Wednesday, May 22, 2013

ဦးသန်းရွှေ၏မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်းယာဉ်ထိန်းရဲ တစ်ဦးအား လက်သီးနဲ့ ထိုး၊ ပါးရိုက် ၊ရုံးခန်း အတွင်းခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

 

ဦးသန်းရွှေ၏မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်းယာဉ်ထိန်းရဲ တစ်ဦးအား လက်သီးနဲ့ ထိုး၊ ပါးရိုက် ၊ရုံးခန်း အတွင်းခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့

၁၄.၃.၂၀၁၃ ရက်နေ့ တွင် (၁၄း၀၀)ချိန်ခန့် တွင် ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့ နယ်၊အမှတ်(၉)ရပ်ကွက် ၊တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်း မီးပွိုင့်တွင် ယာဉ်ထိန်း တပ်ဖွဲ့ စု(၂၅)မှ လ ၂၂၆၉၉၃ တပ်သားစံသိန်းထွေး(ဘ) ဦးစံလှဘော်သည် ယာဉ်ထိန်း တာဝန်ဆောင်ရွက်နေစဉ်...
အင်းယားလမ်းအတိုင်းမြောက်မှတောင်သို့ (ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်) မောင်းနှင်လာသော ၉ဂ/၉၉၁၄ မတ်တူးငွေမှင်ရောင်ကား မီးပွိုင့်သို့ ရောက်ရှိလာပြီး ဖိုးလပြည့်မှ စကားပြောစက်ဖြင့် လမ်းရှင်းပေးရန်ပြော၍ တပ်သားစံသိန်းထွေးမှ ဖိုးလပြည့်မောင်းနှင်လာသည့် ယာဉ်ကြောအား မီးနီနေသည့်ကြားမှပင် မီးစိမ်းပေးခဲ့ကြောင်း၊ပွိုင့်ဖြတ်၍မီးဝါသွားသဖြင့် ဖိုးလပြည့်မှ မကျေနပ်ဖြစ်ပြီး ၎င်း၏ကားအား နိုင်ငံခြားဘာသာတက္ကသိုလ်ရှေ့ အရောက်လောက်တွင် ကားအားပြန်ကွေ့ လာပြီး ယာဉ်ထိန်းတပ်သား စံသိန်းထွေးအား လှမ်းခေါ်ခဲ့ကြောင်း၊ တပ်သားစံသိန်းထွေးမှ ကားအနားသို့ သွားရပ်ခဲ့ရာ ဖိုးလပြည့်မှ တပ်သားစံသိန်းထွေးအား မင်းငါစက်ခေါ်တာမကြားဖူးလား။ ငါကမင်းကိုလမ်းလယ်ထွက်ရှင်းခိုင်းတာ မီးဝါကိုတွေ့ ချင်တာမဟုတ်ဘူး သူ့ ကိုမီးဝါမှ ထွက်ခိုင်းတယ်ဆိုတဲ့သဘောလားဟု ပြော၍ယူနီဖောင်းအင်္ကျီစအား ဆွဲပြီးလက်သီးနှင့်လှမ်းထိုးကြောင်း၊ ဖိုးလပြည့်မှ မင်းနောက်ဆိုမလွယ်ဘူး ဟုပြောဆိုပြီးမောင်းနှင်ထွက်သွားကြောင်းသိရသည်။

(၁၅)မိနစ်ခန့် အကြာတွင် အရပ်ဝတ်ဖြင့် ဗိုလ်မှူးဆိုသူ တစ်ဦးရောက်ရှိလာပြီး ဖိုးလပြည့်မှခေါ်ခိုင်းသည်ဟုဆိုတာ ယာဉ်ထိန်းတပ်သား စံသိန်းထွေးအား လာခေါ်သဖြင့် ရုံးအမိန့် တစ်စုံတစ်ရာမှ မတွေ့ သဖြင့်တပ်သား စံသိန်းထွေးမှ လိုက်ပါမသွားပဲ မီးပွိုင့်တွင် အတူရှိနေသူ တပ်ကြပ်ဌေးသိန်းအားပြောပြီး တပ်ဖွဲ့ စုရုံးသို့ ပြန်ခဲ့ကြောင်း၊တပ်စုဖွဲ့ ရုံးသို့ ရောက်ရှိသည့် အခါဖြစ်စဉ်အား တပ်ကြပ်ကြီးဝင်းမြထဲသလို့ သတင်းပို့ တင်ပြပြီး တပ်ကြပ်ကြီးဝင်းမြမှ တပ်စုဖွဲ့ မှူး ဒုရဲမှူးဥာဏ်လင်းထံသို့ သတင်းပို့ ခဲ့ကြောင်း၊ (၁၅း၀၀)ချိန်ခန့် တွင် အရပ်ဝတ်ဖြင့် ဗိုလ်မှူးဆိုသူ တပ်ဖွဲ့ စုမှူးရုံးသို့ လိုက်လာပြီး တပ်သားစံသိန်းထွေးအား လာခေါ်သဖြင့် တပ်ကြပ်ကြီးဝင်းမြမှ တပ်စုဖွဲ့ မှူးထံသို့ သတင်းပို့ ရာတပ်ဖွဲ့ စုမှူးမှ ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းလမ်းကြောင်း ရှိ၍ မလိုက်ရန်ပြောကြားကြောင်း (၁၅း၂၀)ချိန်ခန့် တွင် ဖိုးလပြည့်ထပ်မံရောက်ရှိလာပြီး တပ်သားစံသိန်းထွေးအား ထပ်မံခေါ်သဖြင့် တပ်ကြပ်ကြီးဝင်းမြမှ ပြေပြေလည်လည်နှင့်ပြီးသွားစေ၇န် ရည်ရွယ်၍လေးလေးစားစား ပြောဆိုရန် မှာကြားကြောင်း၊ တပ်သားစံသိန်းထွေးမှ ဖိုးလပြည့် ကားရှေ့ တွင် ၁၅မိနစ်ခန့် ရပ်နေပြီး ဖိုးလပြည့်ကားပေါ်မှ ဆင်းလာကာ မင်းက ငါ့ကိုမလေးစားလို့ လား။ မလုပ်ပေးချင်လို့ လား။ ကျန်တဲ့ပွို င့်တွေဆို ကြည်ကြည်ဖြူဖြူလုပ်ပေးကြတယ် ဟုပြောဆိုကာ စံသိန်းထွေး၏ ဝဲယာပါးအားရိုက်ပြီးနောက် အဲလိုမလုပ်နဲ့ ပြော၍ကားမောင်းထွက်သွားကြောင်း ၊ တပ်သားစံသိန်းထွေးမှာ ရဲအုပ်ဇော်လွင်ဦးနှင့်အတူ ဗိုလ်မှူးဆိုသူ မောင်းနှင်သည့် ကားဖြင့်ဖိုးလပြည့်နေထိုင်ရာ မရမ်းကုန်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းရှိနေအိမ် သို့ လိုက်ပါသွားခဲ့ကြောင်း၊ ရဲအုပ်ဇော်လွင်ဦးအား ခြံဝင်းအဝင် ဂိတ်တွင်ထားခဲ့ပြီး အစောင့်များမှ တပ်သားစံသိန်းထွေး အာား ဖိုးလပြည့်၏ နေအိမ်ရုံးခန်းအတွင်းခေါ်ဆောင်သွားခဲ့ကြောင်း၊ ရုံးခန်းအဝင်တွင် အစောင့်များမှ တပ်သားစံသိန်းထွေးဝတ်ဆင်လာသည့် ဖိနပ်၊ အင်္ကျီ၊ဥိးထုပ်တို့ အားချွတ်ခိုင်းပြီး ၎င်းတို့ ထံမှဘောလုံး အင်္ကျီဝတ်ဆင်စေပြီး ဧည့်ခန်းထဲတွင်စောင့်ခိုင်းကြောင်း၊ ၅ မိနစ်ခန့် အကြာတွင် ဖိုးလပြည့်ရောက်လာပြီး ၎င်းလက်တွင်ကိုင်ထားသော ရေခဲရေဗူးမှ ရေဖြင့် ယာဉ်ထိန်းတပ်သားစံသိန်းထွေး၏ မျက်နှာအားပတ်၍ ဒူးထောက်ထိုင်ခိုင်းပြီး မင်းယောက်ျားဆိုရင် မျက်စိမှိတ် ဟုပြောသဖြင့် ၎င်းမှဒူးထောက်
မျက်စိမှတ်ပေးရာ ဖိုးလပြည့်မှ(မဖွယ်မရာ ဆဲဆိုတာ)ပါးတစ်ချက်ရိုက်ပြီး မင်းနောက်အဲ့လိုမလုပ်နဲ့ ဟုပြော၍ ရုံးခန်းထဲမှ ပြန်ထွက်သွားကြောင်း၊ ဗိုလ်ကြီးဆိုသူ ၃ဦးမှ တပ်သားစံသိန်းထွေးအား ဒီကိစ္စကိုဘယ်သူမှမပြောနဲ့ ၊ သူက ဒီလိုပုံစံမျိုးအမြဲတမ်းလုပ်နေတာ၊ ငါတို့ လည်းဒီလိုပဲ အမြဲတမ်းနေရတာ၊ ဖြစ်လာရင် မင်းတို့ ပဲခံရမှာ ဟုပြော၍ နေအိမ်အပြင်ဘက်သို့ ပြန်ထွက်လာပြီး ယာဉ်ထန်းတစ်ဦးမောင်းနှင်သည့် ဗိုလ်မှူးဦး၏ ကားဖြင့် တပ်ဖွဲ့ စုရုံးသို့ လိုက်ပို့ ခဲ့ရာ (၁၆း၄၅) ချိန်ပြန်လည်ရောက်ရှိခဲ့ပြီး ၁၆-၃-၂၀၁၃ ရက်နေ့  (၁၉း၀၀) ချိန်တွင် တပ်ဖွဲ့ စုမှူးဒုရဲမှူးဥာဏ်လင်းမှ ဆေးစာယူရန်ပြောကြားသဖြင့် တပ်သားစံသိန်းထွေးမှ ဆေးစာရယူပြီး ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ဆေးကုသမှု ခံယူလျက်ရှိကြောင်း ယာဉ်ထိန်းရဲ သတင်းရပ်ကွက်မှ စုံစမ်းသိရှိရပါသည်။
သစ်ထူးလွင်
from>>> ThitHtooLwin(Myanmar News Now)See More
— with မျိုးချစ် သူရဲကောင်း, Demon's Curse, ပုဂံပြည် မှ သူရဲကောင်း, Pa Yit and အင်္ဂုလိမာလ အဇာတသတ် ဒဿဂီရိ.

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ