Friday, September 21, 2012

အမေရိကန်၏ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု လျှော့ပေးရေးကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ


မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များ တုံ့ပြန်မှုအပြင် မကြာမီက နိုင်ငံရေး အကျဉ်းသား ၉၀ ကျော် ကို ထပ်မံ လွှတ်ပေးခဲ့မှုများကြောင့် မြန်မာနိုင်ငံ အပေါ် ကျန်ရှိနေသေး သည့် စီးပွားရေးပိတ်ဆို့ မှုများ လျှော့ပေါ့ပေးရန် အမေရိကန်အစိုးရက ပြင်ဆင်နေမှုကို လတ်တလော အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက် အား ထောက်ခံကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စဟီလာရီ ကလင်တန်နှင့် ၀ါရှင်တန်မြို့၌ တွေ့ဆုံမှုအပြီး ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စုသို့ စက်တင် ဘာလ ၁၆ ရက်နေ့က ထွက်ခွာသွားခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်ပေါင်း ၂၄ နှစ် ကာလအတွင်း တတိယမြောက် ပြည်ပ ခရီးစဉ် လည်းဖြစ်သည်။

"အခုလို ပိတ်ဆို့မှုတွေ လျှော့ပေါ့ ဖယ်ရှား ရေးကို ကျွန်မလည်း ထောက်ခံပါတယ်။ ဒါမှ ကျွန်မတို့ ပြည်သူတွေလည်း သူတို့ဘ၀ ရှင်သန် ရေးအတွက် ကိုယ်တိုင်တာဝန်ယူ လုပ်ကိုင်လာ နိုင်မှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီစနစ် ပေါ်ထွန်း လာရေးအတွက်တော့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့မှုတွေအပေါ်မှာ ကျွန်မတို့ အားထားဖို့ မသင့်ပါဘူး။ အဲဒါကတော့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမယ့် အပိုင်းပါပဲ"ဟု ဒေါ်အောင် ဆန်းစုကြည် ပြောကြားကြောင်း အေပီ သတင်း ဌာနက ဖော်ပြထားသည်။
အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့မှု အား ပြန်လည်ဖွင့်ပေး လိုက်ခြင်းအားဖြင့် မြန်မာ့ ထွက်ကုန်များ အထူးသဖြင့် သစ်အချော ထည်၊ သတ္ထုတွင်းထွက်ပစ္စည်းနှင့် အထည်ချုပ် ထုတ် ကုန်များကို အမေရိကန် ပြည်ထောင်စုသို့ ပြန် လည်တင်ပို့လာနိုင်မည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
"အခုလိုဖွင့်ပေးလိုက်ရင်တော့ ကျွန် တော်တို့ အတွက် အရမ်းကောင်းပါတယ်။ နဂိုကပိတ်ထား လိုက်တဲ့ အတွက် တချို့ပစ္စည်းတွေ တခြားနိုင်ငံ တွေကနေ သွယ်ဝိုက်ပြီး အမေရိကန်ကို ပို့ရပါ တယ်။ အခုလို ဖွင့်ပေးလိုက်မယ် ဆိုရင်တော့ တိုက်ရိုက်တင်ပို့လို့ရတာပေါ့" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က မြန်မာတိုင်း(မ်)ကိုပြောသည်။
"အရင်တုန်းက အရှိန်အဟုန်နဲ့ တင်ပို့နေတာ ကို သူတို့က ချက်ချင်းပိတ်လိုက်တော့ ဒီက လုပ်ငန်းရှင်တွေရဲ့ အရှိန်က ရပ်သွားတာ ပေါ့။ အခုပြန်ဖွင့်ပေးမယ်ဆိုလည်း ချက်ချင်း အရှိန် အဟုန်နဲ့တော့ ပြန်တင်ပို့လို့ ရအုံးမှာ မဟုတ် ပါဘူး။ သူတို့ဘက်က ဘယ်လို ပစ္စည်းတွေကို အဓိကလိုချင်တာလဲ၊ ဒီကလည်း ဘာတွေ တင်ပို့ နိုင်မှာလဲ စသဖြင့် ဈေးကွက် အခြေအနေကို အရင်လေ့လာ ဆန်းစစ် ပြီးမှ တဖြည်းဖြည်းနဲ့ နောက်ပိုင်း အရှိန်အဟုန်မြှင့် တင်ပို့လို့ရမှာဖြစ် ပါတယ်"ဟု ၎င်းကပြောသည်။
ထို့အပြင် ဥရောပသမဂ္ဂ (အီးယူ)အပါအ၀င် အမေရိကန်တို့နှင့် ကုန်သွယ်ရာတွင်လည်း အထူးအခွန် ကင်းလွှတ်ခွင့်နှင့် အကျိုးအမြတ် များ ပြန်လည်ရရှိလာမည်ဟု AA Group of Companies မှ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
"သူတို့က မြန်မာနိုင်ငံလိုဆင်းရဲတဲ့ တိုင်းပြည် တွေအတွက် ပို့ကုန်တွေအတွက် အခွန်ကင်း လွတ်ခွင့်ပေးတာ တွေရှိပါတယ်။ ဥပမာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံဆိုလည်း ဆင်းရဲတဲ့ တိုင်းပြည်ဖြစ် တဲ့အတွက် သူတင်ပို့တဲ့ ကုန်ပစ္စည်းတွေကို အခွန် ကင်းလွတ်ခွင့်ပေးထား တော့ တခြား ယှဉ်ပြိုင်တင်သွင်းတဲ့ နိုင်ငံတွေထက်စာရင် သူ့ကုန်ပစ္စည်း တန်ဖိုးလည်း ပိုသက်သာတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆို အထည်အလိပ်တွေပဲ အဓိက အများဆုံးတင်ပို့တာပါ။ ကျွန်တော် တို့နိုင်ငံမှာဆို သစ်အခြေခံထွက်ကုန်၊ ရေ ထွက်ကုန်၊ အထည် အလိပ်၊ တွင်းထွက်ပစ္စည်း၊ ကောက်ပဲသီးနှံစသဖြင့် အများကြီး တင်ပို့လို့ရပါတယ်။ ကျွန်တော်တို့လည်း အလားတူ အခွန်ကင်း လွှတ်ခွင့် ရမှာ ဖြစ် တဲ့အတွက် လုပ်ငန်းရှင်တွေ အတွက် လည်း အကျိုးဖြစ်ထွန်းတဲ့အပြင် ကိုယ့် ၀န်ထမ်းတွေကို လစာကောင်း ကောင်း ပေးလို့ရတာပေါ့"ဟု ၎င်းကပြောသည်။
လက်ရှိတွင် အီးယူဆုံးဖြတ်ချက်အရ လက်နက်ခဲယမ်း မီးကျောက်များမှလွဲ လျှင် ကျန်သော ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ အတွက် မြန်မာနိုင်ငံမှ ကုန် ပစ္စည်းများတင်ပို့ရာတွင် အခွန်ကင်း လွှတ်ခွင့်နှင့် ကန့်သတ်မှုကင်းလွှတ်ခွင့် တို့ကို ရရှိမည်ဖြစ်သည်။
အမေရိကန် အစိုးရအနေဖြင့်လည်း အလားတူအခွင့် အရေးများကို ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာဖော်ပြချက် အရ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် အတွင်း အီးယူသို့ ကုန်ပစ္စည်းတင်ပို့မှု မှာ ယူရို ၁၆၉ သန်းအထိရှိခဲ့သည်။
အဆိုပါ တင်ပို့မှုနှုန်းထားမှာ ကမ္ဘာတစ်ဝန်းစုစု ပေါင်းတင်ပို့မှု၏ သုံးရာခိုင်နှုန်းခန့်ဖြစ်ပြီး အီးယူ၏ စုစုပေါင်း တင်သွင်းမှု၏ ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ကာ အကန့်အသတ် များကြားမှ တင်ပို့ကုန်အများစုမှာ အထည်အလိပ်များ ဖြစ်သည်။

1 comment:

  1. ဝေဖြိုးခိုင် ဘလောက်မှ မင်္ဂလာအပေါင်းနှင့် နွေးထွေးခင်မင်စွာဖြင့်  ကြိုဆိုပါ၏: အမေရိကန်၏ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု လျှော့ပေးရေးကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ >>>>> Download Now

    >>>>> Download Full

    ဝေဖြိုးခိုင် ဘလောက်မှ မင်္ဂလာအပေါင်းနှင့် နွေးထွေးခင်မင်စွာဖြင့်  ကြိုဆိုပါ၏: အမေရိကန်၏ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု လျှော့ပေးရေးကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ >>>>> Download LINK

    >>>>> Download Now

    ဝေဖြိုးခိုင် ဘလောက်မှ မင်္ဂလာအပေါင်းနှင့် နွေးထွေးခင်မင်စွာဖြင့်  ကြိုဆိုပါ၏: အမေရိကန်၏ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု လျှော့ပေးရေးကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ >>>>> Download Full

    >>>>> Download LINK

    ReplyDelete

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ