Wednesday, May 22, 2013

ကွန်ပျူတာလောက

ကွန်ပျူတာလောက
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
၁) Microsoft စတင်တည်ထောင်သူဖြစ်တဲ့ Bill Gates ဟာ ကောလိပ်ကျောင်းက ထွက်ခဲ့ရဖူးပါတယ်...

၂) ကမ္ဘာ့အကျော်ကြားဆုံး အရောင်းအဝယ် website တစ်ခုဖြစ်တဲ့ eBay မှာ ခန့်မှန်းခြေအားဖြင့် တစ်စက္ကန့်ကို ဒေါ်လာ ၆၈၀ ဖိုးလောက် အရောင်းအဝယ်ဖြစ်ကြပါတယ်...

၃) လစဉ်လတိုင်း ကွန်ပျူတာဗိုင်းရပ်စ်အသစ် အမျိုးအစားပေါင်း ၆၀၀၀ လောက် ပေါ်ထွက်နေကြပါတယ်....

၎) အင်တာနက်ပေါ်ကပုံတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေဖြစ်ကြပါတယ်...

၅) Crash Course ဆိုတာ Microsoft Windows tutorials တွေရဲ့ တခြားနာမည်တစ်ခုဖြစ်ပါတယ်...

၆) အီးမေးလ်တွေဟာ World Wide Web ထက် ပိုစောပြီးပေါ်ခဲ့တာဖြစ်ပါတယ်...

၇) ပုံမှန် web-page တစ်ခုရှိတိုင်း အညှီအဟောက် page ငါးခုလောက် ရှိနေကြပါတယ်...

၈) ၁၉၆၄ ခုနှစ်မှာ Doug Engelbart ဟာ ပထမဆုံး ကွန်ပျူတာ mouse ကို တီထွင်ခဲ့ပြီး အဲ့ဒါဟာ သစ်သားနဲ့ လုပ်ထားတာဖြစ်ပါတယ်...

၉) ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေထုတ်လုပ်ရောင်းရချရာမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Hewlett Packard (HP) ဟာ ၁၉၃၉ ခုနှစ်က Palo Alto က ကားဂိုဒေါင်တစ်ခုမှာ စတင်ခဲ့တာဖြစ်ပါတယ်...

၁၀) မူရင်း Macintosh ရဲ့ case ကို ဖွင့်ကြည့်မယ်ဆိုရင် ၁၉၈၂ ခုနှစ်က Apple ရဲ့ Macintosh ဌာနခွဲက အဖွဲ့ဝင် ၄၇ ယောက်ရဲ့ လက်မှတ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်...

၁၁) ကွန်ပျူတာအကြောင်းတွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Steve Jobs နဲ့ Steve Wozniak တို့ တည်ဆောက်ခဲ့တဲ့ ပထမဆုံး Apple ကွန်ပျူတာဟာ သူတို့ရဲ့ အလုပ်ရှင်တွေဆီက အလကားရတဲ့ အစိတ်အပိုင်းတွေနဲ့ ပြုလုပ်ခဲ့တာ ဆိုတာပါပဲ.. သူတို့ဟာ အလုပ်ကနေ အပိုပစ္စည်းတွေကို ဆွဲယူအသုံးပြုခဲ့တာဖြစ်ပါတယ်...

၁၂) ကွန်ပျူတာငါးမွေးကန်ကို လိုချင်တယ်ဆိုရင်တော့ Macintosh ကွန်ပျူတာအဟောင်းတွေနဲ့ပြုလုပ်ထားတဲ့ Macquarium ကို ရနိုင်ပါတယ်...

၁၃) ကမ္ဘာ့ပထမဆုံး ကွန်ပျူတာဗိုင်းရပ်စ်ဟာ boot sector ဗိုင်းရပ်စ်လို့ ယုံကြည်ကြပါတယ်... ဒီဗိုင်းရပ်စ်ကို ၁၉၈၆ ခုနှစ်မှာ Farooq Alvi ညီအစ်ကိုများက ဖန်တီးခဲ့တာဖြစ်ပြီး သူတို့ရဲ့ သုတေသနလုပ်ငန်းတွေကို ကာကွယ်နိုင်ဖို့ ဒီဇိုင်းပြုလုပ်ထားပါတယ်...

၁၄) IBM PC ကို ဒီဇိုင်းထုတ်ခဲ့တဲ့ အင်ဂျင်နီယာ ၁၂ ယောက် အုပ်စုကို The Dirty Dozen လို့ခေါ်ခဲ့ကြပါတယ်...

၁၅) စံပြု command ဖြစ်တဲ့ Ctrl+Alt+Delete ကို David Bradley က ရေးသားခဲ့တာဖြစ်ပါတယ်....

၁၆) သာမန်လူတစ်ယောက်ဟာ တစ်မိနစ်ကို အကြိမ် ၂၀ မျက်တောင်ခတ်ကြပါတယ်... ကွန်ပျူတာသမားတွေကတော့ တစ်မိနစ်ကို ၇ ကြိမ်ပဲခတ်ကြပါတယ်...

၁၇) Bill Gates ရဲ့ အိမ်ကို Macintosh ကွန်ပျူတာကို သုံးပြီး ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်...

၁၈) ဆွီဒင်ဟာ အင်တာနက်အသုံးပြုသူ ရာခိုင်နှုန်းအမြင့်ဆုံး (၇၅%) နိုင်ငံဖြစ်ပါတယ်...

၁၉) Mosaic ဟာ ပထမဆုံး ထင်ရှားလာတဲ့ web browser ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်...

၂၀) အတုံးဆက်တဲ့ Tetris ဂိမ်းလေးကို လူအများစု ဆော့ဖူးကြပါလိမ့်မယ်... ဒီဂိမ်းကို ၈၀ ခုနှစ်အစောပိုင်းလောက်မှာ ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ သန်း ၄၀ အရေအတွက်လောက်ရောင်းချခဲ့ရပါတယ်... ဂိမ်းရေးသားသူဟာ ဒေါ်လာ ၈ သန်းလောက် ချမ်းသာသွားခဲ့ပါတယ်...

၂၁) ကွန်ပျူတာအသုံးပြုသူတိုင်းလိုလို ဗိုင်းရပ်စ်တွေက ဘယ်လောက်ဖျက်ဆီးနိုင်သလဲဆိုတာ သိထားကြပါတယ်... ဒါပေမဲ့ ဗိုင်းရပ်စ်တွေဟာ ကွန်ပျူတာစနစ်ပျက်စီးအောင် သူ့အလိုလိုမလုပ်ဆောင်နိုင်ကြပါဘူး... သင်ကသူတို့ကို activate သွားလုပ်လိုက်မှသာ သင့်စနစ်ကို ချိုးဖျက်နိုင်မှာဖြစ်ပြီး ပုံမှန်အတိုင်းဆိုရင် ဗိုင်းရပ်စ်ပါတဲ့ file တွေကို ကူးမိရုံ ဒါမှမဟုတ် ဖြန့်မိရုံလောက်ပါပဲ...

၂၂) ကွန်ပျူတာဆားကစ်တွေဟာ တည်ငြိမ်လျှပ်စီး (static electricity) ကြောင့်လည်း ပျက်စီးနိုင်ပါတယ်...

၂၃) Nvidia GeForce 6800 Ultra chiip ဟာ transistor အများဆုံးတပ်ဆင်ထားပါတယ်... ခန့်မှန်းခြေအားဖြင့် ၂၂၂ သန်းလောက်ရှိပါတယ်...

၂၄) Konrad Zuse ဟာ Z1 လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာကို ၁၉၃၆ ခုနှစ်မှာ တီထွင်ဖန်တီးခဲ့ပါတယ်... နောက်ထပ် ၃ နှစ်အကြာ ၁၉၃၉ မှာ Z2 လို့အမည်ရပြီး အပြည့်အဝအသုံးပြုနိုင်တဲ့ ပထမဆုံး electro-mechanical ကွန်ပျူတာကို ထုတ်လုပ်နိုင်ခဲ့ပါတယ်...

၂၅) Stewardesses ဟာ ဘယ်လက်တစ်ဖက်ထဲနဲ့ရိုက်နိုင်တဲ့ အရှည်ဆုံးစကားလုံးဖြစ်ပါတယ်...

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ