Saturday, February 9, 2013

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာကလေးငယ်များအတွက် သတ်မှတ်ပြီး နေထိုင်ခွင့်ဗီဇာကြေး လျှော့ပေါ့ပြင်ဆင်ရန် အချိန်ယူရမည်

ထိုင်းနိုင်ငံတွင်းရှိ အထောက်အထားမဲ့ မြန်မာကလေးငယ်များအတွက် နေထိုင်ခွင့်ဗီဇာကြေးအား သတ်မှတ်နှုန်းမဟုတ်ဘဲ ဘတ် ၅၀၀ နှုန်းဖြင့် လျှော့ပေါ့သတ်မှတ်မည်ဆိုပါက အချိန်ယူရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။
“သူတို့အစိုးရ၀န်ကြီးအဖွဲ့ တင်ပြီးမှဆိုရင် ၆ လကြာမှ ရမယ်။ ဒါပေမဲ့ ဗီဇာကြေးက ဘတ် ၅၀၀ နဲ့ သတ်မှတ်ပေးမယ်။ ချက်ချင်းလုပ်မယ်ဆိုရင်တော့ ဘတ် ၁၉၀၀ ပေးရမယ်”ဟု ဦးမျိုးအောင်ကပြောသည်။
ထိုင်းနိုင်ငံတွင်းရှိ အထောက်အထားထုတ်ပေးရန် ကျန်ရှိနေသည့် မြန်မာလုပ်သားများ အပါအ၀င် ကလေးငယ်များကို ယခုလ ၁၅ ရက်တွင် စတင်၍ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။ သို့သော် ၎င်းစီမံချက်အတွင်း အသက် ၁၅ နှစ်အောက် ကလေးများအတွက် နေထိုင်ခွင့်ဗီဇာကြေးအား ထိုင်းဘတ်ငွေ ၁၉၀၀ သတ်မှတ်ထားခြင်းဖြစ်သည်။
ထို့အပြင် ယခုထုတ်ပေးမည့် ယာယီနိုင်ငံကူးအထောက်အထား ထုတ်ပေးရာ၌ ပတ်စပို့သက်တမ်း ၆ နှစ်အဖြစ် သတ်မှတ်ထားပြီး ကလေးငယ်များ၏ ပတ်စ်ပို့စာအုပ်အား အပြာရောင်အဖြစ် သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ ဖြစ်နေသည့် မြန်မာကလေးငယ် ပျမ်းမျှအားဖြင့် နှစ်သိန်းခန့်ရှိကာ အထောက်အထားရရှိပြီးပါက ကျန်းမာရေးစောင့်ရှောက်ခွင့်အပါအ၀င် ထိုင်းနိုင်ငံရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်မည်ဖြစ်သည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ