Monday, July 16, 2012

ပုဂ္ဂလိကကောလိပ်သစ်နှစ်ခု ဖွင့်လှစ်မည်

ဗြိတိန်ပညာရေးအဖွဲ့အစည်းများနှင့်   ချိတ်ဆက်ဆောင်ရွက်ထားသည့် ပုဂ္ဂလိကကောလိပ်နှစ်ခု ၂၀၁၂ ဇန်န၀ါရီလတွင် တည်ထောင်ဖွင့်လှစ်သွားမည်ဖြစ်သည်။  MyanmarImperial College  အမည်ပေးထားသော သင်တန်းကျောင်းကို ဇန်န၀ါရီလ ၇ရက်နှင့်   Victoria University College  အမည်ပေးထားသော သင်တန်း ကျောင်းကို ဇန်န၀ါရီလကုန်တွင် စတင်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း   ယင်းသင်တန်းကျောင်းများမှ  သိရသည်။
Myanmar Imperial College သည် ဗြိတိန်ပညာရေး အဖွဲ့ အစည်းများဖြစ်သော  Edexcel  ၊ ABE တို့နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး Higher National Diploma ( HND ) နှင့် စီမံခန့်ခွဲမှုဘာသာရပ်များ  သင်ကြားပို့ချ သွားမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ အနေဖြင့် အခြေခံဖောင်ဒေးရှင်းသင်တန်းမှ စတင်တက်ရောက်ရမည်ဖြစ်ပြီး ၂နှစ်ကြာမြင့်မည့် HND သင်တန်းအတွက် သင်တန်းကြေး ကျပ်သိန်း ၅၀ ပေး သွင်းရမည်ဖြစ်ကြောင်း ယင်းသင်တန်းကျောင်း တည်ထောင်ထားသူကပြောသည်။
Victoria University College  သည် ဗြိတိန်ပညာရေး အဖွဲ့အစည်းဖြစ်သော  Business and Technology Education Council  နှင့် ချိတ်ဆက်ဆောင် ရွက်မည်ဖြစ်ပြီး Higher National Diploma ( HND ) သင်တန်းများကို   ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။ တက္ကသိုလ် ၀င်တန်း အောင်မြင်ထားသူများ အနေဖြင့် အခြေခံဖောင်ဒေးရှင်း သင်တန်းမှ စတင်တက်ရောက် ရမည်ဖြစ်ပြီး ၂နှစ်ခွဲကြာမြင့်မည့်  HND  သင်တန်းအတွက် တစ်လလျှင် သင်တန်းကြေး ကျပ်လေးသိန်းပေးသွင်းရမည်ဖြစ်ကြောင်း ယင်းသင်တန်းကျောင်း တည်ထောင်ထားသူကပြော သည်။
Myanmar Imperial College  သည် အင်းလျားလမ်းတွင် တည်ရှိပြီး  Victoria University College  သည် အထက်ပန်းဆိုးတန်းလမ်းရှိ  MMB Campus တွင် ဖွင့်လှစ်မည်ဖြစ်သည်။ ပြည်တွင်း၌ ချင်းတွင်းကောလိပ်၊ မြန်မာနိုဘယ်ကောလိပ်တို့ကို ဖွင့်လှစ်ထားပြီးဖြစ်ကာ   မန္တလေးမြို့တွင်  Mandalay International College  ကိုလည်း ဖွင့်လှစ်ရန် စီစဉ်နေခြင်းကြောင့် ကောလိပ် အမည်နှင့် ဖွင့်လှစ်မည့်သင်တန်းကျောင်းမှာ ငါးကျောင်းထိရှိလာပြီ ဖြစ်သည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ