Monday, July 16, 2012

ဘိန်းဘုရင် လော်စစ်ဟန် ၏ သားတစ်ဦး ကွယ်လွန်

FNG        
Asia World လုပ်ငန်းစုကြီး ၏ မန်နေဂျင်း ဒါရိုက်တာ တစ်ယောက် ဖြစ်သည့် လော်စစ်ဟန် ၏
သား ဖြစ်သူ Eric Law ခေါ် ဦးအောင် နိုင် ခေါ် လော်ပင် စင်း သည်  အင်္ဂါနေ့ က ၀ိတိုရိယ ဆေး
ရုံ ကြီး တွင် ကွယ်လွန် အနိစ္စ ရောက် သွား သည် ဟု FNG မှ သတင်း ရရှိသည်။

လော်ပင်စင်း သည် Asia World လုပ်ငန်း စု တွင် အရေး ပါသူ တစ်ဦး ဖြစ်သည် စတီဗင် လော
ခေါ် ဦးထွန်း မြင့် နိုင်  ခေါ် စတီဗင် လော် ၏ အကို ဖြစ်သည်။

ဦး အောင်နိုင် ခေါ် Eric Law သည် ကွယ်လွန် ချိန် တွင် အသက် ၅၈ နှစ် ရှိ ပြီ ဖြစ်သည်။
လော်ပင်စင်း သည် Yangon Airways  လေကြောင်း လိုင်း နှင့် Asia Express လုပ်ငန်း
များ ကို ဦးစီး ကွပ် ကဲ ရ သူ တစ်ဦး ဖြစ်သည်။ ၎င်းသည် မတ်လ က လေယာဉ်မှုးဟောင်း
တစ်ဦး ဖြစ်သူ ဦးမိုက်ကယ်မိုးမြင့် အိမ် ဉ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည် အား မတ်လ အတွင်း က တွေ့ ဆုံ ခဲ့ သည် ဟု သိရသည်။


 ဘိန်းဘုရင် အိုကြီး ၏ နောက်ဆုံး နေ့ များ
 
တင်ကျော်ကျော်စိုး ၊          ၊မြန်မာ ပြည်သူ လူထု
တစ်ရပ် လုံးက နိုင်ငံရေး အပြောင်း အလဲ ကို အာရုံ
စိုက်နေ ချိန် တွင် နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေး
အင်ပါယာ နှစ် ခု ၏ အရှင် သခင် နှစ်ဦး ၏ တိုက်ပွဲ များ
က ပြင်းထန်လွန်းလှ သည် ဟု ရန်ကုန် မြို့ မှာ နာမည်
ကျော် ခရီးသွား ဧဂျင်စီ တစ်ခု ၏ အကြီးအကဲ တစ်ဦး
ဖြစ်သူက FreedomNews Group သို့ ပြောသည်။
ဦးတေဇ ဟု လူသည့် များသည် စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ သမက် သည် လော်စစ်ဟန်
ဟု လူသည့်များ သည့် ဘိန်း ဘုရင် အို ကြီး
၏ စီးပွားရေး  အင်ပါယာ ကို
အလုံး အရင်း ဖြစ် နယ်ချဲ့ နေသည်မှာ ယမ်းငွေ့ မထွက် သော မြို့ပြ စစ်ပွဲ တစ်ခု ပင် ဖြစ်သည်။

ရန်ကုန် မြို့ သံလျှင် ရှိ သီလ၀ါ ကုန်သေတ္တာ ဆိပ်ကမ်း၊ကမ်းလွန် ရေနံ လုပ်ကွက် တစ်ချို့ ၊ Asia World
ဆောက်လုပ်ရေး ၊ ကြယ်ငါးပွင့် ဟိုတယ်များ ၊ ခရီးသွားလာရေး လုပ်ငန်း နှင့် ရန်ကုန် လေကြောင်းလိုင်း အပြင်
အခြား လူသိသိပ် မများ သေးသည့် စီးပွားရေ လုပ်ငန်း များ ကို ပိုင် ဆိုင်သည့် လော်စစ်ဟန် နှင့်
သားဖြစ်သူ စတီဗင် လော် တို့ ၏ စီးပွား ရေး လုပ်ငန်းများ မှာ ဗိုလ်ချုပ်မှုးကြီး တို့ မိသားစု ၏ မျက်စေ့ကျ ခြင်း ကို ခံနေရပြီ
ဖြစ်သည်။

လော်စစ်ဟန် ရော ဦးတေဇ နှစ်ဦး စလုံး ပါ ၎င်း တို့ ပိုင်ဆိုင် ထားသည့် ဓန ဥစ္စာများ သည် တရား မ၀င်သလို
၎င်းတို့ နှစ်ဦး စလုံး၏ စီးပွားရေး လုပ်ငန်းများမှာ လည်း အနောက် နိုင်ငံများ က ဓာတ်ခတ် ပိတ် ဆို့ ထားမှု ခံရသည်။

တူညီသည် မှာ ၎င်းတို့ နှစ်ဦး စလုံး  ၏ စီးပွားရေး လည်ပတ် ရှင်သန် ရာအတွက် ငွေမည်းမှ ငွေဖြူ အဖြစ်
ခ၀ါ ချမှု သည် စင်္ကာပူ ဘဏ် များ မှ တစ်ဆင့် လုပ်ခြင်း ဖြစ်ပြီး နိုင်ငံတကာငွေ ပေးငွေ ယူရှင်းတမ်းများ
မှာ လည်း အဆိုပါ ဘဏ်များ မှ ပင် စီစဉ်ပေးခြင်း ဖြစ်သည်။

ထိုသို့ ဒဏ်ခတ် ထားပါလျှက် ချင်း အတူ အနောက်နိုင်ငံနှင့် ဥရောပ တိုက် သားများက Air Bagan ကို မရွေးချယ်
ပဲ Yangon Airways ကိုရွေးချယ် ခြင်းသည်  ဗိုလ်ချုပ်မှုး ကြီး၏ သမက်တော် အတွက် မျက်စေ့ စပါးမွေး ဆူး
စရာ ဖြစ်လာသည် မှာ ဧကန် မလွဲ ပင် …

Asia World လုပ်ငန်းစုကြီး ၏ မန်နေဂျင်း ဒါရိုက်တာ တစ်ယောက် ဖြစ်သည့် လော်စစ်ဟန် ၏
သား ဖြစ်သူ စတီဗင်လော မှာ ရှမ်း အရှေ့ မြောက်မှာ မြန်မာ စစ်အစိုးရ အားထောင်ထား ခြားနားနေသူ များ အား စာနာ
မှုရရှိသည် ဟု သတင်းများ ထွက်ပေါ်ပြီး နောက် ဘိန်းဘုရင် အိုကြီး တို့ သားအဖ မှာ နည်းမျိုးစုံဖြင့် ဖိအားပေး
ခံနေရသည် ဟု FNG  ၏ စုံစမ်း မှုများ မှ သိရှိရသည်။ထို့ ပြင် အနှီ ဘိန်း ဘုရင် အို ကြီးသည် ၂၀၀၄ ခုနှစ်က
ရာထူးမှာ ဖယ်ရှား ခံရသည့် စစ်ထောက်လှမ်းရေး ဟောင်း များ ကို လည်း အကြင်နာ ပိုသေးသည် ဟု
သိရသည်။ ဤသည် မှာ ဖြစ်နိုင် သည့် သာဓက တစ်ခု မှာ စစ်ထောက်လှမ်း ရေး အကြီး အကဲ ဟောင်း
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၀ရမ်းပြေး လော်စစ်ဟန် ဘ၀ ကို ပြည်ဖုံးကား ချပြီး ရန်ကုန် တွင်
လူတစ်ဦး သူ တစ်လုံး ဖြစ် စေခဲ့သည် မဟုတ်ပါလား။

နိုင်ငံတကာ အတွေ့ အကြုံ ရှိသောထို စီးပွားရေး လုပ်ငန်းရှင် နှစ်ဦးမှာ အနာဂတ် တွင် သပိတ်ဝင်
အိတ်ဝင် ဖြစ်မည့် လေကြောင်း ပို့ ဆောင်ရေး နယ်ပယ် တွင် ပိုပြီး ပြိုင်ဆိုင် မှု ပြင်းထန်လာသည် မှာ  နိုင်ငံခြားခရီး
သွားများ မြန်မာ နိုင်ငံ သို့ ပိုမို လည် ပတ်လာချိန် တွင် ဖြစ်သည် ဟု မန္တလေး မြို့ မှ ခရီးသွားလာရေး ဧဂျင်
စီ တစ်ခု မှ ဒါရိုက်တာ တစ်ဦး ကပြောသည်။

“မြန်မာ နိုင်ငံ ကို ကမ္ဘာ လှည့် တွေ ပိုလာတော့ မယ်။ ဒီဈေး ကွက် ကို Air Bagan က လက်ဝါးကြီး
အုပ်ထားချင်တယ်။ Air Bagan က သူ့ နောက် မှာ ဗိုလ်ချုပ်မှုးကြီး တို့ မိသားစု ရှိတော့ Yangon Airway
က ဘာပြန် လုပ် နိုင်မှာ လဲ ဟု သူကပြောသည်။

ရန်ကုန်မြို့ ရှိ နိုင်ငံတကာ ငွေကြေး ဈေးကွက် တွင် နာမည် ကြီးပြီး ဟန်းဆက်  မော်ဒယ် နိမ့် ကလေး တစ်လုံးဖြင့်
တစ်နေ့ သိန်းရာချီ မြတ်နေ သူ တစ်ဦးက “နအဖ က ပြောပြီး သားလေး စီးပွား ရေး လုပ်ငန်းများ တိုင်းရင်း
သား တွေ လက်ဝယ်ရောက်ရေး ဆိုတာ လော်စစ်ဟန် က တိုင်းရင်းသား မှ မဟုတ်တာ တရုတ် စစ်စစ်ကြီး
ဟု ဆိုသည်။

မြန်မာ စစ်ထောက်လှမ်းရေး အရာရှိ ဟောင်း တစ် ကမူ “စစ်တပ် က အလို ကြီးထွား လာမယ့် ကိစ္စတွေ
သူတို့ ကို ပခုံးချင်းယှဉ် မယ့် ကိစ္စတွေ ဆို ဘယ်တော့ မှ အလှ ကြည့်နေတာ မဟုတ် ဘူး” ဟု သူ၏
အတွေ့ အကြုံ နှင့် ယှဉ် ၍ ပြောပြသည်။

မည်သို့ ပင် ဆိုစေကာမူ ခရီးသွားရာသီ ဖြစ်သည့် အတွက် Yangon Airways ရပ်တန့် ခြင်းမှာ သတင်း
ကောင်း တစ်ခု တော့ မဟုတ်ချေ။ မြန်မာ နိုင်ငံ သို့ လာရောက်လည် ပတ်သည့် ခရီးသွား အများစုမှာ
ဒေသတွင်း နိုင်ငံ များ သို့ ပါ တစ်ဆက်စပ်တည်း သွားရောက် လည်ပတ် သူများ ဖြစ်သောကြောင့်
Yangon Airways ခရီးစဉ် ရပ်တန့် ခြင်းသည် နိုင်ငံ ၏ အရှိန် ရလာခါစ ကမ္ဘာ လှည့် ခရီးသွား လုပ်ငန်း
ကို ပါ နစ် နေစနိုင်သည်။

ရန်ကုန် မြို့ ရှိ Travel & Tours ဧဂျင်စီ တစ်ခု မှ တာဝန်ရှိ သူ တစ်ဦးက ခရီးသွားအေ့ဂျင်စီတွေ နိုင်ငံခြားသားဧည့်သည်တွေအတွက်ဒီဇင်ဘာလမှာကြိုတင်စီစဉ်ထားတဲ့ပြည်တွင်းလေကြောင်း
လိုင်းခရီးစဉ်အတွက် တိုးအော်ပရေတာတွေ အသဲအသန် လုပ်နေရတယ် ဟု ပြောသည်။

Freedom News Group မှ စုံစမ်း သိရှိ ရသည် မှာ Asia World လုပ်ငန်းစုကြီး ၏ ရင်းနှီးမြုပ်နှံမှု များ ကို
မျက်စေ့ ကျနေသည် မှာ ဦးတေဇ တစ်ယောက် တော့ မဟုတ်ပဲ စစ်တပ် ၏ စီးပွားရေး ဦးပိုင် နှင့်
Max Myanmar Zaw Zaw တို့ လည်း ပါဝင်သည်။ Asia World ဆိပ်ကမ်း နှင့် အနီး အနား တွင်
ထူး ၊ Max Myanmar နှင့် စီးပွားရေး ဦးပိုင် တို့ က မြေကွက် များ ထပ်မံ ယူထားပြီး Asia World
နှင့် အပြိုင် သီလ၀ါသင်္ဘောဆိပ်များ ၊ Container Plant များ ထပ်မံ ဖောက်လုပ်နေကြခြင်းသည်
ခောတ်ပျက် သူဌေး သစ်ကလေးများက၊ စိန်စီထား သော ရွှေ သေနတ် နှစ် လက် ကို မော်တော်ကား
ထဲတွင် တစ်လက် ခေါင်းအုံး အောက်တွင် တစ်လက် အဆင်သင့် ဆောင်ထားလေ့ရှိသည့်
ဘိန်းဘုရင် အိုကြီး ကို စီးပွားရေးအံတု ခြင်း ပင် ဖြစ်သည်။

ထူး ထရေး ဒင်း မှ အကြီးတန်း အရာ ရှိ တစ်ဦး က FNG သို့ ပြောရာတွင် သူ၏ သူဌေးသည် “ယောက္ခမတော်
ကြီး ဘ၀ တစ်ပါး မပြောင်း ခင် သူ နှင့် အဓိက စီးပွား ပြိုင် ဘက် ဖြစ်နေသည့် ဘိန်းဘုရင် အိုကြီး ကို
တတိယ တန်း စီးပွားရေး ကလပ် တစ်ခု သို့ တန်းဆင်း ကစား သွားသည် မြင်ချင် နေပုံရသည်မှာ
အသေအချာ ပင် ဖြစ်သည်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ