စက်ရုပ်လို့သိထားကြတဲ့
(Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ
Karel Capekက သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ
စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။ Robotဟာ robota ဆိုတဲ့စကားလုံးက
ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်နေရတဲ့
အလုပ်သမား၊ စလိုဗက်ခ်ဘာသာ စကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။
မှတ်တမ်းများအရ ရှေးဦးစက်ရုပ်ကို
၁၇၇၀ခုနှစ်မှာ ဆွစ်လူမျိုး နာရီလုပ်သူ နိုင်ရာရီ ဂျက်ကွက်ရက်က
တည်ဆောက်ခဲ့တယ် လို့ဆိုပါတယ်။ အဲဒီစက်ရုပ်ဟာ စာရေးတဲ့စက်ရုပ်ဖြစ်ပြီး
စာလုံးလေး ဆယ်ကျော်ရေး သားနိုင်ပါတယ်တဲ့။ ဒါပေ မယ့် ရှေးဦးစက်ရုပ်တွေထဲက
ကျွန်တော်သဘောအကျဆုံးစက်ရုပ်ကတော့ ဂျပန်ပညာရှင် တစ်ဦးတီထွင် ခဲ့တဲ့
လူတူစက်ရုပ်ဖြစ်ပါတယ်။
ဂျန်အက်ဒီဆင်လို့
ခေတ်လူများကခေါ်ဝေါ်ကြတဲ့ ဂျပန်လက်မှုပညာရှင် ဟီဆာရှီဂျီ တာနာကာ တီထွင်ခဲ့တဲ့
လူတူစက်ရုပ်ပါ။ အဲဒီစက်ရုပ်ဟာ လက်ဖက်ရည်ခွက်တွေကို စားပွဲဝိုင်းတွေဆီ
လိုက် ပို့ပေးနိုင်သ လို မြှား ကျည်တောက် ထဲက မြှားကိုလည်း
ထုတ်ယူပစ်ခတ်နိုင်တယ်၊ ဂျပန်အက္ခရာတွေကိုလည်း ရေးသားနိုင်တယ်လို့ သိရပါတယ်။
ကျွန်တော် တို့မြန်မာနိုင်ငံမှာလည်း
စက်မှုလုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို လွန်ခဲ့တဲ့နှစ်များစွာအတွင်း
အင်ဂျင်နီယာ တစ်ဦးက အောင်အောင်မြင်မြင်တီထွင်နိုင်ခဲ့ဖူးပါတယ်။
အဲဒီမြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။
ဆရာဦးကြည်ကို
၁၉၃၄ခုနှစ်၊ဇွန်လ၊၁ရက်နေ့၊ထားဝယ်မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်စဉ်က
ထားဝယ်မြို့ အထက် တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
ဆယ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ ဆရာဟာ အင်းစိန် စက်မှုလက်မှု သိပ္ပံမှာ
မြို့ပြ အင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။ ဒါပေမယ့်ဆရာဟာ
စက်မှုအင်ဂျင်နီယာဘာသာရက်ကို ပိုစိတ်ဝင် စားခဲ့တယ် လို့ဆိုပါတယ်။
၁၉၅၄ခုနှစ်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ
A.G.T.I(civil)ဒီပလိုမာဘွဲ့ရရှိပြီး အဲဒီကျောင်းမှာပဲ နည်းပြအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်ပိုင်း ဆရာဟာ ကလောစက်မှုလက်မှုသိပ္ပံမှာ
လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန် ကို
နှစ်ရှည်သင်တန်းတက်ရောက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာ
ပညာသင်ယူရင်းနဲ့ ဆရာဟာ စက်ရုပ်တီထွင်ဖို့အကြံရခဲ့တာလို့ ဆိုပါတယ်။
ဆရာဟာ နိုင်ငံခြား ကပြန်လာပြီးတဲ့နောက်
အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ တာဝန်ထမ်းဆောင်ရင်း စက်ရုပ်တီထွင်ဖို့
စလုပ်ပါတယ်။ ဆရာဟာ တပည့်တွေကို စာသင်ကြားပေးရင်းနဲ့
သက်ဆိုင်ရာစာအုပ်စာတမ်းများကို ရှာဖွေလေ့လာ ဖတ်ရှုရင်း တပည့်တွေ အကူအညီနဲ့
အသုံးပြုမယ့် စက်ကိရိယာတွေ ရှာဖွေစုဆောင်းပါတယ်။ အဆင်သင့်ဖြစ်
သွားတဲ့အချိန် ၁၉၈၆ ခုနှစ်ကျောင်းဆင်းချိန်မှာ ဆရာဟာ
ဝါသနာပါတဲ့ကျောင်းသားတွေကို စုစည်းပြီး စက်ရုပ်ကို စတင်တီထွင်
တပ်ဆင်ကြပါတယ်။ စက်ရုပ်အတွက်ကုန်ကျစရိတ်အားလုံးကို ထိုစဉ်က
စက်မှု၊စိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနက စိုက်ထုတ်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ခြောက်လအကြာမှာ ဆရာတို့အဖွဲ့ဟာ စက်ရုပ်တစ်ရုပ်ကို
အောင်မြင်စွာတီထွင်နိုင်ခဲ့ကြပါတယ်။
အဲဒီစက် ရုပ်ဟာ
ကောင်းမွန်စွာထိုင်နိုင်၊ထနိုင်၊လမ်းလျှောက်နိုင်ပြီး
ဆေးမှုတ်တဲ့နေရာမှာလည်း တိကျသေချာ တယ်လို့ဆိုပါတယ်။ ၁၉၈၆ခုနှစ်
ပြည်ထောင်စုပြပွဲမှာ ပြသခဲ့တဲ့အခါ လူကြိုက်အများဆုံးတီထွင်မှုဖြစ်ခဲ့ပါတယ်။
ဆရာဟာ အဲဒီစက်ရုပ်မထွင်ခင်ကတည်းက အလိုအလျောက် ဖွင့်ပိတ် တံခါး၊
နိုင်ငံခြားမှာ ယခုတိုင် သုံးနေကြဆဲ ကော်ဖီရောင်း စက်ကဲ့သို့သော
လက်ဖက်ရည်ရောင်းစက်၊ Remote controlမော်တော်ကားတို့ကိုလည်း
တီထွင်ခဲ့ပြီးဖြစ်ပါ တယ်။ Remote controlဆိုတာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင်
သိပ်မတွင်ကျယ်သေးတဲ့အချိန်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်
အာလူးအကောင်းနဲ့အပုပ်ရွေးတဲ့စက်၊ ဘီစကွတ် အမျိုးအစား အဆိုး အကောင်းရွေးတဲ့
စက်တွေလည်း တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာဆရာဟာ စက်ရုပ်ကို လူတို့ရဲ့
အမိန့်ပေး စကား နာခံနိုင်စေရန် နဲ့ စကားပြန်လည်တုံ့ပြန်ပြောဆိုနိုင်ဖို့
ကြိုးစားခဲ့ပေမယ့် စရိတ်စကကြီးမားခြင်း၊ အားပေး ကူညီမှုနည်း
ပါးခြင်းတို့ကြောင့် လက်လျှော့ ခဲ့ရတယ်လို့ဆိုပါတယ်။
ဆရာရဲ့ပြိုင်ပွဲဝင်စက်ရုပ်ပင်လျှင် ပြိုင်ပွဲမှာပြသဖို့ပဲ ခွင့်ပြုခဲ့တာ
လို့ဆိုပါ တယ်။
ဆရာဟာ ဆက်လက်ပြီး နိုင်ငံ့ တာဝန်များကို
ရာထူးအဆင့်ဆင့် ထမ်းဆောင် ခဲ့ပြီး အောင်ဆန်း စက်မှုလက်မှု သိပ္ပံနှင့်
အထွေထွေပြုပြင်ရေးကျောင်းအုပ်ကြီး အဖြစ်မှ ၁၉၉၄ခုနှစ်မှာ အနားယူခဲ့ပါတယ်။ ဆရာရဲ့
ဘ၀ တစ်လျှောက် မှာ နိုင်ငံခြား တိုင်းပြည်များမှ ကုမ္ပဏီတွေက
အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ကြပေမယ့် ဆရာဟာ လုံးဝထွက် မသွားဘဲ နိုင်ငံအတွက်
ပြည်တွင်းမှာပဲ တပည့်တွေကို ပညာသင်ကြားမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။
အဲဒီအချိန် တုန်းက စက်ရုပ် တီထွင်ဖို့ဆိုတာ တော်တော်ကိုခက်ခဲတဲ့အလုပ်မှန်း
လူတိုင်းသိနိုင်ပေမယ့် ဆရာဦးကြည် ကတော့ အောင်မြင်အောင်
လုပ်ဆောင်ပြသွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ IC(integrated
circuit)တွေကိုတောင် ပေါပေါများများ သိပ်သုံးနိုင်မယ်မထင်ပါဘူး။
Monday, July 16, 2012
ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်
Subscribe to:
Post Comments (Atom)
လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်
-
▼
2012
(141)
-
▼
July
(62)
- နယ်စပ်ဒေသရှိ ကချင်စစ်ပြေးဒုက္ခသည်များ မှီခိုနေရသော ...
- ဦးအောင်သိန်းလင်း၏ တရုတ်သတင်းစာနှင့် အင်တာဗျူး အပေါ်...
- အပျင်းပြေ ဆင်းရဲမှုမြှင့်တင်ရေး
- မလေးရှား ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲ၊ မိုးကြိုးပစ...
- တောင်ကိုရီးယားသမ္မတ၏ အစ်ကိုဖြစ်သူအား လာဘ်စားမှုဖြင့်...
- ချင်းမိုင်၊ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းအ...
- ၂၀၁၂-၁၃ ငါးဖမ်းရာသီတွင် ငါးဖမ်းဧရိယာနှင့် ကာလသတ်မှ...
- လျှပ်စစ် (၁) ၀န်ကြး ဦးဇော်မင်းရဲ့ ကိုယ်ကျိုးရှာမှု...
- လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်...
- သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော...
- ရွှေကြော အန္တရာယ်နဲ့ အခွင့်အလမ်းဆောင်းပါး
- ၂၀၁၂ ခုနှစ်လန်ဒန်အိုလမ်ပစ်အားကစားဖွင် ပြီ
- မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အိမ်ထော...
- တောင်ကို၇ီးယားသမ္မတ ပြည်သူကိုဝန်ချတောင်းပန်
- အိန္ဒိယဒေသခံ အာသံ တိုင်းရင်းသားနဲ့ ဘင်္ဂါလီ မူဆလင်အဓိ...
- နိုင်ငံခြားေ၇ာက်မြန်မာများ သေဆုံးအသတ်ခံ၇ပုံများ
- ပြည်ပမှာမြန်မာတွေ အသက်ကတိ၇စ္ဆာန်တကောင်လိုပါပဲ
- အလေးအနက် စဉ်းစားသင့်သော ရွှေ့ပြောင်းအလုပ်သမားအရေး
- ထိုင်းနိုင်ငံယာယီနိုင်ငံကူး လက်မှတ်နှင့် မြန်မာ အလ...
- တက္ကသိုလ် ကောလိပ် အဆင့် ကျောင်းသား ၉၇၄ ယောက်မှ ငြိမ...
- ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ထိုင်းရှိ NGO အဖွဲ...
- သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်
- တရားမဝင် အလုပ်သမားများ တရားဝင်ရေး ထိုင်း-မြန်မာ သေ...
- ထိုင်း ရေမြုပ်ဒေသမှ ရွှေ့ပြောင်းအလုပ် သမားများ နေရပ...
- ဘလောက်ဂါသမားများတွက်နည်းပညာအပိုင်းစ လေးတွေပါ(ကိုဂေ...
- ၇ိုဟင်ဂျာ ဘင်္ဂါလီအေ၇းတွင်ကျွန်တော် စုမိသမျှ ပုံ...
- ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ...
- "Blood Sugar Politik" အဖွဲ့ အင်္ဂလိပ်အယ်လ်ဘမ်သစ် ဖြန...
- USDP -ပြည်ထောင်စုကြံ့ ခိုင်ဖွံ့ ဖြိုးရေး အားဝေဖန်သ...
- ၂၀၁၂ခုဇူလိုင်၁၉ရက်၆၅နှစ်မြောက်အာဇာနီနေ့ တွင်NLDခေါ...
- အငြင်းပွားရေပိုက်နက် တရုတ်သင်္ဘောတွေ ရောက်လာတာကြောင်...
- တိုင်းရင်းနွယ်ဖွား ဘာသာစကားသိမှတ်ဖွယ်ရာအကြောင်း
- အသက်ရှည်ချင်လျှင်အရင်ဖက်ပါ။
- အခမဲ.ဖုန်းခေါ်လို.၇အောင်ပါ...........။
- နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွ...
- ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပည...
- ဘိန်းဘုရင် လော်စစ်ဟန် ၏ သားတစ်ဦး ကွယ်လွန်
- မူးယစ်မှောင်ခိုသူအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းစစ်တ...
- မြောက်ကိုရီးယား စစ်တပ်အကြီးအကဲ ရာထူးကထွက်
- ရန်ကုန်ခုံးကျော်တံတားလေးစင်း အဆင့်နှစ်ဆင့်ခွဲ၍ တည်...
- ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးဝက်ဘ်ဆိုဒ်...
- Me N Ma Girls အဖွဲ့ ကမ္ဘာ့တေးဂီတ ဈေးကွက်ကို စတင်လှေ...
- ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မည့်သူမျာ...
- ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် မှတ်တမ်းပုံရိပ်များ
- တက္ကသိုလ်နှင့် ကောလိပ်များ ကိုယ်တိုင်စီမံအုပ်ချုပ်ခ...
- ပုဂ္ဂလိကကောလိပ်သစ်နှစ်ခု ဖွင့်လှစ်မည်
- ပြည်ထောင်စုဆိုင်ရာတစ်ပိုင်းတစ်စအမြင်
- မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့ မြန်မာအမျိုးသမီးများတွ...
- ထိုင်းနိုင်ငံသားများအား ဖမ်းဆီးကြောင်းသတင်း
- ဝင်းဒိုး7ရဲ့ နောက်ခံဘက်ဂရောင်း ပုံလေးတွေ ချိန်းတဲ ...
- နာမည်ဆိုးနဲ့ ငွေရလမ်း
- မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား
-ှုအလွန်တ၇ာဆေးဖက်ဝင်သောငှက်ပျောသီး.........
- ပြည်သူ့စစ်အသွင်ပြောင်းရမည့် အစီအစဉ် လက်ခံရေး ဝ' တပ...
- - မြန်မာဟူသော အမည်နာမဖြစ်ပေါ်လာပုံ
- မြန်မာတို.ဘလော.များကိုလက်လှမ်းမှီသလောက်စုစည်းတင်ထာ...
- ဒီသီချင်းကိုကြိုက်လွန်လို.တင်ထားတာပါ
- ကျွန်တော.၇ဲ.အဖြစ်နဲ. အ၇မ်းတူတဲ.သီချင်းလေးပါ
- I.Tဝက်ဘ်ဆိုဒ်ပေါင်းစုံများ
- လောကကြီးကတ၇ားတလား
- အခုပေါ်နေတဲ့global virus သတိပြုကြပါ... ကျွ...
- ပိုတိုရှော့ တ်နဲ့ မီးတောက်နေတဲ့ စာလုံးလုပ်နည်း
-
▼
July
(62)
အဖတ်များသောပို့ စ်များ
-
Freedom News Group(Burma) FNG Exclusive ယခင် စစ်ခေါင်းဆောင် ဗိုလ် ချုပ် မှုး ကြီး သန်းရွှေ ၏ မြေးနေ ရွှေသွေး အောင် ( ခေါ်) ဖိုး လြ...
-
အသံထက် ခြောက်ဆ မြန်သည့် လေယာဉ် ကို စမ်းသပ်မှု မအောင်မြင် by FNG on August 15, 2012 16 0 i မဲပေးပါ...
-
From : Tharthar Thartharlay ယခုပြသနာအစသည်ကားရှေ့ဦးစွာစတင်ခဲ့သည်မှာ ရခိုင်ပြည်နယ်ခွဲထွက်ရေးလိုလားသော အစွန်းရောက်ရခိုင်ပါတီ(RNDP)မှအ၀က...
-
ဂျော်ဒန်နိုင်ငံမှ.......................... တစ်ယောက်သောသူ.အတွက်ပေါ.................... ....................................................
-
ဖရဲသီးအပြာရောင်ထွက်နေပြီ မျိုးဗီဇ ပြု ပြင် ထား တဲ့ ဖရဲ သီး ပြာ စား ကြ အုံးမလား ၊ ဖရဲသီး အရသာ နဲ့ ဗင်နီလာ အနံ ပါ။ မကြာခင် အပြာ ရေ...
-
ကျုံမငေး- မေ(၄) ရက်။ ဧရာဝတီတိုင်း၊ကျုံမငေးမြို့မှာ ၉၆၉ကို ဆဲရေး တိုင်းထွာ စော်ကားမှုတစ်ခု ဖြစ်ပွာခဲ့ပါတယ်။ (၄-၅-၂၀၁၃)ရက်နေ့မွန်းတည့် ...
-
ရုံးခန်းဌားလိုသော သူများအတွက် အဆင်ပြေစေရန်အတွက် တင်ပေးလိုက်ပါတယ်။
-
တို့ဗမာ Dobama သခင်အောင်ဆန်း က "လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ" တဲ့ သခင်အောင်ဆန်း အတွေး၊ သခင်အော...
-
တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရတရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက...
-
မြန်မာအမျိုးသား ၂ ဦး လက်ထပ် မင်္ဂလာဆောင်ကြသတဲ့ ဗျာ ဘယ်လိုဘယ်လူတွေလည်းမသိပါဘူး မိမိလူမျိုးကိုချစ်တာတော့ မှန်ပါတယ်...အား---စိတ်လေတယ်--ကိုယ် ...
No comments:
Post a Comment