Tuesday, August 7, 2012

အိန္ဒိယရေတပ်မှ ဒုတိယအကြီးဆုံး သင်္ဘောကြီးက ရန်ကုန်အပါအ၀င် ဆိပ်ကမ်း၁၃ခုကို ခရီးဆန့်မည်


အိန္ဒိယ ရေတပ်မတော်သည် မြန်မာအပါအ၀င် အရှေ့တောင်အာရှ ကိုးနိုင်ငံကို ရေကြောင်းမှတစ်ဆင့် ရက်ပေါင်း ၁၉၂ရက်ကြာအောင် ဆိပ်ကမ်းမြို့များသို့ လှည့်လည်ဆိုက်ကပ်မည်ဖြစ်ကြောင်း၊Bernama သတင်းဌာနက ရေးသားဖော်ပြသည်ကို ၂၅-၇-၂၀၁၂ ရက်က သိရသည်။ The INS Sudarshini အမည်ရှိအဆိုပါ အိန္ဒိယရေတပ်မတော် သင်္ဘောကြီးမှာ စက်တင်ဘာလ၁၅ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်ကာ ၂၀၁၃မတ်လ၂၆ရက်တွင် ပြန်လည်ရောက်ရှိမည် ဟုသိရသည်။ ''ဒီမစ်ရှင် (Mission)လေးကတော့ အာဆီယံနဲ့ အိန္ဒိယနိုင်ငံကြားမှာ လာမယ့်၁၀နှစ်စာ အတွက်ကြိုတင်ပြီး ချစ်ကြည်မှုယူသလိုမျိုး ဖြစ်နေသလို ဒေသတွင်းလေ့လာရေး ခရီးစဉ်တစ်ခုပုံစံမျိုးပါပဲ'' ဟု အဆိုပါသင်္ဘောမှ အရာရှိတစ်ဦးဖြစ်သူ Admiral Satish Soniက ပြောကြားသည်။ အိန္ဒိယနိုင်ငံတွင် ရေတပ်၌ ဒုတိယအကြီးဆုံးဖြစ်သော အဆိုပါသင်္ဘောအနေဖြင့် အာဆီယံကိုးနိုင်ငံမှ ဆိပ်ကမ်း၁၃ခုဖြစ်သော ပါဒန်၊ ဘာလီ၊ မန်နာဒို၊ပို့မော်ရာ၊ စီဘူး၊ မနီလာ၊ ဒါနန်း၊ သီဟာနုဗီးလ်၊ ဘန်ကောက်၊ စင်ကာပူ၊ ပို့ကလန်၊ ဖူးခက်နှင့် ရန်ကုန်တို့ဖြစ်ကြောင်း သိရကာရက်ပေါင်း ၁၉၂ ရက်အတွင်း ဆိပ်ကမ်းတစ်ခုကပ်စဉ် ကာလအတွင်း သင်္ဘောလိုင်းဆိုင်ရာနှင့် ပတ်သက်သော ဆွေးနွေးမှုများ ဗဟုသုတမျှဝေကြခြင်းများ လုပ်ဆောင်မည် ဟုသိရသည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ