Monday, July 16, 2012

တက္ကသိုလ်နှင့် ကောလိပ်များ ကိုယ်တိုင်စီမံအုပ်ချုပ်ခွင့်ရမည်ဟုဆို

လက်ရှိတွင် ကောလိပ်၊ တက္ကသိုလ်များသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ကွပ်ကဲမှုအောက်တွင်ရှိမည်ဖြစ်သော်လည်း တစ်ချိန်တွင် မိမိတက္ကသိုလ်နှင့် မိမိ စီမံအုပ်ချုပ်ခွင့်ရှိစေရန် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ပြောကြားသွားသည်။
အလားတူ အခြေခံပညာ စာသင်ကျောင်းတိုင်းတွင် စာကြည့်တိုက်များရှိရမည်ဖြစ်သကဲ့သို့ ကောလိပ်၊  တက္ကသိုလ်များ အားလုံးတွင်လည်း သမားရိုးကျစာကြည့် တိုက်များသာမက နိုင်ငံတကာ အဆင့်မြင့်တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားသည့် အွန်လိုင်းစာကြည့်တိုက်များလည်း ရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတကပြောကြားသွားသည်။
“အသိပညာအခြေခံတဲ့ စီးပွားရေးစနစ်ကို မျှော်မှန်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ဆရာ၊ ဆရာမများရဲ့ အရည်အချင်းကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ် " ဟု သမ္မတကပြောကြားသွားသည်။ သမ္မတ ယနေ့ကျင်းပသည့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၇ရက်မြောက်နေ့တွင် အထူးမိန့်ခွန်းပြောကြားရာ၌ အထက်ပါအကြောင်းအရာများအား ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ