်။



http://mixgawli.blogspot.com/

No comments:

Post a Comment

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ