Wednesday, July 25, 2012

"Blood Sugar Politik" အဖွဲ့ အင်္ဂလိပ်အယ်လ်ဘမ်သစ် ဖြန့်ချိ


'Blood Sugar Politik' အဖွဲ့ ဖျော်ဖြေနေသည်ကို တွေ့ရစဉ်။
"Music ဆိုတာ ပုံသေကြီးပဲ တွက်လို့ မရဘူး။ ကျွန်တော်တို့ကတော့ လုပ်ချင် တာတွေ လုပ်ဦးမှာပဲ" ဆိုတဲ့ Big Bag အဖွဲ့ကတော့ Blood Sugar Politik အဖွဲ့နာမည်နဲ့ "One Second Sentence" ဆိုတဲ့ အင်္ဂလိပ် အယ်လ်ဘမ် သစ်ကို ဇူလိုင် ၁၉ ရက်မှာ စတင်ဖြန့်ချိ လိုက်ပါတယ်။
"ကျွန်တော်တို့အဖွဲ့ရဲ့ ဂီတာဆရာ တစ်ယောက် ထွက်သွားတော့ "Blood Sugar Politik" အဖွဲ့ရဲ့ဂီတာဆရာ ၀င်လာတယ်။ ပြီးတော့ တစ်ယောက် နဲ့ တစ်ယောက်မတူတဲ့ စိတ်ကူးတွေ ပေါင်း ပြီး လုပ်ချင်တာတွေ အကုန် ပေါင်းပြီး "Blood Sugar Politik" နာမည်နဲ့ ဒီအင်္ဂလိပ်သီချင်းတွေကို လုပ်ဖြစ်သွားတာပါ"လို့ Big Bag အဖွဲ့ရဲ့ ၀ိုင်းတော် သားတစ်ဦးဖြစ်တဲ့ အဆိုတော် ကျားပေါက်က ပြောပါတယ်။
"ခွေနာမည်ကို တချို့ တစ်စက္ကန့်စာ စာကြောင်းလို့ ထင်ကြလိမ့်မယ်။ အမှန် တော့ Sentence ကို တစ်သက်တစ် ကျွန်းထောင်ဒဏ် ချခံရတဲ့ အဓိပ္ပာယ် အနေနဲ့ သုံးထားတယ်။ အဲဒီတော့ ထောင်ချခံရတဲ့ တစ်စက္ကန့်အတွင်းဖြစ်ပေါ်တဲ့ ခံစားချက်ကို ဆိုလိုပါတယ်" လို့ ကျားပေါက်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
အယ်လ်ဘမ်ထဲမှာ မြန်မာသီချင်း တစ်ပုဒ်နဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ရေးထားတဲ့ အင်္ဂလိပ်သီချင်း ၁၀ ပုဒ်ပါဝင် တာကြောင့် မြန်မာသီချင်း တစ်ပုဒ် ထည့်ဖြစ်တဲ့ အကြောင်းကိုတော့ "နိုင်ငံခြားသားတွေ နားထောင်ရင် ဒါဟာ မြန်မာလူမျိုးတွေ ထုတ်တဲ့ခွေ ဆိုပြီး သိအောင် လို့ပေါ့ဗျာ။
ပြီးတော့ သီချင်းရဲ့နာမည်က 'ဘာလုပ်မှာလဲ' ဆိုတော့ အခု တိုင်းပြည်အခြေအနေနဲ့ လည်း ကိုက်တယ်၊ လုပ်စရာအခွင့်အရေးလည်း များလာတယ်။ နင်ဘာလုပ်မှာ လဲ၊ ငါဘာလုပ်မှာလဲဆိုတာတွေ အမြဲ ပြော၊ အမြဲကြားနေရတယ်။ အဲဒါနဲ့ ဒီသီချင်းကို ထည့်ဖြစ်သွား တယ်"လို့ ကျားပေါက်က ရှင်းပြပါတယ်။
အယ်လ်ဘမ်တစ်ခုလုံးအတွက်သီချင်း တွေကိုတော့ ကျားပေါက်ကိုယ်တိုင် ရေးထားပြီး သီချင်းကို တင်ပြတဲ့အပိုင်းနဲ့ မြူးဇစ်သွင်းတဲ့ နေရာတွေကိုတော့ အဖွဲ့ သားတွေအားလုံးက ၀ိုင်းဝန်းအကြံပေး ထားတာကြောင့် ပန့်ခ်၊ အီလက်ထရို၊ အင်ဒီ စတဲ့ ဂီတပုံစံအစုံကို နားဆင်ခံစား ရမှာပါ။
"တချို့သီချင်းတွေဆို အဓိပ္ပာယ် နှစ်မျိုး သုံးမျိုးလောက် ထွက်တယ်။ တချို့ ဆို ဘာအဓိပ္ပာယ်မှကောက်ယူလို့ မရဘူး။ ဟိုလိုလို ဒီလိုလိုပါပဲ။ ပြီးတော့ နိုင်ငံရေးဆန်ဆန် ရေးထားတဲ့ သီချင်း လည်း ရှိတယ်။ ၂၀၀၃ ခုနှစ်လောက်က ရေးထားတဲ့ သီချင်းတွေလည်း ပါဝင်မယ်" လို့ ကျားပေါက်က ပြောခဲ့တယ်။
သီဆိုနေကျ Big Bag သီချင်းပုံစံ တွေနဲ့ကွဲထွက်ပြီး ပုံစံပြောင်းသီဆိုထား တာကိုတော့ "ဒီအခွေကို လူ ၆၀-၇၀ ရာခိုင်နန်းလောက် ကတော့ လက်ခံကြမယ် မထင်ဘူး။ ဒါပေမယ့် ကျွန်တော် လုပ်ချင်တာတွေ လုပ်ဦးမှာပဲ" ဆိုပြီး သူက ပြောခဲ့တယ်။
နိုင်ငံခြား ရေဒီယိုလှိုင်းတွေ၊ Online ရေဒီယိုလှိုင်းတွေမှာ "Big Bag" ရဲ့ အရင်တုန်းက အင်္ဂလိပ်သီချင်းတွေ လွှင့်ခဲ့ပြီး အခု အယ်လ်ဘမ်အဖြစ်ထုတ် ဝေတဲ့အချိန်မှာတော့ စိတ်ကူးနဲ့ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရတယ်ဆိုတာကို ကျားပေါက်က "ကျွန်တော်က ဒီ Censorship နဲ့ ပတ်သက်ပြီး တော်တော်လေးကို စိတ်ပူခဲ့တာ။ ကံကောင်းချင်တော့ ဆင်ဆာတစ်ခုမှ အဖြတ်မခံရဘူး။
ကျွန်တော် တောင် အံ့ဩသွားတယ်" လို့ ပြောပါ တယ်။ ဒီအယ်လ်ဘမ်နဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖန်တီးခဲ့ကြပေမယ့် သိပ်၊၊ မမျှော်လင့်ရဲဘူးလို့ Blood Sugar Politik အဖွဲ့ကိုယ်စား အဆို တော် ကျားပေါက်က ပွင့်ပွင့်လင်းလင်း ပြောပေမယ့် ဂီတချစ်တဲ့ ပရိသတ် အတွက် ခံစားမှုအသစ်၊ အမြင်သစ် ရစေမယ်လို့ ယုံကြည်ပါတယ်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ