Monday, July 16, 2012

မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား


ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမှန်ကို အမှန်အတိုင်း
မဖော်ပြဘဲ စကားလုံးတွေကို လိမ်မာပါးနပ်စွာသုံးရင်း ဘာသာရေး အဓိကရုဏ်းဖြစ်
အောင်တွန်းပို့ နေတဲ့ တိုင်းပြည် သစ္စာ ဖောက် မီဒီယာတွေရဲ့လုပ်ရပ် တွေဟာ
.....

 


အဆိပ်အတောက်မီဒီယာ
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမှန်ကို အမှန်အတိုင်း မဖော်ပြဘဲ စကားလုံးတွေကို လိမ်မာပါးနပ်စွာသုံးရင်း ဘာသာရေး အဓိကရုဏ်းဖြစ်အောင်တွန်းပို့ နေတဲ့ တိုင်းပြည် သစ္စာဖောက် မီဒီယာတွေရဲ့လုပ်ရပ် တွေဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက် အုပ်စုတွေလိုပါဘဲ မြန်မာနိုင်ငံအတွက် သိပ်အန္တရာယ်ကြီးမား ပါတယ် ။
ရခိုင်ပြည်ကို အခြေခံပြီး မြန်မာတနိုင်ငံလုံး တညီတညွတ်တည်း ဘာသာရေး အဓိကရုဏ်းဖြစ်စေ ချင်တဲ့ ဖြစ်လိုတဲ့ ဆန္ဒဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ အလိုချင်ဆုံး အလိုအပ်ဆုံး အခင်းအကျင်းဖြစ်တယ် ။
အဲဒီအခင်းအကျင်းကို ဖန်တီးဖို့  ပြည်တွင်းထဲမှာရော ပြည်ပမှာပါ မီဒီယာတွေကို အသုံးချရမှာဖြစ်တယ် ဆိုတာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက ကောင်းကောင်း နားလည်တယ်။
  
ဒါကြောင့် မြန်မာလိုလွင့်တဲ့ ပြည်ပမီဒီယာတွေဟာ ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေ အတွက် အရမ်းလိုအပ်တဲ့ လက်နက်တခု ဖြစ်တာကြောင့် ငွေတွေကို ဒလဟော ပုံအောပေးခဲ့တယ် ။
တိုင်းပြည် သစ္စာဖောက်လောက်အောင်အထိ ငွေတွေကို ပုံအောစေခဲ့တယ် ။ ဒီတော့ ပြည်ပမီဒီယာ အချို့ ဟာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေလိုပါဘဲ တိုင်းပြည်ရဲ့ အန္တရာယ်ဖြစ်တယ်ဆိုတာ မီးမောင်း ထိုးပြဖို့ လိုအပ်လာတယ် ။
ဒီအတွေးတွေကို ပြည်တွင်းထဲက တိုင်းပြည်ကို ရိုးသားစွာချစ်တဲ့လူထုတွေ ကောင်းကောင်းကြီးနား လည်တယ်ဆိုတာ သူတို့ ဆန္ဒပြပွဲတွေက သက်သေထူနေတယ် ။
တကယ်တော့ သစ္စာဖောက်မီဒီယာတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်တွေဖြစ်တယ်ဆိုတာ ပြောချင်တယ် ။

ဘာသာရေးအဓိကရုဏ်းနှင့်တိုင်းပြည်ဖဲ့ထုတ်ရေး
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ပန်းတိုင်ဟာ မြန်မာနိုင်ငံကို ဖဲ့ထုတ်ရေးဖြစ်တယ် ။
ဖဲ့ထုတ်လို့ ရရင် သီးခြားနိုင်ငံဖြစ်ချင်ဖြစ်မယ် သို့ မဟုတ် အခြား မူဆလင်နိုင်ငံတခုနဲ့ ပူးပေါင်းချင် ပူးပေါင်းလိမ့်မယ် ။ အဓိကပန်းတိုင်ကတော့ တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ် ။
အဲဒီလို ဖဲ့ထုတ်ရေးကြိုးပမ်းမှုတွေ အောင်မြင်ရေး အတွက် ဘာသာရေးအဓိကရုဏ်းဖြစ်ပေါ်ရေး ဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ ဗျူဟာတခုဖြစ်တယ် ။
ဘာကြောင့် ဘာသာရေးအဓိကရုဏ်း လိုအပ်သလဲဆိုတော့ မူဆလင်နိုင်ငံ တွေဆီက ဘာသာရေး အပေါ်မှာ ရပ်တည်မှုပေးလာမှာကို ကြိုတင် သိထားလို့ ဖြစ်တယ် ။တနည်းအားဖြင့် မွတ်ဆလင်နိုင်ငံအချို့ နဲ့ သဘော တူညီချက်တွေလည်း ရှိတယ်လို့ ပြောနိုင်တာတွေရှိတယ်။


တဖက်မှာလည်း အယ်လ်ကိုင်ဒါလို အကြမ်းဖက်အဖွဲ့ အစည်းတွေ နဲ့ ဆက်နွှယ်ရာမှာ ဘာသာရေး ဖိနှိပ်ခံရတယ်ဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ ချဉ်းကပ် ထားမှုတွေဟာ လက်တွေ့ ပြလို့  ရမှာဖြစ်တယ် ။
အထူးသဖြင့်ကတော့ ဦးရာ ဇတ်တည်ဆောက်ခဲ့တဲ့ မြန်မာမွတ်ဆလင်တွေ တိုင်းပြည်အပေါ်သစ္စာစောင့်သိမှု တံတိုင်းကြီးကို ဖြိုလှဲ ပစ်ချင်တယ် ။
အဲဒီတံတိုင်းကြီးကို ဖြိုလဲပစ်ရေးရဲ့ အဓိကသော့ချက်ဟာ ဘာသာရေး အဓိကရုဏ်းဖြစ်တယ် ။


ဒါကြောင့် ရခိုင်ပြည်က အဖြစ်အပျက်ကို ရန်ကုန်ဆန္ဒပြပွဲတွေအထိ ချိတ်ဆက်နိုင်ခဲ့တယ် ။
ဒါပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ လိုချင်တဲ့ အခင်းအကျင်းကို မရခဲ့ပါဘူး ။
ဦးရာဇတ်ရဲ့မျိုးဆက်ဖြစ်တဲ့ ကိုမြအေးက ပြင်းပြင်းထန်ထန် ခါးခါးသီးသီး ငြင်းဆန်မှုဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအတွက် အရှိုက်ကို အထိုးခံ လိုက်ရတာဖြစ်တယ် ။
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေလိုချင်တဲ့ ဘာသာရေး အဓိကရုဏ်း အခင်းအကျင်းထဲကို မလျှောက်လှမ်းခဲ့တဲ့ တိုင်းချစ်ပြည်ချစ် မြန်မာမွတ်ဆလင် တွေကိုလည်း ကျေးဇူးတင် ရမှာဖြစ်တယ်။
ဒါပေမယ့်လို့  ပြည်တွင်းပြည် ဟန်ချက်ညီညီ ပြင်ဆင်ထားတဲ့ ဗျူဟာကိုတော့ ဆက်လက်ဆင်နွှဲခဲ့တယ် ။
ရခိုင်ပြည်မှာ အကြမ်းဖက်သောင်းကျန်းမှုတွေနဲ့  ရခိုင်လူထုကို စတင်မြှူ ဆွယ်ရေးဖြစ်တယ် ။


အဲဒီကတဆင့် စစ်တပ်ဝင်ရောက်လာပြီး မီးကုန်ယမ်းကုန် ပစ်ခတ်နိုင်နင်းရေးကို လိုချင်ခဲ့ပြန်တယ်။
အဲဒီလိုဖြစ်ခဲ့ရင် ဘာသာရေးအဓိကရုဏ်း ဖြစ်ပေါ်ရေးကို တွန်းအားပေး နိုင်မှာဖြစ်ပြီး အကြမ်းဖက် အယ်လ်ကိုင်ဒါအဖွဲ့ တွေရဲ့ပူးပေါင်း ပါဝင်မှုတွေနဲ့ မြန်မာနိုင်ငံရဲ့နယ်မြေအချို့ ကို ဖဲ့ထုတ်နိုင်လိမ့် မယ်လို့ မျှော်လင့်ပုံရပါတယ် ။
ဒါပေမယ့် အစိုးရရဲ့ကိုင်တွယ်ပုံဟာ သူတို့ ထင်ထားသလိုဖြစ်မလာတဲ့အခါ ပြည်တွင်းထဲထိ သယ်ဆောင်ထားတဲ့ လက်နက်တွေ လောင်ချာတွေအထိ ထုတ်သုံးလာခဲ့တယ် ။
ကိုယ့်အိမ်ကို မီးရှို့ ရေးမှသည် ရခိုင်တပြည်လုံးမီးလောင်ရေး အစီအစဉ်တွေကို တဆင့်တိုး တိုက်ပွဲဝင်လာခဲ့တယ် ။
ရှေးတိုးရခက် နောက်ဆုတ်ရခက်အနေအထားဖြစ်နေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီရဲ့ နောက်ကွယ်က ဘာတွေ ဆက်ထွက်လာမလဲ ဘာတွေ ဆက်လုပ်လာမလဲဆိုတာ စောင့်ကြည ရမှာဖြစ်သလို သူတို့ နောက် ကွယ်က မမြင်နိုင်တဲ့ အရာတွေကို မြင်အောင်ကြည့်ရေး ၊ ဖော်ထုတ်ရေးဟာလည်း တိုင်းပြည် အတွက် အရမ်းအရေးကြီး တဲ့အရာဖြစ်တယ်။
 
ရိုဟင်ဂျာနှင့်ပြည်ပမီဒီယာအချို့ 
ရိုဟင်ဂျာစကားလုံးသုံးစွဲခြင်းကို အချို့ ရခိုင်အမျိုးသားများကမကြိုက်ပေမယ့် မီဒီယာအချို့ ကတော့ မြိန်မြိန်ကြီး သုံးကြပါတယ် ။
ကျနော်ကတော့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီလို့ သုံးစွဲပါတယ် ။
လွန်ခဲ့နှစ်က ရေးတဲ့ ဆောင်းပါး(ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့ သော် တံခါးလာ ခေါက်ပြီ)မှာ စတင် သုံးစွဲခဲ့တယ် ။
ကြိုက်တဲ့လူတွေ ကျနော်သုံးသလို လိုက်သုံးနိုင်သလို မသုံးဘဲလဲနေနိုင်ပါတယ် ။
ဆိုလိုတာကတော့ ရိုဟင်ဂျာဟု နာမည်သစ်ပြောင်းထားသော ဘင်္ဂလီလို့ ပြောလိုတာဖြစ်တယ် ။
ဆိုတော့ ကျနော့်အမြင်အရ ရိုဟင်ဂျာလို့ မသုံးတောင်မှ ရိုဟင်ဂျာပါအောင် သုံးစွဲရမယ့်အနေ အထားမှာ ရှိနေပါတယ် ။
ဘင်္ဂလီရို ဟင်ဂျာလို့ သုံးသုံး သို့ မဟုတ် ရိုဟင်ဂျာအမည်ခံဘင်္ဂလီလို့ သုံးသုံး သို့ မဟုတ် အခြား တမျိုးကိုဘဲ သုံးသုံး ရိုဟင်ဂျာပါအောင် သုံးစွဲရပါတော့မယ် ။
ဘာကြောင့်လဲဆိုတော့ လက်ရှိရခိုင်ပြည်မှာ အကြမ်းဖက် နေခြင်းကြောင့်ဖြစ်သလို ပြည်တွင်းမှာရော ပြည်ပမှာပါရှိတဲ့ရိုဟင်ဂျာအမည်ခံဘင်္ဂလီအချို့ ဟာ အယ်လ်ကိုင် ဒါးအကြမ်း ဖက်အဖွဲ့ တွေနဲ့ ဆက်စပ် နေလို့ ဖြစ်တယ် ။


နောက်တချက်က ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေနဲ့  တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိတဲ့ မြန်မာ မွတ်ဆလင်တွေကို မရောနှော ရအောင် စည်းခြား ထားရမှာဖြစ် တယ်။
တဆက်တည်းပြောချင်တာကတော့ မြန်မာမွတ်ဆလင်တွေ အနေနဲ့  ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေ လိုချင်တဲ့ ဘာသာရေး အဓိကရုဏ်းဖြစ်ပေါ်ရေး မှသည် တိုင်းပြည်ဖဲ့ထုတ်ရေးကို ဆန့် ကျင်ဖို့ ပြောချင်ပါတယ်။
ဦးရာဇတ်ခင်းပေးခဲ့တဲ့ လမ်းကြောင်းအပေါ်မှာဘဲ မြန်မာတိုင်းရင်းသား ပေါင်းစုံနဲ့ အတူ ရပ်တည်ပေးဖို့ လိုအပ်နေ တဲ့အချိန်လည်းဖြစ်ပါတယ်။
ဆိုတော့ ကျနော်ပြောလိုတာကို ဆက်ရရင် ပြည်ပမီဒီယအချို့ ရဲ့ လိမ်မာပါးနပ်စွာ သုံးတဲ့အသုံးအနှုန်းကို ပြောရပါလိမ့်မယ် ။
ဒီအသုံးအနှုန်းတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီ တွေလိုချင်သလို လိုက်သုံးပေးရတဲ့ ပုံစံဖြစ်တယ်လို့  ပြောချင်တယ် ။
အဲဒီ အသုံးအနှုန်းဟာ ရည်ရွယ်ချက်နှစ်ခုကို ပြီးမြောက် စေပါတယ် ။

ကျနော်ပြောလိုတဲ့ မီဒီယာတွေကတော့ တိတိကျကျပြောရရင် (BBC VOA RFA DVB ဧရာဝတီ)တို့ ဖြစ်ပါတယ် ။
ကျန်တဲ့ မီဒီယာတွေလည်း ရှိနိုင်သေးပါတယ် ။
လှမ်းမကြည့်နိုင်သေးပါဘူး ။
ဆိုတော့ ဒီမီဒီယာတွေဟာ တချိန်က မြိန်မြိန်ကြီးသုံးစွဲခဲ့ဖူးတဲ့ “ရိုဟင်ဂျာ”ဆိုတဲ့အသုံးအနှုန်းကို မသုံးစွဲတော့ဘဲ “အစ္စလာမ် ဘာသာဝင်”တွေလို့ သုံးစွဲလာတာကို တွေ့ ရပါတယ် ။
ဒါကလည်း ကနေ့  ရခိုင်ပြည်မှာ လက်ရှိဖြစ်ပေါ်နေပြီးမှ ပြောင်းလဲသုံးစွဲလာတာဖြစ်တဲ့ အတွက် ရိုးသားမှုလုံးဝ မရှိဘူးလို့ ပြောလိုပါတယ် ။
လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ ရိုဟင်ဂျာအမည်ခံဘင်္ဂလီ ကိုယ်နှိုက်က ပြောင်းလဲသုံးစွဲ စေခိုင်းခဲ့တာ သေချာလောက်ပါတယ်။
ဒီလို မြိန်ရည်ယှက်ရည်သုံးစွဲလာခဲ့ပြီးမှ ယခုလို ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအကြိုက် ပြောင်းလဲသုံးစွဲခြင်းကတော့ ။
(၁)အစ္စလာမ်ဘာသာဝင်လို့ သုံးစွဲခြင်းအားဖြင့် မြန်မာပြည်တလွှားမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေပါ ပူးပေါင်းပါဝင်လာကာ ဘာသာရေးအဓိကရုဏ်းဖြစ်လာနိုင်တယ် ။
  
 
(၂) ရိုဟင်ဂျာလို့ သုံးစွဲလိုက်ရင် ရိုဟင်ဂျာဆိုတာ အကြမ်းဖက်သမားတွေလို့  ကမ္ဘာက မြင်သွားမှာကို မလိုလားဘူး ။
ဒါကြောင့် ကမ္ဘာ့မီဒီယာတွေကို ဘာသာရေးအဓိကရုဏ်ပုံစံမျိုးနဲ့ ချပြပြီး ရခိုင်လူထုနဲ့ အစိုးရကပါ ပူးပေါင်းသတ်ဖြတ် အကြမ်းဖက် နေတယ်လို့ ပြောနေတာ ဖြစ်တယ်။

DVB သတင်းဌာနမှာ ပီတာအောင်ရေးတဲ့သတင်း တပုဒ်မှာ ရခိုင်တွေက ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအိမ် တွေကို စတင် မီးရှို့ တယ် လူတွေကို သေကြေ ဒဏ်ရာရအောင် လုပ်တယ်လို့ ရေးပါတယ် ။

အယ်ဒီတာကလည်း ထည့်တာပါဘဲ ။
အဲဒီဖြစ်စဉ်ဟာ မောင်တောမှာပါ ။
မောင်တောဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီ အများဆုံး ဖြစ်ပြီးတော့ ရခိုင်တွေက အနည်းစုပါ ။
ဖြစ်စဉ်အားလုံးကို ယှဉ်ကြည့်ရင် ရခိုင်လူထုက ကိုယ့်ကိုယ်ကို ကာကွယ်ရေးအဆင့်မှာ ရှိပြီး ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက အကြမ်းဖက်ခြင်းဆိုတာ သိသာ ထင်ရှားပါတယ် ။
ပြောနိုင်တာ တခုက ကျနော်ကိုယ်တိုင်ဖြစ်ဖြစ် ၊ အခြားတယောက်ကဖြစ်ဖြစ် သို့ မဟုတ် ကော်မတီပုံစံ မျိုးဖွဲ့ စည်းပြီး ခိုင်မာတိကျတဲ့ အထောက် အထားတွေနဲ့ ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုကို စနစ်တကျ တင်ပြနိုင်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ် ။
 
ဒါကြောင့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ အကြမ်းဖက်သမားတွေအဖြစ်ထင်ရှားတာကြောင့် ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို တနည်းတဖုံသုံးစွဲရမယ် ။
နိုင်ငံတကာ NGO အဖွဲ့ အစည်းတွေ ၊ UN အဖွဲ့ ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ အကြမ်းဖက် အယ်လယ်ကိုင်ဒါအဖွဲ့  တွေနဲ့ ပတ်သက်မှုတွေ ၊ လက်နက် တော်တော်များတွေ့ ရှိချက်တွေ ၊ ရခိုင်ပြည်မှာ ယခုဖြစ်ပျက်နေတဲ့အထဲမှာ ရခိုင်လူထုက ဓါးတောင်လူတန်းစေ့မကိုင်နိုင်ဘဲ ၀ါးချွန်တွေကိုင်ပြီး ကိုယ့်တိုင်းပြည်ကာကွယ်ရေး ၊ ကိုယ့်အသက်ကိုယ် ကာကွယ်ရေး လုပ်နေစဉ်မှာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေက လောင်ချာတွေ တောင်သုံးနိုင်တဲ့ အနေအထား နှစ်ရပ်ကို ယှဉ်ကြည့်ရင် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဟာ တိုင်းပြည်ကို ရတဲ့နည်းနဲ့ (အကြမ်းရော အနုရော)သုံးစွဲကာ ဖဲ့ထုတ်ကြိုးပမ်း သွားမယ်ဆိုတာ ဒီနေ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် အချက်အလက်တွေက ခိုင်မာစွာ သက်သာပြ နေပါတယ် ။ ။ .............ကိုေ၈ါ်လီဘလော.ပို.စ်မှ.  ကူးယူတင်ပြပါသည်...............

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ