Monday, July 16, 2012
ှုအလွန်တ၇ာဆေးဖက်ဝင်သောငှက်ပျောသီး.........
-မင်းမင်းဇော်
-၆.၄၂.၂၀၁၂
ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။
ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။
ဒါ့အပြင် ဆံကေသာအတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။
ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။
ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိ နေသေး တာ မို့ ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။
ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။
လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။
ငှက်ပျောသီးမှာ ၏ ပိုတတ်ဆီယမ်ဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။
ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။
ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီး စားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။
အမြင်အာရုံ
တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။ ပျို့အန်ခြင်း အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက် အကူပေးပါတယ်။
ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ် တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်း ပေး နိုင် ပါ တယ်။
ခြင်အန္တရာယ်
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။
လေဖြတ်ခြင်း
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။
အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်
အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။
ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။
အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုးရှိစေပါတယ်။
ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။
ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။
Conditioner သုံးစရာမလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။ အရေပြားအတွက် ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။
ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။
ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။
ပြီးရင် ၁၀- ၁၅ မိနစ်လောက် စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့အမျှ အသားအရေကို ဝင်းပလာစေပါတယ်။
မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။
အမာရွတ်တွေ ပျောက်စေပါတယ်။
ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။
ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။
ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။
ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။
ပြီးမှ နွားနို့ကို ထည့်ပေးပါ။
ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။
ကလေးများအတွက်
ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။
အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။
ငှက်ပျောသီးနဲ့ မတည့်တဲ့ကလေး ရှားပါတယ်။
နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။
အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
ငှက်ပျော်သီးတွေဟာ ယေဘုယျအားဖြင့်တော့ အာနိဒင်တူညီကြပါတယ် ထို့ကြောင့်အဆင်ပြေပြေရနိုင်တဲ့အသီးကိုအသုံးပြု နိင်ပါတယ်။
မသိသူကျော်သွား သိသူဖော်စားတဲ့ ကျွန်မတို့သရေစာအဖြစ်နေ့တိုင်း စားနေတဲ့ငှက်ပျော်သီးဟာ ဒီလိုအစွမ်းရှိတယ်ဆိုတာ သိသူရှိသလို မသိသူတွေလည်းရှိပါတယ်။ မသိသူတွေအတွက် တင်ပြလိုက်ခြင်းဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်
-
▼
2012
(141)
-
▼
July
(62)
- နယ်စပ်ဒေသရှိ ကချင်စစ်ပြေးဒုက္ခသည်များ မှီခိုနေရသော ...
- ဦးအောင်သိန်းလင်း၏ တရုတ်သတင်းစာနှင့် အင်တာဗျူး အပေါ်...
- အပျင်းပြေ ဆင်းရဲမှုမြှင့်တင်ရေး
- မလေးရှား ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲ၊ မိုးကြိုးပစ...
- တောင်ကိုရီးယားသမ္မတ၏ အစ်ကိုဖြစ်သူအား လာဘ်စားမှုဖြင့်...
- ချင်းမိုင်၊ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းအ...
- ၂၀၁၂-၁၃ ငါးဖမ်းရာသီတွင် ငါးဖမ်းဧရိယာနှင့် ကာလသတ်မှ...
- လျှပ်စစ် (၁) ၀န်ကြး ဦးဇော်မင်းရဲ့ ကိုယ်ကျိုးရှာမှု...
- လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်...
- သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော...
- ရွှေကြော အန္တရာယ်နဲ့ အခွင့်အလမ်းဆောင်းပါး
- ၂၀၁၂ ခုနှစ်လန်ဒန်အိုလမ်ပစ်အားကစားဖွင် ပြီ
- မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အိမ်ထော...
- တောင်ကို၇ီးယားသမ္မတ ပြည်သူကိုဝန်ချတောင်းပန်
- အိန္ဒိယဒေသခံ အာသံ တိုင်းရင်းသားနဲ့ ဘင်္ဂါလီ မူဆလင်အဓိ...
- နိုင်ငံခြားေ၇ာက်မြန်မာများ သေဆုံးအသတ်ခံ၇ပုံများ
- ပြည်ပမှာမြန်မာတွေ အသက်ကတိ၇စ္ဆာန်တကောင်လိုပါပဲ
- အလေးအနက် စဉ်းစားသင့်သော ရွှေ့ပြောင်းအလုပ်သမားအရေး
- ထိုင်းနိုင်ငံယာယီနိုင်ငံကူး လက်မှတ်နှင့် မြန်မာ အလ...
- တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသား ၉၇၄ ယောက်မှ ငြိမ...
- ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ထိုင်းရှိ NGO အဖွဲ...
- သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်
- တရားမဝင် အလုပ်သမားများ တရားဝင်ရေး ထိုင်း-မြန်မာ သေ...
- ထိုင်း ရေမြုပ်ဒေသမှ ရွှေ့ပြောင်းအလုပ် သမားများ နေရပ...
- ဘလောက်ဂါသမားများတွက်နည်းပညာအပိုင်းစ လေးတွေပါ(ကိုဂေ...
- ၇ိုဟင်ဂျာ ဘင်္ဂါလီအေ၇းတွင်ကျွန်တော် စုမိသမျှ ပုံ...
- ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ...
- "Blood Sugar Politik" အဖွဲ့ အင်္ဂလိပ်အယ်လ်ဘမ်သစ် ဖြန...
- USDP -ပြည်ထောင်စုကြံ့ ခိုင်ဖွံ့ ဖြိုးရေး အားဝေဖန်သ...
- ၂၀၁၂ခုဇူလိုင်၁၉ရက်၆၅နှစ်မြောက်အာဇာနီနေ့ တွင်NLDခေါ...
- အငြင်းပွားရေပိုက်နက် တရုတ်သင်္ဘောတွေ ရောက်လာတာကြောင်...
- တိုင်းရင်းနွယ်ဖွား ဘာသာစကားသိမှတ်ဖွယ်ရာအကြောင်း
- အသက်ရှည်ချင်လျှင်အရင်ဖက်ပါ။
- အခမဲ.ဖုန်းခေါ်လို.၇အောင်ပါ...........။
- နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွ...
- ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပည...
- ဘိန်းဘုရင် လော်စစ်ဟန် ၏ သားတစ်ဦး ကွယ်လွန်
- မူးယစ်မှောင်ခိုသူအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းစစ်တ...
- မြောက်ကိုရီးယား စစ်တပ်အကြီးအကဲ ရာထူးကထွက်
- ရန်ကုန်ခုံးကျော်တံတားလေးစင်း အဆင့်နှစ်ဆင့်ခွဲ၍ တည်...
- ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးဝက်ဘ်ဆိုဒ်...
- Me N Ma Girls အဖွဲ့ ကမ္ဘာ့တေးဂီတ ဈေးကွက်ကို စတင်လှေ...
- ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မည့်သူမျာ...
- ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် မှတ်တမ်းပုံရိပ်များ
- တက္ကသိုလ်နှင့် ကောလိပ်များ ကိုယ်တိုင်စီမံအုပ်ချုပ်ခ...
- ပုဂ္ဂလိကကောလိပ်သစ်နှစ်ခု ဖွင့်လှစ်မည်
- ပြည်ထောင်စုဆိုင်ရာတစ်ပိုင်းတစ်စအမြင်
- မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့ မြန်မာအမျိုးသမီးများတွ...
- ထိုင်းနိုင်ငံသားများအား ဖမ်းဆီးကြောင်းသတင်း
- ဝင်းဒိုး7ရဲ့ နောက်ခံဘက်ဂရောင်း ပုံလေးတွေ ချိန်းတဲ ...
- နာမည်ဆိုးနဲ့ ငွေရလမ်း
- မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား
-ှုအလွန်တ၇ာဆေးဖက်ဝင်သောငှက်ပျောသီး.........
- ပြည်သူ့စစ်အသွင်ပြောင်းရမည့် အစီအစဉ် လက်ခံရေး ဝ' တပ...
- - မြန်မာဟူသော အမည်နာမဖြစ်ပေါ်လာပုံ
- မြန်မာတို.ဘလော.များကိုလက်လှမ်းမှီသလောက်စုစည်းတင်ထာ...
- ဒီသီချင်းကိုကြိုက်လွန်လို.တင်ထားတာပါ
- ကျွန်တော.၇ဲ.အဖြစ်နဲ. အ၇မ်းတူတဲ.သီချင်းလေးပါ
- I.Tဝက်ဘ်ဆိုဒ်ပေါင်းစုံများ
- လောကကြီးကတ၇ားတလား
- အခုပေါ်နေတဲ့global virus သတိပြုကြပါ... ကျွ...
- ပိုတိုရှော့ တ်နဲ့ မီးတောက်နေတဲ့ စာလုံးလုပ်နည်း
-
▼
July
(62)
အဖတ်များသောပို့ စ်များ
-
Freedom News Group(Burma) FNG Exclusive ယခင် စစ်ခေါင်းဆောင် ဗိုလ် ချုပ် မှုး ကြီး သန်းရွှေ ၏ မြေးနေ ရွှေသွေး အောင် ( ခေါ်) ဖိုး လြ...
-
အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင် by FNG on August 15, 2012 16 0 i မဲပေးပါ...
-
From : Tharthar Thartharlay ယခုပြသနာအစသည်ကားရှေ့ဦးစွာစတင်ခဲ့သည်မှာ ရခိုင်ပြည်နယ်ခွဲထွက်ရေးလိုလားသော အစွန်းရောက်ရခိုင်ပါတီ(RNDP)မှအ၀က...
-
ဂျော်ဒန်နိုင်ငံမှ.......................... တစ်ယောက်သောသူ.အတွက်ပေါ.................... ....................................................
-
ဖရဲသီးအပြာရောင်ထွက်နေပြီ မျိုးဗီဇ ပြု ပြင် ထား တဲ့ ဖရဲ သီး ပြာ စား ကြ အုံးမလား ၊ ဖရဲသီး အရသာ နဲ့ ဗင်နီလာ အနံ ပါ။ မကြာခင် အပြာ ရေ...
-
ကျုံမငေး- မေ(၄) ရက်။ ဧရာဝတီတိုင်း၊ကျုံမငေးမြို့မှာ ၉၆၉ကို ဆဲရေး တိုင်းထွာ စော်ကားမှုတစ်ခု ဖြစ်ပွာခဲ့ပါတယ်။ (၄-၅-၂၀၁၃)ရက်နေ့မွန်းတည့် ...
-
ရုံးခန်းဌားလိုသော သူများအတွက် အဆင်ပြေစေရန်အတွက် တင်ပေးလိုက်ပါတယ်။
-
တို့ဗမာ Dobama သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" တဲ့ သခင်အောင်ဆန်း အတွေး၊ သခင်အော...
-
တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရတရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက...
-
မြန်မာအမျိုးသား ၂ ဦး လက်ထပ် မင်္ဂလာဆောင်ကြသတဲ့ ဗျာ ဘယ်လိုဘယ်လူတွေလည်းမသိပါဘူး မိမိလူမျိုးကိုချစ်တာတော့ မှန်ပါတယ်...အား---စိတ်လေတယ်--ကိုယ် ...
No comments:
Post a Comment