Wednesday, August 1, 2012
ရန်ကုန်ကားသင်္ချိုင်းမှာ ပိုက်ဆံပေး ရန်မလို (ဧဒင်အချစ်ပုံပြင်မှကူယူတင်ပြပါသည်)
ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း
ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။
သံမဏိစက်ရုံသို့ရောက်သောအခါ ကားလာအပ်လာသူများစွာကို တွေ့ရပါတယ်။ လာအပ်တဲ့ လူတွေထဲမှာ ကိုယ်တိုင်ကားလာအပ်သူက (၁၀) ယောက်တွင် (၂) ယောက်သာရှိပြီး (၈) ယောက်မှာ ပွဲစားများသာ ဖြစ်ပါတယ်။ ပွဲစားတွေက ကားအပ်ရန် လေး/ငါးသောင်း ယူပါတယ်။ ၄င်းသံမဏိစက်ရုံတွင် ၀န်ထမ်းများနှင့် ပွဲစားများပေါင်းစားနေသည်ကို တွေ့ခဲ့ရပါတယ်။
ပြည်သူ့ဝန်ထမ်းတွေထဲမှာ အကျင့်ဖျက်ချစားမှုမျိုးတွေ လုံးဝမရှိသင့်တော့ပါ။ ပြည်သူ့ဝန်ထမ်းတွေက မိမိတို့ရဲ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါတယ်။ အကျင့်ပျက်ချစားနေသူများထဲတွင် စက်ရုံလုံခြုံရေးဝန်ထမ်းအချို့အပြင် MEC မှ စစ်သားများ၊ စစ်သားများကို စီမံနေသော ဗိုလ်ကြီးရဲနိုင် ဆိုသူမှာလည်း ပါဝင်နေပါတယ်။ သံမဏိစက်ရုံဂိတ်က လုံခြုံရေးဝန်ထမ်းကို နှစ်သောင်းပေးလျင် တန်းစီစရာမလိုဘဲ တန်းဝင်နိုင်ပါတယ်။ ၄င်း အဖြစ်အပျက်များကို ဗိုလ်ကြီးရဲနိုင်ဆိုသူမှာ သိပါလျက် ခွင့်ပြုထားပါသည်။ ဘာကြောင့်ခွင့်ပြုထားသည်ကို စဉ်းစားကြည့်လျင် သူကိုယ်တိုင် အကျင့်ပျက်ချစားမှု တွင် ပါဝင်ပတ်သက်နေသည်ကို သိနိုင်ပါသည်။
ကျွန်တော် သံမဏိစက်ရုံသို့ ရောက်သောအခါ တန်းစီထားသော ကားတွေရဲ့မှန်ပေါ်တွင် အမှတ်စဉ်နံပါတ်များကို မနက်စောစော၌ တစ်ကြိမ် လိုက်ရေးပါတယ်။ နောက်တစ်ကြိမ်ကို ထမင်းစားပြီးအချိန်မှဘဲ လိုက်မှတ်ပါတယ်။
တကယ်ဆို ကားတစ်စီးတိုးတိုင် နံပါတ်စဉ်ကို စောင့်၍လိုက်ရေးသင့်ပါတယ်။ အဲ့ဒိလို နံပါတ်မမှတ်ထားတဲ့ ကားတွေက ကျော်တက်လာပြီး ဂိတ်နားရောက်လာတဲ့အခါကျတော့ ငါ့ကားကရှေ့က၊သူ့ကားက ရှေ့ကဆိုပြီး အငြင်းပွားမှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်စုံစမ်းကြည့်လိုက်တော့ ကားတိုင်းကို နံပါတ်အချိန်ပြည့် လိုက်မမှတ်နိုင်ခြင်းမှာ စက်ရုံဝန်ထမ်း (၇) ယောက်ခန့်သာရှိတယ် ဆိုပြီး အကြောင်းပြပါတယ်။
MEC တွင် ကားဟောင်းအပ်နှံမှုနှင့်ပတ်သက်၍ အဓိကစီမံနေသူ ဗိုလ်ကြီးရဲနိုင် အပါအ၀င် အခြားအရာရှိတို့မှာ အောက်တွင်ဖြစ်ပျက်နေသော ၀န်ထမ်းမလုံလောက်မှု ကို အထက်သို့ မတင်ပြပါ။ လူနည်းတော့ ပိုလုပ်စားလို့ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော် သံမဏိစက်ရုံဝင်းအတွင်းသို့ ရောက်သွားသောအခါ စာရင်းသွင်းသူက တစ်ထောင်၊ ခဲခြစ်သူက စာရွက်ဖိုးတစ်ထောင် (ခဲခြစ်သောစာရွက်မှာ ကား chassis အရွယ်သာရှိသည်)၊ စားပွဲတစ်ခုက တစ်ထောင်၊ နောက်စားပွဲတစ်ခုက လဘ္ဘရည်ဖိုး တစ်ထောင်၊ မိတ္တူဖိုး တစ်ထောင် စုစုပေါင်း (၅၀၀၀) ကုန်ပါတယ်။
စားပွဲတစ်ခုတွင် အရုပ်ဆိုးသော မြင်ကွင်းတစ်ခုမှာ စစ်ဦးထုပ်ထဲတွင် ပိုက်ဆံများထည့်ထားခြင်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေသော ရဲဘော်များမှာ မည်သူနှင့် တူသွားပါသနည်း။
ဌာနအတွင်း ဒီလိုအကျင့်ပျက်ချစားမှုမျိုးရှိနေသည်ကို ပြည်သူတစ်ဦးအနေနဲ့ မလိုလားပါ။ Good Governance, Clean Government ဆိုတဲ့ စကားနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ အခုလိုဌာနအတွင်း အကျင့်ပျက်ချစားမှုမျိုးတွေ မရှိသင့်ကြောင်း နိုင်ငံတိုးတက်မှုကို လိုလားသော ပြည်သူတစ်ဦးအနေဖြင့် ရေးသားဖြန့်ဝေခြင်းဖြစ်ပါတယ်။
လွှတ်တော်၌လည်း အကျင့်ပျက်ချစားမှု ပပျောက်ရေး ဥပဒေမူကြမ်းအား ရေးဆွဲပြီးဖြစ်ပါတယ်။
အကျင့်ပျက်ချစားမှုကို မလိုလားသော ပြည်သူများ ဤ စာကို share ပေးပါ။
ဒီမှာ http://www.facebook.com/human.element.9?sk=wall တွေ့ရတဲ့ ပုံနဲ့စာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်
-
▼
2012
(141)
-
▼
August
(38)
- မူဆလင်တွေ ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်ပွား
- မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ
- ထိုင်း အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း မြန်မာလေ...
- ဧရာဝတီနှင့် လားရှိုးရေကြီးမှုများအတွက် ကူညီ ရေး လုပ်...
- သာပေါင်း၊ရေဘေးသင့်သူများ သောက်သုံးရေနှင့် အစားအစာအ...
- မြန်မာအပါအ၀င် ၁၀နိုင်ငံ သဘာဝဘေးအန္တရာယ်များကြောင့် ...
- မြန်မာ့စပါးကျီ ရေကြီးရေလျှံ
- ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် ရေကြီးမှုများဖြစ်ပေါ်နေ
- ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် ...
- သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ
- ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ...
- ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ
- အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင...
- တစ်စက္ကန့် လျှင် အမြန်နှုန်း 1 GB ရှိသည့် အင်တာနက် ၀...
- အိန္ဒိယရေတပ်မှ ဒုတိယအကြီးဆုံး သင်္ဘောကြီးက ရန်ကုန်အပါ...
- ရန်ကုန်ဧရိယာအတွင်း၌ ဒလရေအောက် ဥမင်ဖောက်လုပ်ခြင်းေ...
- aug 5 .ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သ...
- Gmail Hack လိုချင်သော သူငယ်ချင်းများ အတွက်
- ၃. ၈. ၂၀၁၂ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတ...
- aug 4 အစ္စလာမ် ဘာသာရေး ခေါင်းဆောင်က မြန်မာကို ခြိမ်...
- ရုံးခန်းဌားလိုသော သူများအတွက် (မလေးရှား)
- မလေးရှားနိုင်ငံအတွင်း မိန်းကလေးများသီးသန့် အလုပ် (၁၈)
- တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆...
- အလွယ်တကူအင်္ဂလိပ်စကားပြောခိုင်းမယ်
- Youtube တွင် အလွယ်တကူ Download ယူရန်
- Internet Download Manager သုံးပါ
- ဖရဲသီးအပြာရောင်ထွက်နေပြီ
- Corel Video Studio Pro X4v 14.0.0. 342+Video Tutor...
- Wedding Album Maker Gold 3.50
- dvd. slite show.builder.deluxe 6.1.9.60 Fullverction
- ဒီဂျစ်တယ်လ်ဗွီဒီယိုတည်းဖြတ်နည်း(မြန်မာ)ဘာသာပြန်
- Gtalk တွင်ပုန်းတပ်တဲ့Gပုံးတွေသတိထားပေတော့ ဖမ်းလို ...
- ဗုဒ္ဓဘာသာကို မတရားစော်ကား ထားတဲ့ http://messengerfo...
- အွန်လိုင်းက ကောင်းတာရှိသလို မကောင်းတာပိုများသလိုပဲ...
- ရန်ကုန်ကားသင်္ချိုင်းမှာ ပိုက်ဆံပေး ရန်မလို (ဧဒင်အချ...
- ဒေါက်တာ ချက်ကြီး ဘယ်သူဆိုတာ ပေါ်ပြီဟု ဆို (ဧဒင်အချစ...
- ဘာအကောင်လာလာ ရှင်းပြစ်မယ်ဟေ့ နည်းပညာလေးတစ်ခု
- သမ္မတကြီးမှCNAအင်တာဗျူးတွင်ထုတ်ဖေါ်ပြောသောစကားလူတိုင...
-
▼
August
(38)
အဖတ်များသောပို့ စ်များ
-
အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင် by FNG on August 15, 2012 16 0 i မဲပေးပါ...
-
From : Tharthar Thartharlay ယခုပြသနာအစသည်ကားရှေ့ဦးစွာစတင်ခဲ့သည်မှာ ရခိုင်ပြည်နယ်ခွဲထွက်ရေးလိုလားသော အစွန်းရောက်ရခိုင်ပါတီ(RNDP)မှအ၀က...
-
Freedom News Group(Burma) FNG Exclusive ယခင် စစ်ခေါင်းဆောင် ဗိုလ် ချုပ် မှုး ကြီး သန်းရွှေ ၏ မြေးနေ ရွှေသွေး အောင် ( ခေါ်) ဖိုး လြ...
-
ဖရဲသီးအပြာရောင်ထွက်နေပြီ မျိုးဗီဇ ပြု ပြင် ထား တဲ့ ဖရဲ သီး ပြာ စား ကြ အုံးမလား ၊ ဖရဲသီး အရသာ နဲ့ ဗင်နီလာ အနံ ပါ။ မကြာခင် အပြာ ရေ...
-
ရုံးခန်းဌားလိုသော သူများအတွက် အဆင်ပြေစေရန်အတွက် တင်ပေးလိုက်ပါတယ်။
-
ဂျော်ဒန်နိုင်ငံမှ.......................... တစ်ယောက်သောသူ.အတွက်ပေါ.................... ....................................................
-
တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရတရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက...
-
၃. ၈. ၂၀၁၂ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတာရာယာ အနီး မြန်မာဆိုင်တန်းရှိ မြန်မာ့ဥယျာဉ် ဆိုင်အား ရိုအင်ဂျာ အယောက် ၆၀...
-
မြန်မာအမျိုးသား ၂ ဦး လက်ထပ် မင်္ဂလာဆောင်ကြသတဲ့ ဗျာ ဘယ်လိုဘယ်လူတွေလည်းမသိပါဘူး မိမိလူမျိုးကိုချစ်တာတော့ မှန်ပါတယ်...အား---စိတ်လေတယ်--ကိုယ် ...
-
မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော် မြန်မာ စားသောက်ဆိုင်တန်းတွင် ကပ်ထားသော အလုပ်အကိုင် လိုချင်သော သူများအတွက် အလုပ်ခေါ်စာ ကြေငြာချက...
No comments:
Post a Comment