Tuesday, July 10, 2012

အခုပေါ်နေတဲ့global virus သတိပြုကြပါ... ကျွန်တော် အကိုကြီး ကိုဂေါ်လီhttp://mixgawli.blogspot.comမှကူးယူတင်ပြထားတာပါ

အင်တာနက်ချိတ်ဆက်မရအောင် တိုက်ခိုက်မယ့်ဗိုင်းရပ်စ်

သတိပေးချက်ထုတ်ပြန်ချက် နှင့် ကာကွယ်ရန် တစ်ခုမှာ.....

 

ကွန်ပျူတာတွေကို တိုက်ခိုက်ခဲ့ပြီးတော့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့ခဲ့တဲ့ global virus တမျိုးကို ကွန်ပျူတာ ပိုင်ရှင်တွေ အနေနဲ့ ချက်ချင်းလက်ငင်း စစ်ဆေးမှုတွေ မလုပ်ဘူးဆိုရင် ဒီနေ့ တနင်္လာနေ့ ကွန်ပျူတာ ဖွင့်တဲ့အခါ ထောင်နဲ့ချီတဲ့ ကွန်ပျူတာ သုံးသူတွေ အံ့အားသင့်စရာ တွေ့ကြရမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အရှေ့ဥရောပက ကွန်ပျူတာစနစ် ဖျက်ဆီးတဲ့ ဟက်ကာတွေက ကွန်ပျူတာ သုံးသူတွေ အင်တာနက် မသုံးနိုင်အောင် အဲဒီဗိုင်းရပ်စ်ကို တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုရှိနိုင်တဲ့ ကွန်ပျူတာ သုံးစွဲသူတွေကို facebook လူမှုကွန်ယက်နဲ့ google တို့က သတိပေးထားပါတယ်။ ကွန်ပျူတာတွေကို ထိုးဖောက်ဖျက်ဆီးသူ ဟက်ကာတွေက မနှစ်က ကွန်ပျူတာ သုံးစွဲသူ ခြောက်သိန်းနီးပါးကို အွန်လိုင်းကြော်ငြာ တွေ သုံးပြီးတော့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူ ထိန်းချုပ်ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဋ္ဌာနFBI ရဲ့ယာယီပြင်ဆင်မှုကို တနင်္လာနေ့ UTC စံတော်ချိန် ၀၄း၀၁ အချိန်မှာ ပိတ်လိုက်ပြီဖြစ်ပါတယ်။ ကွန်ပျူတာ သုံးသူတွေအနေနဲ့ သူတို့ ကွန်ပျူတာတွေ တိုက်ခိုက်ခံရမှု ရှိမရှိ ဘယ်လို ပြန်ပြီးတော့ ပြင်ရမယ် ဆိုတာကို FBI ရဲ့ဝက်စာမျက်နှာ www.dcwg.org မှာ ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။
 
အထက်ပါ သတိပေး ကြားသိရသလို မိမိဘက်ကနေ ကာကွယ်ရန်မှာ...
လတ်တစ်လော မိမိနှင့် မရင်းနှီးသော ဖေ့ စ်ဘုတ် များ မန်ဘာလုပ်ခြင်း ခနရပ်တံ့ ထားပါ မိမိထံရှယ်ယာ
လုပ်သော အော်တိုလာချိတ်ဆက်ပြီး အမည်မသိ မန်ဘာများလက်မခံပါနှင့်  အပြာရောင် ဘလူးအောကား
ဒေါင်းလုပ် မယူပါနှင့်  မိမိထံပိုတိုရှယ်ယာများ မေးဝင်လာယင် ဒလိလုပ်ပြစ်ပါ။ လာသမျှ အဝင်မေးလ်မှန်
သမျှကို ဗိုင်းယက်စ် အယင်သတ်ပြီးမှ ဖွင့် ပါ ၊ဂျီတော လ်ချက်တင် တွင်ဘာမှ ပြသနာမရှိပါဘူး ။
မိန်းခလေးကို လုံးပေါ် ပုံများအား မောက်နှင့် မတို့ ထိပါနှင့် ။
သင့်အတွက် ကံစမ်းမဲများ ဝက်ဘ်ဆိုဒ်တွင် ကြည့် ရုံသာကြည့် ပြီး မေးလ်အကောင့် နှင့်  ပါတ်စ်ဝှက်ပေးပြီးမဝင်ပါနှင့်  ။အင်တာနက်ပေါ်မှ ဖရီးဆော့ဖ် ဝဲလ်များ ၊အော်တို ဝင်းဒိုး Up Date များ မလုပ်ပါနှင့် ။မိမိကွန်ပျူတာထဲ တွင်သိမ်းထားသော မိမိကိုယ်ရေးရာ ဒေတာအချက်လက်များ Memoery Stick ထဲသို့ ရွှေ့ ပြောင်းသိမ်းထားပါ၊
အကယ်၍ မိမိစက်သည် ဝင်းဒိုးအတု တင်ထားပါက ပိုဂရုစိုက်ပြီး မိမိတင်ထားသော Anti Virus ဖရီးပဲ ဖြစ်ဖြစ်
ပိုက်ဆံနှင့် ဝယ်တင်ထားသည် ဖြစ်ဖြစ် နေ့ စဉ်ပုံမှန် Up Date လုပ်ပေးပါ..Internet သုံးနေစဉ် Cookies ကို
၅နာ၇ီ တစ်ကြိမ် ရှင်းထုတ်ပြစ်ပါ ။နည်းမသိပါက ဂေါ်လီဘလောက် တစ်နေရာမှာတင်ထားပါတယ် ရှာဖွေပြီး
လေ့ လာအသုံးချပါ ၊နာမည်ကြီး ဝက်ဆိုက် ဘလောက်ဂါများလည်းသတိပြုပါ....
မိမိတစ်ချိန်က အွန်လိုင်ပေါ်တွင် ဖရီးဒေါင်းလုပ်ယူထားသော ဆော့ ဖ်ဝဲများ သုံးပါက အင်တာနက် ခေတ္တ
ပိတ်ပြီးသုံးပါ....ကိုကြီး.ဂေါ်လီသိသမျှ တွေ့ ကြုံခံ ခဲ့ သမျှတွေ ပူးတွဲတင်ပြလိုက်ပါတယ်။
နိုင်ငံခြားရောက်နေသော မြန်မာနိုင်ငံသားများ ကွန်ပျူတာတစ်လုံးကို လွှယ်ကူစွာ ဝယ်သုံးနိုင်ပေမဲ့ 
မြန်မာပြည်မှာ ကိုယ်ပိုင်ကွန်ပျုတာ တစ်လုံးပိုင်ဆိုင်ဘို့ ဆိုတာ ။တိုင်းပြည် အနေထားနဲ့  ကိုယ်ပိုင်၇ရှိတဲ့ 
ဝင်ငွေနဲ့  သာမာန်လူအဖို့ တော်တော်ကြီး ခက်ခဲပါတယ်၊ ဘာပဲဖြစ်ဖြစ် မိမိကိုယ်ပိုင် ပစ္စည်းကလေးကို
သတ်မှတ်တဲ့ နည်းစနစ်တစ်ကျနဲ့ အဖက်ဖက်ကနေ ဂရုစိုက်ယင် တာရှည်ခံပါတယ်။
နောက်တစ်ခု လေ့လာမိသမျှကတော့ ကွန်ပျုတာတစ်လုံးဟာ နေ့ စဉ်နဲ့ အမျှ သုံးစွဲယင် ၃နှစ်ကျော်လာပါ
အတွင်းမှ စီမီးကွန်ဒက်တာ Semiconductor  လျှပ်ကူးပစ္စည်းမျှား အရည်သွေးကျဆင်းလာပြီး နည်းမျိုးစုံနဲ့ 
ကွန်ပျုတာ စတင်ချို့ ယွင်းတပ်သည်ဟု သတိပြုပါ၊

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ