Sunday, February 10, 2013
KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ
စစ်တို့ရဲ့သဘောမှာ သတင်းလုံခြုံမှု၊ သတင်းလက်ဦးမှု အရေးကြီးပါတယ်။
(၁) ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဂွမ်မော်-ဂွမ်ရှောင်တို့ဟာ တိုက်ပွဲသတင်းတွေ ဟုတ်တာရော မဟုတ်တာရော ရောကြိတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ သတင်းတွေမှာ မြန်မာစစ်တပ်က သေတာတွေရော KIA ဘက်က သေတာတွေရော ပါပါတယ်။ စစ်တပ်ကို ပုံကြီးချဲ့လိုဇောနဲ့ အမောင်းသင်လေယာဉ်ကို တစ်ကယ့် အမေရိကန်လေတပ်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေလို အမွှမ်းတင်ချဲ့ကားခဲ့ပါတယ်။ ဓါတုလက်နက်တွေ ဘာတွေ ဆိုပြီး နာမည်ပျက် အောက် ဖျက်ခဲ့ပါတယ်။
အကျိုးဆက်-KIA ဆွဲစေ့ထားတဲ့ ပြည်သူ့စစ်တွေကို စိတ်ဓါတ်အကြီးအကျယ် ကျဆင်းစေပါတယ်။ ဘာမှန်းညာမှန်းမသိတဲ့ မြန်မာ့တပ်မတော်က လက်နက်ဆန်းတွေကို စိတ်ကူးနဲ့ ပုံဖော်ပြီး မသိစိတ်က ကြောက်ရွံ့စေခဲ့ပါတယ်။ လေယာဉ်ပျံသံ ကြားရင် ပုန်းဖို့၊ ထွက်ပြေးဖို့ လှုံ့ဆော်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
(၂) မြန်မာ့တပ်မတော်က စစ်သည်တွေ ကျဆုံးတာတွေ အများကြီး ရှိပေမယ့်လည်း ထုတ်ပြန်ခြင်း မပြုခဲ့ပါဘူး။ ထုတ်ပြန်ခဲ့ရင် တိုက်ပွဲဝင်နေကြတဲ့ စစ်သည်တွေကြားမှာ စိတ်ဓါတ်ကျဆင်းမှုတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ လိုအပ်တဲ့ သတင်းလောက်သာ ချပြခဲ့တဲ့အတွက် တိုက်လိုက်စိတ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ တိုက်ပွဲကြီးတွေ ပြင်းပြင်းထန်ထန် ပြီးစီးသွားချိန်မှာ စစ်မြေပြင်အဆင့်တိုးမြှင့်ပေးခြင်းတွေ ဆက်တိုက်ဆောင်ရွက်ပေးခဲ့ပါတယ်။
အကျိုးဆက်-ကျန်တပ်ရင်း-တပ်ဖွဲ့တွေကလည်း အလားတူ တိုက်လိုစိတ်တွေ အထူးပဲ တက်ကြွလာစေပါတယ်။ ငါတို့လည်း ဒီလို တိုက်ပြလိုက်မယ် ဆိုတဲ့ စိတ်ထားတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ပြည်တွင်း-ပြည်ပမီဒီယာတွေခေါ်ပြီး စခန်းတွေ၊ ခံစစ်ပြင်ထားတာတွေ ပြပါတယ်။ စစ်ပွဲမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ မလိုပါဘူး။ အတတ်နိုင်ဆုံး လျှို့ဝှက်ထားကြတာမျိုးပါ။ ဒါကိုပဲ အဟုတ်ကြီး မှတ်ပြီး မီဒီယာတွေကို ခေါ်ပြ၊ မီဒီယာတွေက ဓါတ်ပုံတွေ ဗီဒီယိုတွေ အင်တာနက်မှာ မှိုလိုပေါက်အောင်တင်။
အကျိုးဆက်- မြန်မာ့တပ်မတော်က ဘယ်လို ထောက်လှမ်းရေးမှ သုံးစရာမလိုဘဲ အင်တာနက်ကနေ သတင်းတွေ ကောက်စားလုပ်။ ရန်သူ့ခံစစ် ပြင်ဆင်ထားမှု အကုန်လုံးကို ချေးကအစ သိနေမှတော့ ဘယ်လိုတိုက်မလဲ၊ ဘယ်နည်းနဲ့တိုက်မလဲ၊ ဘယ်နားကို တိုက်ရမလဲ စတဲ့ စတဲ့ စစ်ဆင်ရေးစီမံချက်တွေကို လွယ်လင့်တကူပါပဲ လုပ်နိုင်ခဲ့ပါတယ်။
သင်ခန်းစာဖော်ထုတ်ချက်-(စစ်ပွဲတွင် ပွင့်လင်းမြင်သာမှု ရှိရန် လုံးဝ မလို)
KIA စစ်ရှုံးခဲ့တာ မီဒီယာတွေကြောင့်လို့ ပြောရင် ပလေတို လွန်မယ် မထင်။
Subscribe to:
Post Comments (Atom)
လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်
-
▼
2013
(24)
-
▼
February
(10)
- ကမ္ဘာ့ အင်တာနက် အမြန်ဆုံးနှုန်းရရှိသည့်နိုင်ငံများစာ...
- KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ
- Apple အရောင်းပြခန်း မြန်မာ နိုင်ငံ တွင် ဖွင့်လှစ် မည်
- သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ...
- “ရခိုင်ပြည် တတိယဂျီဟတ် စစ်ပွဲ စ,တော့မည်လော”
- အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ
- သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရွာလုံးကျွ...
- အထူးစီးပွားရေးဇုန်မှ မထူးတော့တဲ့ မြေယာပြဿနာ
- ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာကလေးငယ်များအတ...
- သမ၀ါယမ အဆောက်အအုံကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို အ...
-
▼
February
(10)
အဖတ်များသောပို့ စ်များ
-
Freedom News Group(Burma) FNG Exclusive ယခင် စစ်ခေါင်းဆောင် ဗိုလ် ချုပ် မှုး ကြီး သန်းရွှေ ၏ မြေးနေ ရွှေသွေး အောင် ( ခေါ်) ဖိုး လြ...
-
အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင် by FNG on August 15, 2012 16 0 i မဲပေးပါ...
-
ဂျော်ဒန်နိုင်ငံမှ.......................... တစ်ယောက်သောသူ.အတွက်ပေါ.................... ....................................................
-
From : Tharthar Thartharlay ယခုပြသနာအစသည်ကားရှေ့ဦးစွာစတင်ခဲ့သည်မှာ ရခိုင်ပြည်နယ်ခွဲထွက်ရေးလိုလားသော အစွန်းရောက်ရခိုင်ပါတီ(RNDP)မှအ၀က...
-
ဖရဲသီးအပြာရောင်ထွက်နေပြီ မျိုးဗီဇ ပြု ပြင် ထား တဲ့ ဖရဲ သီး ပြာ စား ကြ အုံးမလား ၊ ဖရဲသီး အရသာ နဲ့ ဗင်နီလာ အနံ ပါ။ မကြာခင် အပြာ ရေ...
-
ကျုံမငေး- မေ(၄) ရက်။ ဧရာဝတီတိုင်း၊ကျုံမငေးမြို့မှာ ၉၆၉ကို ဆဲရေး တိုင်းထွာ စော်ကားမှုတစ်ခု ဖြစ်ပွာခဲ့ပါတယ်။ (၄-၅-၂၀၁၃)ရက်နေ့မွန်းတည့် ...
-
ရုံးခန်းဌားလိုသော သူများအတွက် အဆင်ပြေစေရန်အတွက် တင်ပေးလိုက်ပါတယ်။
-
တို့ဗမာ Dobama သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" တဲ့ သခင်အောင်ဆန်း အတွေး၊ သခင်အော...
-
တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရတရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက...
-
၃. ၈. ၂၀၁၂ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတာရာယာ အနီး မြန်မာဆိုင်တန်းရှိ မြန်မာ့ဥယျာဉ် ဆိုင်အား ရိုအင်ဂျာ အယောက် ၆၀...
No comments:
Post a Comment