
တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုမှတစ်ဆင့် သမ္မတလီမြောင်ဘတ်က နိုင်ငံကို တောင်းပန်စကားပြောနေပုံကို လူတစ်ဦးက စောင့်ကြည့်နေစဉ်
အသက် ၇၆ နှစ်အရွယ် သမ္မတအစ်ကိုဖြစ်သူ Lee Sang-Deuk သည် ပြဿနာဖြစ်နေသော ငွေစုဘဏ်နှစ်ခုမှ ၀မ်သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၅၂၃၀၀၀)နှင့် အထည်အလိပ် ကုမ္မဏီတစ်ခုမှ ၀မ် ၁၅၇ သန်းလာဘ်ယူခဲ့မှုဖြင့် တရားရုံးတွင် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တာဝန်ထမ်းဆောင်နေဆဲ သမ္မတတစ်ဦး၏ အစ်ကိုဖြစ်သူသည် လာဘ်စားမှုဖြင့် တရားစွဲခံရခြင်းသည် တောင်ကိုရီးယားသမိုင်းတွင် ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။
ယခုလအစောပိုင်းကလည်း ဥပဒေပြုအမတ်ဟောင်းတစ်ဦးမှာ ဘဏ်များ၏ဥက္ကဋ္ဌများအား စာရင်းစစ်ခြင်းနှင့် အပြစ်ပေးမှုများမှ ရှောင်တိမ်းနိုင်ရန်အတွက် ကူညီခဲ့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
Lee Sang-Deuk သည် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် ညီဖြစ်သူအနိုင်ရရှိရန် အဓိက ပံ့ပိုးထောက်ပံ့သူတစ်ဦးဖြစ်ပြီး လီမြောင်ဘတ်၏ နောက်ကွယ်မှ ပြဿနာများကို ဖြေရှင်းပေးသူတစ်ယောက်အဖြစ်လည်း ရပ်တည်ပေးခဲ့သည်။
သို့သော်ဝေဖန်သူများက Lee Sang-Deuk သည် ညီဖြစ်သူ အာဏာရလာသောအခါ တိုင်းပြည်အရေးအရာများတွင် ၀င်ရောက်စွက်ဖက်ခြယ်လှယ်လွန်းကြောင်း ပြောခဲ့ကြသည်။ ထိပ်တန်းဆက်သွယ်ရေး အရာရှိဟောင်း အပါအ၀င်သမ္မတ၏ လက်ထောက်အချို့သည်လည်း လာဘ်စားမှုများဖြင့်ပင် ထိန်းသိမ်းခံထားရသည်။
No comments:
Post a Comment