Friday, September 21, 2012

နိုင်ငံပိုင်တရားရုံးအဆောက်အအုံများကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခြင်းကို ရှေ့နေများကွန်ရက် အဖွဲ့မှ တရားဝင်ကန့်ကွက်


ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ ရန်ကုန်တိုင်းစုပေါင်း တိုင်း တရားရုံးကို လွန်ခဲ့သည့် သီတင်းပတ်ကတွေ့ရစဉ်။
ဓာတ်ပုံ- လွင်ကိုတိတ်
မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အဖွဲ့မှ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် လက်ရာ အဆောက်အအုံနှစ်ခုဖြစ်သော ပန်းဆိုး တန်းလမ်းနှင့် မဟာ ဗန္ဓုလပန်းခြံလမ်း ထောင့်ရှိ High Court တရားရုံးနှင့် ကမ်းနားလမ်း နှင့် ဘဏ်လမ်းထောင့်တွင် ရှိသော စမောလ်ကုတ်တရားရုံးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်း လုပ်ကိုင်စေတော့မည်ဟု ကြား သိနေရခြင်းကို တရားဝင်ကန့်ကွက်ခြင်း၊ သို့မဟုတ် တရားဥပဒေလမ်း ကြောင်း အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေ့နေများကွန်ရက် အဖွဲ့တွင် ပါဝင်ဆောင်ရွက်နေပြီး တရားလွှတ်တော် ရှေ့နေတစ်ဦး လည်း ဖြစ်သည့် ဦးကိုနီ က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါအဆောက်အအုံနှစ်ခုအနက် ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံလမ်းထောင့်ရှိ High Court တရားရုံးမှာ ပြတိုက်အဖြစ်ပြောင်းလဲ လုပ်ကိုင် မည်ဟု သိရှိရပြီး ကမ်းနားလမ်းနှင့် ဘဏ် လမ်းထောင့်တွင်ရှိ သော ရန်ကုန်အရှေ့၊ အနောက်ခရိုင် စုပေါင်းတိုင်းတရားရုံး၊ အင်္ဂလိပ် အခေါ် စမောလ်ကုတ် တရားရုံး မှာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် အတွက်ဖြစ်သည်ဟု သိရသည်။

ထိုသို့သော နိုင်ငံပိုင်တရားရုံးများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေ တော့မည့်ဆိုသည့် သတင်းကို အပတ် စဉ်ထုတ် Weekly Eleven သတင်း ဂျာနယ်တွင် လွန်ခဲ့သည့်လများက ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရှိရကြောင်း ၎င်းကပြောသည်။
ထို့ကြောင့် အဆိုပါကိစ္စအတွက်ရှေ့နေများကွန်ရက်အဖွဲ့မှဦးဆောင်ပြီးပထမအကြိမ် စုဝေးတိုင်ပင်ညှိနှိုင်းအဖြေရှာမှုကိုဗဟန်းမြို့နယ် ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ဇွန်လဆန်းက ကျင်းပခဲ့သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်ပိုင် တရားရုံး အဆောက်အအုံများအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်းကို ကန့်ကွက်ပြီး တရားရုံးများ အဖြစ်သာ ဆက်လက်ထားရှိရန်အတွက် စက်တင်ဘာ ၉ ရက် နေ့တွင် တော်ဝင်နှင်းဆီခန်းမ၌ပင် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်၍ မီဒီ ယာ များအား အသိပေးရှင်းလင်းပြောကြားခဲ့ သည်။
"ဒီအဆောက်အအုံနှစ်ခုက နိုင်ငံရဲ့ သမိုင်းအမွေအနှစ် ကိုလိုနီခေတ်လက် ရာ အဆောက်အအုံနှစ်ခုဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တရားလွှတ်ရုံးဆိုင်ရာ အဆောက်အအုံ တွေအဖြစ် အသုံးပြုခဲ့တဲ့အတွက် ဒီ အဆောက်အအုံတွေကိုတရားရုံးနဲ့ ဆိုင်တဲ့ အလုပ်ကိစ္စတွေအတွက်သာ ထားရှိပေးသွားဖို့ဖြစ်ပါတယ်။ နောက်ပြီး ဒီ အဆောက်အအုံတွေဟာ အလွန်မှပဲ သွားလာဆက် သွယ်ရေးလွယ်ကူတဲ့ နေရာမှာရှိတဲ့အတွက် ရှေ့နေတွေ၊ အမှုသည်တွေ၊ တရားရေးဝန်ထမ်းတွေ အားလုံးအတွက် အဆင်ပြေတယ်၊ အခုလို ရန်ကုန်မြို့လယ်နဲ့ အလှမ်းဝေး ကွာတဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာရှိတဲ့ အတွင်းကျကျနေရာကို ရွှေ့လိုက်တော့ ရှေ့နေတွေ ရော၊ အမှုသည်တွေရော အဆင်မပြေတာတွေ ကြုံတွေ့လာရ တယ်"ဟု ၀ါရင့်ရှေ့နေတစ်ဦးဖြစ်ပြီး Laurel Law Firm ၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးကိုနီက မြန်မာတိုင်း(မ်)ကို ပြောသည်။
"နောက်ပြီးပြောချင်တာက ဒီတရားရုံးတွေက တရားရုံးအဖြစ် အစဉ်အဆက် အသုံးပြုခဲ့တာ၊ ဘာလုပ်ငန်းမှ အသုံးပြုတာမရှိတဲ့အားနေ တဲ့အဆောက်အအုံ တွေမဟုတ်ဘူး။ ဥပမာ-ပြည်လမ်းပေါ် က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဟောင်းဆိုရင် ဘာလုပ်ငန်းမှ အသုံးပြုတာ မရှိတဲ့ အတွက် ဒါမျိုးကို ပုဂ္ဂလိကပေးတယ် ဆိုတာ နားလည်လက်ခံနိုင်တယ်။ ဒါပေမယ့်သွားလာရေးလွယ်ကူတဲ့နေရာမှာရှိပြီး အလွန် အင်မတန်မှ ခံ့ညားထည်ဝါတဲ့ တရားရုံးတွေကို တရားရေးဆိုင်ရာလုပ်ငန်း တွေ ဆက်လက်မလုပ်ကိုင်ရတော့ဘဲ ဝေးကွာတဲ့နေရာကို ရွှေ့လိုက်တာကို တော့ ဘယ်လိုမှခံစားနားလည်လို့ မရဘူး" ဟု ဦးကိုနီကဆက်လက်ပြောပြခဲ့သည်။
စမောလ်ကုတ်တရားရုံးမှရှေ့နေများ ကို ယခုနှစ်သင်္ကြန်မတိုင်မီက ပြောင်း ရွှေ့ရန် ညွှန်ကြားခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
"ရန်ကုန်တိုင်း စုပေါင်းတိုင်းတရားရုံးက ရှေ့နေတွေက ဒီနှစ်သင်္ကြန် မတိုင်ခင်ကပဲ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ရန်ကုန်အရှေ့ပိုင်း တရားရုံးကို ပြောင်းရွှေ့ပေးလိုက်ရပါတယ်။ ပြောချင်တာကတော့ ဒါဟာကိုယ်ကျိုးအတွက် ပြောနေတာမဟုတ်ပါဘူး။ နိုင်ငံ့ဂုဏ်၊ နိုင်ငံ တော်အတွက် အရေးပါတဲ့ သမိုင်းအမွေအနှစ်တွေအတွက် ရှေးရှုပြီးပြောကြားတာဖြစ်ပါတယ်၊ နိုင်ငံတကာမှာတရားရုံးတွေဟာ အရမ်း ထည်ဝါခမ်းနားတာ တွေ့ရပါ တယ်။ အခုရန်ကုန်မှာရှိတဲ့ တရားရုံး အဆောက်အအုံတွေဟာဆိုရင် တည်ဆောက်ထားပုံ လက်ရာ၊ ပုံစံ တွေက လည်း ခံ့ညားလှတာဖြစ်တဲ့အတွက် မကြာမီကာလ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေဝင်ရောက်လာပြီး စီးပွားရေး လုပ်ငန်းတွေ လာရောက်လုပ်ကိုင်ကြတဲ့ အခါမှာလည်း အမှုအခင်းပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့အတွက် ဖြေရှင်းနိုင် ပေးနိုင်ဖို့ တရားရုံး အဖြစ် တခြားအဆောက်အအုံတစ်ခုကို အသုံးပြုတာထက် အစဉ်အဆက် သမိုင်းအစဉ်အလာ ရှိခဲ့တဲ့ လက်ရှိအဆောက်အအုံ ကို ဆက်လက် အသုံးပြုတာက နိုင်ငံ့ ဂုဏ်သိက္ခာကို ပိုမိုတင့်တယ်စေမှာ ဖြစ်တယ်လို့ ထင်မြင်ယူဆတယ်" ဟု ဦးကိုနီက ရှင်းပြခဲ့သည်။
အဆိုပါအဆောက်အအုံများသည် ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံများဖြစ်သည့်အပြင် နိုင်ငံနှင့်လူမျိုး၏ကျက်သရေ ကို တင့်တယ်စေသည့်အတွက် ၎င်း အဆောက်အအုံများကို ပုဂ္ဂလိက လက်သို့ လွှဲပြောင်း၍ လုပ်ကိုင်စေ သည်ကို နားမလည်နိုင် ကြောင်း ၎င်းက ဆက်လက်ပြောပြခဲ့သည်။
ထို့ပြင် ၎င်းအဆောက်အအုံများ သည် မည်သည့်လုပ်ငန်းမျှအသုံးပြုခြင်း မရှိသည့် အဆောက်အအုံများမဟုတ် ကြောင်းနှင့် ခေတ် အဆက်ဆက်က တရားရုံးအဆောက်အအုံများအဖြစ် သာ အသုံးပြုခဲ့သည့်အတွက် ဆက်လက် ၍တရားရုံးများအဖြစ်သာ ထားရှိ ဆောင် ရွက်ပေးသွားစေလိုကြောင်းလည်း ဦးကိုနီက အလေးအနက်ပြောကြား ခဲ့သည်။
ထို့ကြောင့်ပင် ရှေ့နေများကွန်ရက် အဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အာဏာ ပိုင်များထံသို့ ဇွန်လ ၁ ရက်နေ့တွင် အသနားခံစာ ပေးပို့ခဲ့ ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
"ရှေ့နေကွန်ရက်အဖွဲ့က နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌတွေဆီကို ဇူလိုင်လအတွင်းမှာ အသားနားခံစာပို့ခဲ့ပြီး ရန် ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ထံကိုလည်း ဩဂုတ်လမှာ ပေးပို့ခဲ့ပါတယ်။ ဒီလို အသနားခံစာတွေပို့ပြီး စောင့်ဆိုင်းနေဆဲ ကာလမှာပဲ ကမ်းနားလမ်းမှာရှိတဲ့ စုပေါင်း တိုင်းတရားရုံးကို သွပ်ပြားစိမ်းတွေနဲ့ ကာပြီး ၀န်းခြံခတ်လာတာကို တွေ့ရ ပါတယ်။ ဩဂုတ်လကုန် လောက်မှာ ဖြစ်ပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း စိုးရိမ်ပူပန်မှုတွေရှိလာပြီး စက်တင်ဘာ ၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲကျင်းပ ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်" ဟု ရှင်းပြခဲ့သည်။
၎င်းကဆက်လက်၍ စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပပြီးသည့်နောက်ပိုင်း တွင် အနည်းဆုံးသုံးပတ်၊ သို့မဟုတ် သတ်မှတ်ကာလ တစ်ခု ထိ ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ထိုအချိန်ကာလတွင်မှ သက် ဆိုင် ရာ အာ ဏာပိုင် များ ဘက် မှ မထူးခြား လာလျှင် ဆန္ဒဖော်ထုတ်ခြင်းအပြင် တရား ဥပဒေအရ မည်ကဲ့သို့ ဆောင်ရွက်နိုင် မည်ဆိုသည်ကို ဥပဒေပညာရှင်များနှင့် တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွား မည်ဟုလည်း ၎င်းကရှင်း ပြခဲ့သည်။

1 comment:

  1. ဝေဖြိုးခိုင် ဘလောက်မှ မင်္ဂလာအပေါင်းနှင့် နွေးထွေးခင်မင်စွာဖြင့်  ကြိုဆိုပါ၏: နိုင်ငံပိုင်တရားရုံးအဆောက်အအုံများကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခြင်းကို ရှေ့နေများကွန်ရက် အဖွဲ့မှ တရားဝင်ကန့်ကွက် >>>>> Download Now

    >>>>> Download Full

    ဝေဖြိုးခိုင် ဘလောက်မှ မင်္ဂလာအပေါင်းနှင့် နွေးထွေးခင်မင်စွာဖြင့်  ကြိုဆိုပါ၏: နိုင်ငံပိုင်တရားရုံးအဆောက်အအုံများကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခြင်းကို ရှေ့နေများကွန်ရက် အဖွဲ့မှ တရားဝင်ကန့်ကွက် >>>>> Download LINK

    >>>>> Download Now

    ဝေဖြိုးခိုင် ဘလောက်မှ မင်္ဂလာအပေါင်းနှင့် နွေးထွေးခင်မင်စွာဖြင့်  ကြိုဆိုပါ၏: နိုင်ငံပိုင်တရားရုံးအဆောက်အအုံများကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခြင်းကို ရှေ့နေများကွန်ရက် အဖွဲ့မှ တရားဝင်ကန့်ကွက် >>>>> Download Full

    >>>>> Download LINK

    ReplyDelete

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ