Tuesday, July 17, 2012

တိုင်းရင်းနွယ်ဖွား ဘာသာစကားသိမှတ်ဖွယ်ရာအကြောင်း



ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ တိုင်းရင်းသား မျိုးနွယ်စု ဘယ်နှစ်မျိုးရှိလဲလို့ မေးလာခဲ့ရင် လက်ရှိ လူဝင်မှုကြီးကြပ်ရေးက စာရင်းအရ (၁၃၅) မျိုး ရှိပါတယ်ခင်ဗျလို့ ဖြေရမှာပါပဲ။ ဒါပေမဲ့ ဒါမဟုတ်ဘူး အစိုးရက သက်သက် ဝါဒဖြန့်တာ တမင်များအောင် လုပ်ထားတာလို့ ဆိုသလို၊ မဟုတ်သေးဘူး ဒီထဲမှာ မပါသေးတဲ့ မျိုးနွယ်စုတွေ ရှိသေးတယ်လို့ ပြောကြ သူတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲ မျိုးနွယ်စုတွေ ကွဲပြားပေမယ့် ဘာသာဗေဒအားဖြင့် ခွဲခြားကြည့်မယ် ဆိုရင်တော့ အဓိကအုပ်စုကြီး (၃) ခုဖြစ်တဲ့ Sino-Tibetan, Austro-Asiatic နဲ့ Tai-Kadai ကနေ ဆင်းသက်လာတဲ့ တိဘက်-မြန်မာ၊ မွန်-ခမာနဲ့ ထိုင်း-တရုတ် အုပ်စု (၃) ခုကိုသာ တွေ့ရမှာပါ။


 ပင်မမျိုးနွယ်ဖြစ်တဲ့ Sino-Tibetan အုပ်စုကြီးမှာ Chinese နဲ့ Tibeto-Burman ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု ထပ်ကွဲပါတယ်။ Chinese အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခု ရှိပြီး Tibeto-Burman အုပ်စုမှာ မျိုးနွယ်စုပေါင်း (၄၃၅) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Tibeto-Burman အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -

(၁) အခါ၊ (၂) သက၊် (၃) ဂျိန်းဖော၊ (၄) ထမံ၊ (၅) ကဒူး၊ (၆) တဆီနာဂ၊ (၇) ပအို့၊ (၈) ပိုးကရင်၊ (ဖလုံစဝေါ်)၊ (၉) ပိုးကရင် (ဖလုံ)၊ (၁၀) ထရု၊ (၁၁) ပဒေါင်၊ (၁၂) ဘွဲကရင်၊ (၁၃) ဂေခို၊ (၁၄) ဂေဘား၊ (၁၅) ပရဲ၊ (၁၆) မနုမနော၊ (၁၇) ယင်းဘော်၊ (၁၈) ယင်းတလဲ၊ (၁၉) ကယား (အရှေ့)၊ (၂၀) ကယား (အနောက်)၊ (၂၁) မိုပွာကယား၊ (၂၂) စကောကရင်၊ (၂၃) ဝဲဝေါ်၊ (၂၄) ဇယိမ်း၊ (၂၅) ဟားခါးချင်း၊ (၂၆) ငေါန်ချင်း၊ (၂၇) ဆင်ထန်ချင်း၊ (၂၈) တောရ်ချင်း၊ (၂၉) ဇိုထုံးချင်း၊ (၃၀) ဇိုင်ဖေချင်း၊ (၃၁) ဖလမ်းချင်း၊ (၃၂) စီရင်းချင်း၊ (၃၃) တီးတိန်ချင်း၊ (၃၄) ရန်ခိုလ်ချင်း၊ (၃၅) ပူရာမ်ချင်း၊ (၃၆) ရာလ်တဲချင်း၊ (၃၇) ရိုလ်တဲချင်း၊ (၃၈) ဇိုမီးချင်း၊ (၃၉) ခွာမီးချင်း၊ (၄၀) ခူမီးချင်း၊ (၄၁) အရှိုချင်း၊ (၄၂) ဘွာလ်ခေါချင်း၊ (၄၃) ချင်းဘုံ (ချင်းတွင်းချင်း)၊ (၄၄) ဒိုင်ချင်း၊ (၄၅) မြိုချင်း၊ (၄၆) မွင်းချင်း (မင်းတပ်ချင်း)၊ (၄၇) ငလ (မတုချင်း)၊ (၄၈) ဝဲလောင်ချင်း၊ (၄၉) လိုင်နောင်နာဂ၊ (၅၀) လောင်ဖုရိနာဂ၊ (၅၁) မချမ်းနာဂ၊ (၅၂) ပရနာဂ၊ (၅၃) ဖုန်၊ (၅၄) လရှိ (လချိတ်)၊ (၅၅) မရု (လော်ဂေါ်)၊ (၅၆) ဗမာ၊ (၅၇) ချောင်းသား၊ (၅၈) အင်းသား၊ (၅၉) ရခိုင်၊ (၆၀) တောင်ရိုး၊ (၆၁) ထားဝယ်၊ (၆၂) ရမ်းဗြဲ၊ (၆၃) ဆန်ဆု၊ (၆၄) ဖျင်၊ (၆၅) လော်ပန်၊ (၆၆) လော်ပိ၊ (၆၇) လာမာ၊ (၆၈) နော်ရာ၊ (၆၉) နူး၊ (၇၀) ရဝမ်၊ (၇၁) အနု၊ (၇၂) လွိုင်၊ (၇၃) ပလု၊ တို့ဖြစ်ကြပါတယ်။


ဒုတိယ ပင်မမျိုးနွယ်ဖြစ်တဲ့ Austro-Asiatic အုပ်စုကြီးမှာ Munda နဲ့ Mon-Khamar ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု ထပ်ကွဲပါတယ်။ Munda အုပ်စုမှာ မျိုးနွယ်စုပေါင်း (၂၂) ခု ရှိပြီး Mon-Khmer အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄၇) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Mon-Khmer အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -
(၁) မွန်၊ (၂) ဆမ်တောင်း၊ (၃) တိုင်းလွိုင်၊ (၄) ဝ၊ (၅) ဓနော၊ (၆) ရူချင်းပလောင်၊ (၇) ရူမိုင်ပလောင်၊ (၈) ရွှေပလောင် (တအန်း)၊ (၉) ယင်းနက်၊ (၁၀) ယင်းကျား၊ တို့ဖြစ်ကြပါတယ်။

တတိယ ပင်မမျိုးနွယ်ဖြစ်တဲ့ Tai-Kadai အုပ်စုကြီးမှာ Hlai, Kadai နဲ့ Kam-Tai ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၃) ခု ထပ်ကွဲပါတယ်။ 

   
  Hlai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၂) ခု ရှိပြီး Kadai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခုနဲ့ Kam-Tai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၇၆) ခု ရှိပါတယ်။
မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Kam-Tai အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -
(၁) ခမ်းတီးရှမ်း၊ (၂) ဂုံရှမ်း၊ (၃) ရှမ်း၊ တို့ဖြစ်ကြပါတယ်။
အထက်က စာရင်းမှာ မပါဘဲ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတဲ့ ကိုးကန့်ကတော့ ပထမအုပ်စုကြီး ဖြစ်တဲ့ Sino-Tibetan အုပ်စုဝင် Chinese မျိုးနွယ် အုပ်စုမှာ ပါဝင်ပါတယ်။


ပထမ၊ ဒုတိယ၊ တတိယ အုပ်စု (၃) ခုလုံးမှာ မပါဘဲ လက်ရှိ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထား တာကတော့ မော်ကင်းခေါ် ဆလုံမျိုးနွယ်စု ဖြစ်ပါတယ်။
ဆလုံဟာ Astronesian ပင်မမျိုးနွယ်စုကြီးရဲ့ Malayo-Polynesian မျိုးနွယ်စုမှာပါပါတယ်။

ဖေါ်ပြခဲ့တဲ့ မျိုးနွယ်စုတွေဟာ မျိုးနွယ်စုအမည်နဲ့ ပတ်သက်ပြီး ကွဲလွဲမှုရှိနိုင်ပါတယ်။
မျိုးနွယ်စု တစ်ခုမှာ အခြားနာမည်ကွဲများလည်း ရှိပါသေးတယ်။
အထက်ပါ မျိုးနွယ်စုအားလုံးဟာ လက်ရှိ ဘာသာဗေဒ စံသတ်မှတ်ချက်ဖြစ်တဲ့ ISO 639-3 အရ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မျိုးနွယ်စုနာမည်များသာ ဖြစ်ပါတယ်။
အကယ်၍ ကျန်ခဲ့ရင်လည်း ကျန်ခဲ့တဲ့ မျိုးနွယ်စုဟာ အထက်က အုပ်စုကြီး (၃) ခု အတွင်းမှာသာ ဖြစ်မှာဖြစ်ပါတယ်။

ISO Code ဆိုတာကတော့ လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ မျိုးနွယ်စုပေါင်း ခြောက်ထောင် ကိုးရာကျော်ကို ဘာသာစကားအလိုက် အက္ခရာသုံးလုံးနဲ့ စနစ်တကျ ခွဲခြားထားတဲ့ စံသတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ တိုင်းရင်းဘာသာစကား အချို့ကို ဖော်ပြရမယ်ဆိုရင် ဗမာ (ISO 639-3 : mya)၊ ဟားခါးချင်း (ISO 639-3 : cnh)၊ ဂျိန်းဖော (ISO 639-3 : kac)၊ မွန် (ISO 639-3 : mnw)၊ ရခိုင် (ISO 639-3 : rki)၊ ရှမ်း (ISO 639-3 : shn) စသည်ဖြင့် ဖြစ်ပါတယ်။


ပထမ၊ ဒုတိယ၊ တတိယ အုပ်စုကြီး (၃) ခုမှာလည်းမပါ၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ် မပြုပေမဲ့ ဘာသာစကားရဲ့ မူလရင်းမြစ်ဟာ မြန်မာနိုင်ငံပါလို့ ဖော်ပြထားပြီး ISO အသိအမှတ်ပြုခြင်းကို လိမ်လည် ရယူထားတဲ့ ဘာသာစကား တစ်ခုကိုလည်း ဆက်ပြီး ပြောချင်ပါသေးတယ်။ အဲဒါကတော့ ရိုဟင်ဂျာလို့ အမည်ခံယူထားတဲ့ စစ်တကောင်းဘင်္ဂလီ ဖြစ်ပါတယ်။

   
 စစ်တကောင်းဘင်္ဂလီဟာ အင်ဒို-ယူရိုပီယန် ပင်မအုပ်စုကြီးက ဆင်းသက်လာတဲ့ အင်ဒို-အာရီရန် အုပ်စုဝင် ဘင်္ဂလီ-အာသံ မျိုးနွယ်စုဝင် ဖြစ်ပါတယ်။
ဘင်္ဂလီ-အာသံ မျိုးနွယ်စုမှာ ၂၀၀၇ ခုနှစ်အထိ လူမျိုးစု (၁၈) ခု ရှိပါတယ်။

အဲဒါတွေကတော့ (၁) အာသံ၊ (၂) ဘင်္ဂလီ၊ (၃) ဘစ်ရှ်နုပရီယာ၊ (၄) ချက္ကမ၊ (၅) စစ်တကောင်း၊ (၆) ဟာဂျောင်း၊ (၇) ဟာလ်ဘီ၊ (၈) ကရော့၊ (၉) ခါရိယာ၊ (၁၀) ကာမူကာ၊ (၁၁) လော့ဟိ၊ (၁၂) မာလ်ပဟာရိယာ၊ (၁၃) မီအာဂန်၊ (၁၄) နာဟရိ၊ (၁၅) ရာ့ဂ်ျဘန်ရှိ၊ (၁၆) ရန်ပုရိ၊ (၁၇) ဆေလ်ဟေတီ၊ (၁၈) တန်ချန်ရာ တို့ဖြစ်ပါတယ်။


စစ်တကောင်းဘင်္ဂလီရဲ့ မျိုးနွယ်စု ဆင်းသက်ပုံကို ပြရရင် -
Indo-European_Indo-Iranian_Indo-Aryan_ Eastern zone_Bengali Assamese_Chittagonian ဖြစ်ပါတယ်။
စစ်တကောင်းဘင်္ဂလီရဲ့ ISO Code ဟာ (ISO 639-3 : cit) ဖြစ်ပါတယ်။
ဒါဟာ ၂၀၀၇ ခုနှစ် မတိုင်ခင်က ဖြစ်ပါတယ်။

ဒီ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ ဘင်္ဂလီ-အာသံ မျိုးနွယ်စုဟာ လူမျိုးစု တစ်စုထပ်တိုးပြီး (၁၉) ခု ဖြစ်သွား ပါတော့တယ်။
ဖြစ်ရပုံကတော့ ရှိရင်းစွဲ ဘင်္ဂလီစစ်တကောင်း လူမျိုးစုကနေ စစ်တကောင်းနဲ့ ရိုဟင်ဂျာဆိုပြီး လူမျိုးစုနှစ်စုကို မွေးထုတ်လိုက်တာပါပဲ။

ISO 639-3 : cit ကိုပယ်ဖျက်ပြီး အဲဒီနေရာမှာ ISO 639-3 : ctg နဲ့ ISO 639-3 : rhg ဆိုပြီး ဖန်တီးလိုက်ပါ တော့တယ်။
ယခင် စစ်တကောင်းဘင်္ဂလီရဲ့ မူရင်းဒေသဟာ ဘင်္ဂလားဒေရှ့် ဖြစ်ပေမဲ့ အခုတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုပြီး နယ်ပယ်ချဲ့ထွင် လိုက်ပါတော့တယ်။

ဒီလောက်ဆိုရင်တော့ အခြေအနေမှန်ကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။
ဘာသာရေး၊ လူမျိုးရေး၊ လူ့အခွင့်အရေး အယောင်ပြပြီး စနစ်တကျနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ နယ်မြေကျူးကျော်မှုကို မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားမှန်ရင် နားလည် သဘောပေါက်ဖို့ လိုမယ်ထင်ပါတယ်။

လက်ရှိ ၂၀၀၆ ခုနှစ် စစ်တမ်းတွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာအမည်ခံ စစ်တကောင်းဘင်္ဂလီ အရေအတွက်ကို (၁,၀၀၀,၀၀၀) ဟုပြထားပါတယ်။
၂၀၀၁ ခုနှစ် (Johnstone and Mandryk 2001) စစ်တမ်းအရ ရခိုင်တိုင်းရင်းသား အရေအတွက်ဟာ (၇၃၀,၀၀၀) ပဲရှိပါတယ်။

မြန်မာပြည်မှာ လက်ရှိ ပြည်နယ်အဆင့် သတ်မှတ်ထားတဲ့ တိုင်းရင်းသားအချို့တောင် လူဦးရေ တစ်သန်းမပြည့်တာ ရှိပါတယ်။
လက်ရှိဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာလည်း မျိုးနွယ်စုဦးရေ တစ်သန်းမရှိကြပါဘူး။

ဒီကိစ္စဟာ ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ရင် ရေရှည်မှာ ဒုက္ခရောက်ပါလိမ့်မယ်။
ရိုဟင်ဂျာရဲ့ အကိုတော်ဖြစ်တဲ့ စစ်တကောင်းဘင်္ဂလီ မျိုးနွယ်စု ၁၃ သန်းဟာ တစ်ဘက်မှာ အဆင်သင့် စောင့်နေကြပါတယ်။


တကယ်တော့ ကိုယ့်မျိုးနွယ်စုတွေကို ကိုယ်တွေမှ မထိန်းသိမ်း မကာကွယ်နိုင်ရင်တော့ ပျောက်ကွယ်ဖို့ပဲ ရှိပါတယ်။ ပျောက်လည်း ပျောက်ကွယ်ခဲ့ပါတယ်။
အပေါ်မှာပါတဲ့ ထမံသီဒေသမှာ နေထိုင်တဲ့ ထမံဘာသာ စကားပြော ထမံတိုင်းရင်းသား မျိုးနွယ်စုရဲ့ နောက်ဆုံးမျိုးဆက်ဟာ ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဒီပြည်ထောင်စုအတွင်းက မျိုးနွယ်စုတစ်ခု ပျက်သုဉ်းသွားခြင်းဟာ ဒီပြည်ထောင်စုသား အားလုံးမှာ တာဝန်ရှိပါတယ်။
လက်ရှိ မြန်မာပြည်မှာ လူဦးရေ တစ်ထောင်အောက် မျိုးနွယ်စုတွေလည်း ရှိပါတယ်။
ဒါကိုလျစ်လျူရှုမထားဘို့ အရေးကြီးပါတယ်။

နောက်တစ်ခုက ကိုယ့်တိုင်းရင်းသားစစ်စစ် ဒုက္ခသည်တွေရဲ့အရေးပါ ကရင်နီလို့ခေါ်တဲ့ ကယားတိုင်းရင်းသား အုပ်စုထဲက အရှေ့ကယား မျိုးနွယ်စုဟာ ၂၀၀၇ ခုနှစ် စစ်တမ်းတွေအရ တစ်ကမ္ဘာလုံးမှာမှ (၂၆,၀၀၀) ပဲ ရှိပါတယ်။

အဲဒီအထဲက သူ့ဇာတိဒေသဖြစ်တဲ့ ကယားပြည်နယ်မှာ နေထိုင်နိုင်တဲ့ ဦးရေဟာ (၈၀၀၀) ပဲ ရှိပါတယ်။
ကျန်တဲ့ (၁၈,၀၀၀) ကတော့ ထိုင်းနိုင်ငံမှာပါ။
အဲဒီအထဲက (၁၅,၀၀၀) ဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။

အခြားတိုင်းရင်းသား မျိုးနွယ်စုတွေလည်း ဒုက္ခသည်စခန်းများမှာ အများအပြား ရှိကြပါသေးတယ်။
ရင်နာဖို့ကောင်းပါတယ်။


ဖြစ်နိုင်ရင်တော့ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း မတိုင်မီ အကြိုစစ်တမ်းအနေနဲ့ တိုင်းရင်းသား မျိုးနွယ်စု စာရင်းကို ကောက်ယူသင့်ပါတယ်။ ဒါကလည်း သန်းခေါင်စာရင်းအတွက် လူတစ်ယောက် ရှစ်ကျပ်ပဲ သုံးမယ်ဆိုတော့ ပြောရတာ အားတော့သိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အစိုးရဆိုသူကော အတိုက်အခံဆိုသူများပါ ကိုယ့်တိုင်းရင်းသား မျိုးနွယ်စုများအရေးကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ၊ ထိုးဖောက်ဝင်ရောက်လာတဲ့ တိုင်းရင်းသားအရေခြုံ ပြည်ပမျိုးနွယ်စု အရေးကိုလည်း ပြတ်ပြတ်သားသား တားဆီးကာကွယ်နိုင်ကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။

No comments:

Post a Comment

လစဉ်လိုက်နှင့် လက်ရှိတင်ထားသောပို့ စ်များဖတ်ရန်

သူတို့ တို့ တွေလာလည်ကြတယ်

free counters

အဖတ်များသောပို့ စ်များ