Saturday, July 21, 2012
USDP -ပြည်ထောင်စုကြံ့ ခိုင်ဖွံ့ ဖြိုးရေး အားဝေဖန်သံကွန့် မက်တစ်ခု
1 Thuya Aung 2012-07-20 16:38
ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း 
ပြောကြားဥဦးအောင်သိန်းလင်းက "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့
လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့သည်။
၁။ အထက်ပါသတင်းကြောင့် အလွန်တုန်လှုပ်မိပါသည်။
၂။ တရုတ်နိုင်ငံသည် အလွန်ကြောက်စရာကောင်းသော၊ မြန်မာနိုင်ငံအတွက် ဆွေမျိုးပေါက်ဖေါ်ဆိုပြီး ပြောပြောပြီး
ဂုတ်သွေးစုပ်အမြတ်ထုတ်နေသောနိုင်ငံကြီးတစ်ခုဖြစ်ပါသည်။
၃။ အင်အားအလွန်ကြီးမားသောတရုတ်နိုင်ငံ၏အရှိန်အ၀ါများ
ကြောင့် တရုတ်လူမျိုးများမြန်မာပြည်တွင်အလွန့် အလွန်နေရာ ရလျှက်ရှိပြီး စီးပွားရေးအရလည်းအုပ်စီးမှုများ၊ အသာစီးမှုများ
ရရှိလျှက်ရှိပါသည်။
၎။ လူဦးရေပေါက်ကွဲထွက်မတက်ဖြစ်နေသော တရုတ်နိုင်ငံ တွင် One Child One Family ပေါ်လစီကြောင့် မြန်မာ နိုင်ငံနှင့်ထိဆက်နေသော နယ်နမိတ်တလျှောက် မြန်မာပြည်
တွင်းသို့ အဆက်မပြတ်အလုံးအရင်းနှင့်ခိုးဝင်လျှက်ရှိပါသည်။
၅။ မြန်မာနိုင်ငံမှ လူကုန်ကူးမှုဆိုင်ရာစာရင်းဇယားများအရ တနိုင်ငံလုံး၏လူကုန်ကူးမှုများအနက်တရုတ်ပြည်သို့ လူကုန်ကူး မှုမှာအများဆုံးဖြစ်ပြီး 85% အထိဖြစ်ကြောင်းသိရှိရပါသည်။ သို့ ဖြင့် ဆင်းရဲနွမ်းပါးသောမြန်မာအမျိုးကောင်းသမီးများမှာ သားကောင်ဖြစ်ရရှာသည်။
၆။ အခုတဖန် မြစ်ဆုံအရေး ထပ်ကြိုးစားနေကြသည်ကိုမီဒီယာ
များကတဆင့် မကြာမကြာ ကြားနေရပြန်ပါပြီ။
၇။ ထို့ ပြင်လူမသိသူမသိ စီမံကိန်းမည်မျှရှိခဲ့သည်၊ မည်မျှ
လိုက်လျောခဲ့ပြီးပြီဆိုတာမည်သူမျှမသိနိုင်ပြီ။
၈။ ယခု တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအရေး ပြည်သူများ ငြိမ်နေလျှင် ဆက်ခံရပါမည်။
မြန်မာပြည်သူအပေါင်း မြစ်ဆုံအရေး သွေးစည်းခဲ့ကြသည့်နှယ် ယခုတဖန်အထက်ပါအရေးများကိုလည်း လစ်လျူရှုမရကြောင်း
နှင့် ပြတ်ပြတ်သားသားဆောင်ရွက်ကြပါရန်အသိပေးအပ်ပါသည်။
No comments:
Post a Comment
လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်
သူတို့ တို့ တွေလာလည်ကြတယ်
free counters
အဖတ်များသောပို့ စ်များ