Monday, July 16, 2012

ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်မည့်သူများ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်မည်


ဇွန်လ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် ပါဝင်
သရုပ်ဆောင်ရန် လျှောက်ထားသူတစ်ဦးကို တွေ့ဆုံမေးမြန်
းနေစဉ်။
ဓာတ်ပုံ - သီရိလု
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်နေရာအတွက် သရုပ်ဆောင် ရွေးချယ် ပွဲတွေရဲ့ ရလဒ်ကို ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က ပဏာမ ရွေးချယ်ကြေညာခဲ့ပြီး နောက်ဆုံးအဆင့် ရွေးချယ်ပွဲကိုတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အကဲဖြတ်ဒိုင်အဖွဲ့နဲ့အတူ ဇူလိုင်လ ၂၀ ရက်နေ့မှာ ရွေးချယ် ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက် ရေးအဖွဲ့အစည်းအဝေးရဲ့ ဆုံးဖြတ် ချက်အရ ဗိုလ်ချုပ် အောင်ဆန်းနေရာမှာ သရုပ်ဆောင်မယ့် သူတွေ အဖြစ် မောင်ကျောက်ခဲ၊ မောင်ဖြိုးတေဇလင်း၊ မောင်နေဦး (ခ) နန္ဒမိုး၊ မောင်ကျော်ကျော်မျိုး၊ မောင်ဝေလင်းထွန်း၊ မောင်ကျော်ဆန်းဌေးနဲ့ မောင်စိုင်း နော်ခမ်း၊ ဒေါ်ခင်ကြည်နေရာအတွက် မဇာခြည်လင်း၊ မသင်းမြတ်သန္တာလှိုင်၊ မထားထားဝေနဲ့ မနှင်းထက်ထက်ဝေတို့ကို ပဏာမရွေးချယ်ကြေညာခဲ့ ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က နောက်ဆုံးပြိုင်ပွဲ အတွက် ရွေးချယ်မယ်ဆိုတာက သူ့တစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့တော့ မဟုတ်ပါဘူး။ သရုပ် ဆောင်ရွေးချယ်ရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မှာပါ။ ရွေးချယ်မှာကလည်း တစ်ယောက်ထက်ပိုနိုင်သလို ပြိုင်ပွဲဝင် တွေက အရမ်းတော်နေရင် နှစ်ယောက်၊ သုံးယောက်လည်း ဖြစ်နိုင်ပါတယ်" လို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက် ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက ပြောပါတယ်။
ဇူလိုင် ၂၀ ရက်နေ့မှာ ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တွေကို ဇူလိုင်လအတွင်းမှာပဲ သရုပ်ဆောင်စွမ်းရည်အတွက် သီးသန့်သင်တန်း တွေ ပို့ချသွားမှာဖြစ်ပြီး သင်တန်းကာလကတော့ တစ်ဦးချင်းစီရဲ့ ကြိုးစားမှုနဲ့ အရည်အချင်းပေါ်ပဲ မူတည်တယ်လို့ ဦးဇော်သက်ထွေး က ပြောပါတယ်။
"အခု ဇာတ်ညွှန်းပိုင်းကိုလည်း အချိန် မီပြီးနိုင်အောင် ကြိုးစားနေကြပါတယ်။ သရုပ်ဆောင်တွေ လေ့ကျင့်သင်တန်းပြီးရင် ဇာတ်ညွှန်း အတိုင်း ဆက်သရုပ်ဆောင်ကြရမှာဆိုတော့ အချိန်ကိုက် ဖြစ်အောင် ကြိုးပမ်းနေတာပါ။ ၂၀၁၃ ခုနှစ်မှာ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်သလောက်ပါပဲ"လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ