Friday, September 7, 2012

ဒေါနတောင်ပေါ်လမ်း ချောက်ကမ်းပါး လမ်းနှုတ်ခမ်းသားပြိုကျခြင်းကြောင့် ကုန်တင်ယာဉ်ကြီးများ သွားလာခြင်းကို ယာယီပိတ်ထားကြောင်း သိရ

                Friday, 07 September 2012 16:41 
မြ၀တီဒေါန တောင်ကျော်လမ်း ပြိုကျခဲ့သည့် ချောက်ကမ်းပါးနေရာကို ပြန်လည်ပြုပြင်နေစဉ်
မြ၀တီနယ်စပ်ကုန်သွယ်လမ်း ဒေါနတောင်ပေါ်ရှိ ချောက်ကမ်းပါး လမ်းကျဉ်းနေရာ လမ်းနှုတ်ခမ်းသား ပြိုကျခြင်းကြောင့်

 ကုန်တင်ယာဉ်ကြီးများသွားလာမှု ယာယီရပ်နားထားရသော်လည်း ခရီးသွားယာဉ်ငယ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီဒေါနတောင်ကျော်လမ်းတွင် 
ပြိုကျသွားသည့် ချောက်ကမ်းပါးနေရာကို ပြည်သူ့ဆောက်လုပ်ရေးဌာနနှင့် အေကေကုမ္ပဏီတို့မှ ပူးပေါင်း၍ ပြုပြင်နေကြောင်းလည်း သိရသည်။
''တန်ပိုတင်တာတွေကြောင့်လမ်း နှုတ်ခမ်းသား ပြိုကျတာပါ။ ဒီနေ့တစ်ရက် မနက်ဖြန်တစ်ရက်တော့ ကုန်ကားကြီးတွေ သွားလာခွင့် ပိတ်ထားပါတယ်။ ကားလေးတွေကိုတော့ ပုံမှန်သွားလာခွင့် ပြုထားတာပါပဲ”ဟု ကမ်းပါးပြိုကျသည့် လုပ်ငန်းခွင်ရှိ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၄ရက်နေ့တွင် လမ်းနှုတ်ခမ်းသား ပြိုကျမှုများပြားပြီး ပြန်လည်ပြုပြင်သည့်ကာလဖြစ်သော စက်တင်ဘာလ ၅ ရက်နှင့် စက်တင်ဘာလ ၆ ရက်နေ့တို့တွင် မြ၀တီနယ်စပ်မှ ကုန်စည်တင်ပို့သည့် ကုန်တင်ယာဉ်ကြီးများအား သွားလာခွင့် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
''ဒီနွေမှာ တန်ပိုကတ္တား တည်ဆောက်ပြီးတာနဲ့ လမ်းပိုင်းကိုလည်း ကတ္တရာခင်းဖို့ ရှိပါတယ်။ ကုန်တင်ယာဉ်တွေကို ၀င်ရိုးအလိုက် အာဆီယံစံနှုန်းအတိုင်း တင်ဆောင်စေပြီး လမ်းရဲ့ကြံ့ခိုင်မှုကို ရေရှည်ထိန်းသွားဖို့ လိုအပ်ပါတယ်''ဟုပြည်သူ့ဆောက် လုပ်ရေးမှတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
ဒေါနတောင်ပေါ်တွင် ယခင်နှစ်ကထက် မိုးရွာသွန်းမှု မရှိခဲ့၍ ယခုနှစ်တွင် တောင်ပြိုလမ်းပိတ်ဆို့မှု မရှိခဲ့ကြောင်းလည်း သိရသည်။

                       




 

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ