Friday, September 21, 2012

ရန်သူမှ ရှမ်;မြောက် ကို စစ်ဆင်ရေးတိုးမြင့်(သျှမ်းသံတော်ဆင့် )မှကူးယူတင်ပြပါသည်.။

အပစ်ရပ် SSA (တပ်မဟာ ၁) ဌာနချုပ်သို့ နအဖတပ်များ ချဉ်းကပ်


ယခုလလယ်ပိုင်း အမည်မသိလက်နက်ကိုင်တစုက နအဖ စစ်တပ်အရာရှိနှင့် ပုလိပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပိုင်း အပစ်ရပ်သျှမ်းပြည်တပ်မတော် ဌာနချုပ်ဝမ့်ဟိုင်းအနီးသို့ မြန်မာစစ်တပ်များအင်အားတိုးဖြည့် လှုပ်ရှားချဉ်းကပ် လာနေကြောင်း စုံစမ်းသိရှိရပါသည်။

“လွယ်လင်အခြေစိုက် ခလရ ၉ က အင်အား ၈၀ နဲ့ ၀မ့်ဟိုင်း တောင်ဘက်ခြမ်း မိုင်းနန်း ကျေးရွာ အုပ်စုဝင် ၀မ့်ဇါတ် ဂျူတောင်းကျေးရွာဘက်မှာ ချဉ်းကပ်လာတာ” ဟု နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

ကျေးသီးအခြေစိုက် ခလရ ၁၃၁ ကလည်း အင်အား ၆၀ ဖြင့် မိုင်းကောဝ် (၀မ့်ဟိုင်းအရှေ့မြောက် ဘက်) မှ နောင်ဆွမ်း ပန်ယိမ်း ပန်မုန့်ရွာဘက်သို့ လှုပ်ရှားနေကြောင်းဆက်၍ပြောပြပါသည်။
“အဲဒီတပ်တွေအပြင် ပန်စေရွာဘက်ကနေ ကတ်ဝိန်းကျေးရွာအုပ်စု (ကျေးရွာ ၅ ရွာဘက်) လှုပ်ရှားနေတဲ့စစ်ကြောင်းတခုက လဲ ဘယ်ရွာရောက်ရောက် ယူချင်တာတွေအကုန်ယူပဲ၊ ဗမာစကားမပြော တတ်တဲ့ ရွာသားတွေကို ရိုက်နှက်ကန်ကျောက် တယ်”- ဟု လားရှိုးရောက် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါသည်။

ထို့အတူ မိုင်းရှူးဒေသခံတဦးကလည်း(ကွန်ဟိန်းဗျူဟာ လက်အောက်ခံ) ခလရ ၂၄၆ က အောင်ဆန်းဦး ဦးဆောင်သည့် အဖွဲ့ ဟိုင်းပါကျေးရွာအုပ်စုဝင် မိုင်းဆတ်ရွာ၊ နမ့်ပူ၊ နမ့်ပုတ်၊ လွယ် ရွဲ၊ နောင်ခေတ်၊ ဟိုင်းပေကျေးရွာဘက်မှ ၀မ့်ဟိုင်းဌာန ချုပ် အရှေ့တောင်ဘက်ပိုင်းသို့ချဉ်းကပ်နေ သည်ဟု ဆို၏။

နမ့်ပန်ချောင်းအရှေ့ဘက်ခြမ်း မိုင်းအွတ်တိုက်နယ်မှတဆင့် နအဖစစ်ကြောင်းတကြောင်းကလည်း အသွင်ပြောင်းရေး လက်မခံသည့် ဗိုလ်ချုပ်ပန်ဖှာ့ခေါင်းဆောင် သျှမ်းပြည်တပ်မတော် ၀မ့်ဟိုင်း ဌာနချုပ်ဘက် ချဉ်းကပ်လာနေကြောင်း အပစ် ရပ် SSA အရာရှိတဦးက အတည်ပြုပါသည်။

အဆိုပါ နအဖ စစ်ကြောင်းများသည် ရောက်ရာကျေးရွာမှ ရွာသားများအား ဆင့်ခေါ်ပြီးလမ်းဘေး တလျှောက် ပေ ၅၀၀ (၁၀၀ လံ) အတွင်းခြုံဘုတ်များခုတ်ထွန်ရှင်းလင်းခိုင်းသည်ဟု ကျေးသီးမြို့ခံ လူငယ်တဦးက ပြောပြပါသည်။

အပစ်ရပ်သျှမ်းပြည်တပ်မတော်ဥက္ကဌဟောင်း ဦးလွယ်မောဝ်နှင့် ဦးကိုင်ဖှ ဦးဆောင်သည့် ဆိုင်ကျောဝ့်(စိန်ကျော့)ဌာနချုပ်၊ မိုင်းခေးအခြေစိုက် တပ်မဟာ ၃ နှင့် ကာလိ အခြေစိုက် တပ်မဟာ ၇ တို့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ပန်ဖှ ဦးစီးသည့် ၀မ့်ဟိုင်းအခြေစိုက် တပ်မဟာ ၁ တပ်ဖွဲ့က တပ်ဖွဲ့စည်းပုံအသစ်ပြန်လည်ရေးဆွဲပြီး သျှမ်းပြည် တပ်မတော်နာမည်ဖြင့် ဆက်လက်ရပ်တည်သည်။

ယခုနှစ် စက်တင်္ဘာလအတွင်း နအဖ စစ်တပ်က ဗိုလ်ချုပ်ပန်ဖှတပ်ဖွဲ့အား သုံးကြိမ်တိုင်တိုင် ကျူးကျော်ရန်စ တိုက်ခိုက်ခဲ့ပါ သေးသည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ