Wednesday, May 15, 2013

ဘောလ်ပင်နဲ.ထိုးတတ်တဲ.(ဗိုလ်ကြီး စန်းအောင်)


မရှိတာထက်-မသိတာခက် နေတဲ့ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက် မှ Admin ဌာနရဲ့ ဌာနခွဲမှုး ဗိုလ်ကြီးစန်းအောင်( အငြိမ်းစား) သို့ ...
ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်ဟု ဆိုလိုက်လျှင် IT နည်းပညာရပ်တွေနှင့် ပြည့်နက်နေသော နေရာ၊ နည်းပညာရှင်တွေပေါင်းစုနေတဲ့ ဌာနေတစ်ခုလို့  ယုံကြည်မိပါတယ်။ ဒီလိုနေရာမျိုးမှာ Admin ဌာနခွဲမှူး တာဝန်ကို ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးစန်းအောင်(အငြိမ်းစား)ကပညာတတ်တွေမလိုပါဘူး၊ ပညာတတ်တွေကို အထင်လည်းမကြီးဘူးဆိုတဲ့ စကားတွေသော်လည်းကောင်း အထက်အရာရှိများအား မကျေနပ်ချက်များကိုသော်လည်းကောင်း မိမိရုံးခန်းအတွင်းမှာပြောဆိုနေတာတွေကို
နေ့ စဉ်နှင့်အမျှ ကြားနေရပါတယ်။ တစ်ဆက်ထဲပြောရမယ်ဆိုလျှင် လက်အောက်ငယ်သားတွေကို လက်သီးလက်မောင်းတန်းပြီး ကြိမ်းမောင်းတာတွေ၊ အမျိုးသမီးဝန်ထမ်းတွေဆိုလျှင် ခန္ဓာကိုယ်ရင်းပြီးဝမ်းစာမွေးတဲ့ မိန်းကလေးတွေနဲ့  ခိုင်းနှိုင်းပြီးပြောတာတွေဟာလည်း အမြဲလိုလို ကြားနေရပါတယ်။
ဒါဆိုလျှင် ဗိုလ်ကြီးစန်းအောင်ကို ကျွန်တော်မေးချင်တာတစ်ခုက ရတနာပုံတယ်လီပို့ ဆိုတာဟာ နည်းပညာကိုကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ၊ အခြားကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့  ဖွဲ့ စည်းတည်ထောင်ထားတာ မဟုတ်ဘူးလား။
အတတ်ပညာ၊ အသိပညာ၊ မည်သည့်ပညာမှမရှိတဲ့ လူတွေစုစည်းပြီး လုပ်ကိုင်နေကြတာလား။ ဗိုလ်ကြီးစန်းအောင်ကိုယ်တိုင်ကရော မလိုအပ်ဘဲ၊ အမှန်တကယ်ပညာမတတ်ပါဘဲ ဌာနခွဲမှူးတာဝန်ကို ထမ်းဆောင်နေတာလား။
နောက်တစ်ခုမေးကြည့်ချင်တာက အုတ်မြစ်ကောင်းတဲ့ ဗိုလ်ကြီးတို့ တပ်မတော်မှာဆိုလျှင် မိမိအထက်အရာရှိကို လေးစားရမယ်၊ မိမိလက်အောက်ငယ်သားကို ညှာတာရမယ်ဆိုတာမျိုးတွေဟာ အခြေခံအနေနှင့် အခိုင်အမာရှိနေပါလျှက်နဲ့  ဘာကြောင့် အထက်လူကြီးများအားကွယ်ရာတွင် မကောင်းပြောဆိုတာမျိုးတွေ လက်အောက်ငယ်သားများအား ဆဲဆိုကြိမ်းမောင်းတာတွေဟာ နိစ္စဓူဝ ဖြစ်နေရတာပါလည်း။ စစ်ဘက်ဆိုင်ရာ အရာရှိငယ်များဆိုလျှင်လည်း တပ်မတော်အတွက် နိုင်ငံတော်အတွက် မလိုအပ်ပါဘဲ၊ အထင်ကြီးစရာမရှိပါဘဲ နှစ်စဉ်ငွေကုန်ကြေးကျခံပြီး ရုရှနိုင်ငံမျိုးကို ပညာတော်သင် စေလွှတ်နေတာလား။
ဗိုလ်ကြီးစန်းအောင်က စစ်ဘက်ဆိုင်ရာမှပညာတတ်မဟုတ်လျှ
င် အရပ်ဘက်မှ ပညာတတ်တွေဆိုလျှင်အထင်မကြီးတာမျိုးကို ပြောချင်တာလား။ စစ်ဘက်အရပ်ဘက် မည်သည့်ပညာတတ်ကိုမှ အထင်မကြီးတာမျိုးလား။ ဒါမှမဟုတ်လျှင် ဗိုလ်ကြီးစန်းအောင်ကိုယ်တိုင်က လုံးဝ(လုံးဝ)ပညာမတတ်တာလား။
နောက်ဆုံးအနေနဲ့  ပြောချင်တာလေးတစ်ခုက ဗိုလ်ကြီးစန်းအောင် ရင်းနီးပြီးသား ဗိုလ်ကြီးစန်းအောင်ရဲ့ လက်သုံးစကားလေးပါ " မင်းတို့ ကို ငါလက်သီးနဲ့ မထိုးဘူး ဘောပင်နဲ့ ပဲထိုးမယ်" ဆိုတာလေးပါ။ ဗိုလ်ကြီးကတော့ အထက်ကိုစာတင်မယ်လို့  ဆိုလိုလားမသိဘူးနော်။ စိတ်တော့မရှိပါနဲ့  ကျွန်တော်လည်း ဗိုလ်ကြီးစန်းအောင်ကို ကလောင်လေးနဲ့  ထိုးကြည့်လိုက်တာပါ။
၇တနာပုံ

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ